မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန် - ၇

မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန် - ၇

မင်္ဂလာပွဲအတွက် ပျော်ရွှင်ပြီးအထောက်အကူပေးနိုင်တဲ့ ဧည့်သည်တစ်ဦးအဖြစ်ရှိနေစေဖို့

မှားလေ့မှားထရှိတဲ့ အမှားတွေကို ရှောင်ကြဉ်သင့်ပါတယ်။

မင်္ဂလာပွဲတွေဆိုတာ အပျော်တွေနဲ့ဖန်တီးထားတဲ့ပွဲမျိုးဆိုတာကို သင်သိထားလို့ သင့်လက်ထဲကို မင်္ဂလာဖိတ်စာရောက်လာတဲ့အခါ ပျော်မိမှာပါ။

မင်္ဂလာပွဲမှာ ခင်းကျင်းဧည့်ခံတဲ့အစားအသောက်ကောင်းတွေ သုံးဆောင်နိုင်မှာဖြစ်သလို၊ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ တွေ့ဆုံရနိုင်တဲ့ အခွင့်အရေးပါပဲ။

ဒါကြောင့် မင်္ဂလာပွဲမှာ မျက်နှာပျက်စရာတွေမဖြစ်စေဖို့ ဧည့်သည်တွေအနေနဲ့ အောက်ဖော်ပြပါ အမှားများကို ရှောင်ကြဉ်ကြဖို့ လိုပါတယ်။

သင့်စားပွဲက လူတွေနဲ့ မိတ်ဆက်ဖို့မမေ့ပါနဲ့။

တူညီတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ရောက်လာကြတာမို့ သင်ထိုင်လိုက်တဲ့ စားပွဲက လူတွေကို သင့်ကိုယ်သင် မိတ်ဆက်ဖို့ မမေ့ပါနဲ့။

အချိန်ကို ကောင်းကောင်းအသုံးချဖို့ မမေ့ပါနဲ့။

မင်္ဂလာအခါသမယက ပျော်စရာအချိန်ဖြစ်ပါတယ်။ ဘဝရဲ့အချိန်အခါတွေထဲက ကြီးမြတ်တဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ မိတ်ဆွေသစ်တွေ ရှာပြီး အချိန်ကို အကျိုးရှိရှိကောင်းကောင်း အသုံးချပြီးဆင်နွဲလိုက်တာ ကောင်းပါတယ်။

အခမ်းအနားပြီးမှ ပိုလျှံတဲ့အစားအသောက်ကို ထုပ်ပိုးဖို့ မမေ့ပါနဲ့။

သင့်မိသားစုဝင်တွေအတွက် အစားအသောက်အပို ထုပ်ပိုးသွားချင်ရင် ပါတီပွဲပြီးတာကို စောင့်ပါ (သို့) မင်္ဂလာမောင်နှံကို ပိုလျှံတဲ့ အစားသောက်တွေရှိရင် သင့်ဆီပို့ပေးလိုက်ဖို့ မှာထားလည်းရပါတယ်။

မင်္ဂလာပွဲချိန်ထက် ပိုနေခြင်းမပြုပါနဲ့။

ဒီဂျေသမားက နှုတ်ဆက်ပါတယ်၊ ကောင်းသောညပါ လို့ နှုတ်ဆက်တယ်ဆိုရင် မင်္ဂလာပါတီပွဲပြီးပြီဆိုတဲ့ သဘောဖြစ်ကြောင်း သိထားပါ။ ပါတီပွဲပြီးရင် အခြားအစီအစဉ် ရှိကောင်းရှိနေနိုင်ပါသေးတယ်။

ဒါပေမယ့် ပွဲကျင်းပတဲ့နေရာမှာ အချိန်အကြာကြီး မနေပါနဲ့။ သတ်မှတ်ထားတဲ့အချိန်ထက် ကျော်လွန်ပြီး နေမိရင် မင်္ဂလာမောင်နှံအနေနဲ့ နေရာငှားရမ်းခကို ပိုပေးရပါလိမ့်မယ်။  ဒါကြောင့် မင်္ဂလာပွဲပြီင်္းပြီလို့ဆိုရင် အိမ်ပြန်ဖို့ပဲ ရှိပါတော့တယ်။

Read times Last modified on Wednesday, 19 September 2018 17:48
Rate this item
(1 Vote)