THE STRAND HOTEL

THE STRAND HOTEL google.com

The Strand Hotel ဟိုတယ်တွင် မင်္ဂလာပွဲများ၊ စေ့စပ်ပွဲများ၊ ကုမ္ပဏီဧည့်ခံပွဲများ၊ ဖက်ရှင်ပွဲများ၊ မွေးနေ့ပွဲများ၊ ညစာစားပွဲများ အစရှိသည့် အခမ်းအနားကိုများစွာကိုလည်း ကျင်းပနိုင်ပြီး ရန်ကုန်မြို့ရဲ့ ကမ်းနားလမ်းမှာတည်ရှိပါတယ်။

ခန်းမထဲသို့ ၀င်လိုက်တာနဲ့ ခမ်းနားလှပတဲ့ ကျွန်းလှေကားကြီးများကတော့ တောက်ပလင်းလက်လျက်ရှိပြီး မီးဆိုင်းများ၊ အမြင့် ၂၅ ပေရှိ မျက်နှာကြက်နှင့် ကျွန်းကြမ်းခင်းတို့ဖြင့် ဆင်ယင်ခင်းကျင်းထားတဲ့ မင်္ဂလာခန်းမကြီးကတော့ဖြင့် မင်္ဂလာမောင်နှံတို့အား ကြိုဆိုလျက်ရှိပါတယ်။

 

အခန်းမအမျိုးအစား () မျိုး ရှိပါတယ်။ Buffet set-up အတွက်ကတော့ အယောက် ၄ဝဝ ဝင်ဆံ့ပါတယ်။ Banquet set-up အတွက်ကတော့ အယောက် ၆၅ဝ ဝင်ဆံ့ပါတယ်။ Reception set-up အတွက်ကတော့ အယောက် ၆ဝဝ ဝင်ဆံ့ပါတယ်။ မင်္ဂလာခန်းမကို အခန်းကျယ်အပြည့်ဆိုလျှင်တော့ $ ၄ဝဝဝ ကျသင့်မှာဖြစ်ပြီး တစ်ဝက်ငှားရမ်းမယ်ဆိုရင်တော့ဖြင့် $ ၂ဝဝဝ ကျသင့်မှာဖြစ်ပါတယ်။ $ ၄ဝဝဝ ခန်းမတွင် ဧည့်သည်အယောက် ၆၅ဝ ဆန့်ပြီး $ ၂ဝဝဝ ခန်းမတွင် ဧည့်သည်အယောက် ၂၅၀ ဆန့်ပါတယ်။

 

ခန်းမအရွယ်အစားမင်္ဂလာပွဲကျင်းပချင်သူများ နှင့် အခြားအခမ်းအနားကျင်းပချင်သူများအတွက် event package များကိုဖော်ပြပေးလိုက်ပါတယ်။

SCARLET PACKAGE ကတော့ မုန့်() မျိုး ၊ ရေခဲမုန့် ၊ လဖ္ဘက်ရည် ၊ ကော်ဖီနှင့် ရေ တို့ပါဝင်ပြီး ၁ ယောက်ကို USD $ 14 ကျပ် ကျသင့်မှာပါ။အနည်းဆုံး အယောက် ၂၅ဝ စာသုံးနိုင်ပါတယ်။

IVORY PACKAGE ကတော့ မုန့် () မျိုး ၊ ရေခဲမုန့် ၊ လဖ္ဘက်ရည် ၊ ကော်ဖီနှင့် ရေ တို့ပါဝင်ပြီး ၁ ယောက်ကို USD $ 16 ကျပ်ကျသင့်မှာပါ။အနည်းဆုံး အယောက် ၂၅ဝ စာသုံးနိုင်ပါတယ်။

VIOLET PACKAGE ကတော့ မုန့် () မျိုး ၊ ရေခဲမုန့် ၊ လဖ္ဘက်ရည် ၊ ကော်ဖီနှင့် ရေ တို့ပါဝင်ပြီး ၁ ယောက်ကို USD $ 17 ကျပ်ကျသင့်မှာပါ။အနည်းဆုံး အယောက် ၂၅ဝ စာသုံးနိုင်ပါတယ်။

 

မိမိတို့စိတ်ကြိုက်အပြင်မှ အစားအသောက်များ ယူဆောင်လာလျှင်လည်း ဟိုတယ်ခန်းမငှားရမ်းခနှင့် ဝန်ဆောင်မှုကိုပဲ ပေးချေရမှာဖြစ်ပါတယ်။

ဟိုတယ်ဝန်ဆောင်မှုများတွင် သတို့သား/သတို့သမီး မိတ်ကပ်အလှပြင်အခန်း နှစ်ခန်းအား အသုံးပြုခွင့်၊ မင်္ဂလာခန်းမ အသုံးပြုခွင့်၊ မြန်မာ/အင်္ဂလိပ်ဘာသာတို့ဖြင့် မင်္ဂလာစင်မြင့် နောက်ခံစာတန်းထိုးပေးခြင်း၊ နောက်ခံတေးသံသာနှင့် အသံစနစ်၊ လျှောက်လမ်းအား မင်္ဂလာကော်ဇောအနီရောင်ခင်းပေးခြင်း၊ မင်္ဂလာစင်မြင့်ပေါ်တွင် ပန်းအလှဆင်ပေးခြင်း၊ စားပွဲခုံတိုင်းတွင် အလှပန်းများထားရှိပေးခြင်း၊ မင်္ဂလာကိတ်မုန့် လက်ဆောင်ပေးခြင်းတို့ ပါဝင်ပါတယ်။

ကားပါကင်အတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

ဆက်သွယ်ရန်- ဝ၁ ၂၄၃၃၇၇ ၊ ၂၄၃၃၇၉

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 10:54
Rate this item
(1 Vote)