Q ဝင်နေရတဲ့ အဆောင်မှာပဲ လက်ထပ်လိုက်ကြတဲ့ စုံတွဲ

Q ဝင်နေရတဲ့ အဆောင်မှာပဲ လက်ထပ်လိုက်ကြတဲ့ စုံတွဲ 7 Daily News

မုံရွာမှာ Q ဝင်နေရကြတဲ့ စုံတွဲတစ်တွဲရဲ့ ထူးထူးခြားခြား လက်ထပ်ပွဲလေးပါကိုဖော်ပြပေးလိုက်ပါတယ်။

 

မုံရွာမြို့၊ ထန်းတောရပ်ကွက် အသွားအလာကန့်သတ်ထားသော Quarantine စင်တာတွင် စုံတွဲတစ်တွဲအား (၁၂.၁၂.၂၀၂၀) နံနက်ပိုင်းတွင် မိဘများရှေ့မှောက်၌ မင်္ဂလာလက်မှတ်ရေးထိုးပြီး လက်ထပ်ပေးခြင်းအားက ပြုလုပ်ခဲ့ပါသည်။

 

သတို့သမီးမှာ မကွေးတိုင်း ပေါက်မြို့မှလာသဖြင့် မုံရွာမြို့ ထန်းတောရပ်ကွက် အမှတ် (၆) အထက်တန်းကျောင်းအသွားအလာကန့်သတ်နေရာတွင် ထားရှိခဲ့ခြင်းဖြစ်သည်။

 

သတို့သားမှာ ထန်းတော အောင်လံရပ်မှဖြစ်ပြီး ၎င်းနေအိမ်တွင်သာ နေထိုင်နေသူ ဖြစ်သည်။“မိဘတွေက သဘောတူပြီးသားတွေပါ။ ကောင်လေးရဲ့ အဖေက သူ့ချွေးမကို မကွေးကနေ ခေါ်လာတာ၊အခု ကွာရန်တင်းမှာ ကောင်မလေးရယ်၊ သူ့အမကြီးရယ်၊ ကောင်လေးရဲ့အဖေတို့ရယ်ကို နေခိုင်းထားတယ်၊ကောင်လေးက သူယူမယ့် ကောင်မလေးကို ထိတွေ့မှုမရှိခဲ့လို့ သူ့ကိုတော့ ကွာရန်တင်းမှာ မထားဘူး၊ဒီနေ့ ရက်ကောင်းလို့ လက်မှတ်ထိုးချင်လို့ပါဆို လို့ စီစဉ်ပေးလိုက်တာပါ ” ဟု ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောသည်။

 

လက်မှတ်ထိုးပွဲအား လူချင်းထိတွေ့မှုမရှိရန် အကွာအဝေးသတ်မှတ်၍ အချိန်အနည်းငယ်သာယူကာ ပြုလုပ်စေခဲ့သည်ဟု ဆိုသည်။လက်မှတ်ထိုးပြီး သတို့သားအား နေအိမ်သို့ပြန်စေကာ သတို့သမီးအား Quarantine စင်တာတွင် ဆက်လက်ထားရှိသည်…။ထန်းတောရပ်ကွက် Quarantine စင်တာတွင် စောင့်ကြည့်အဖြစ်ထားသူ ၁၃ ဦး ရှိနေသည်။

 


Source: 7 Daily News

Read times Last modified on Saturday, 12 December 2020 23:44
Rate this item
(0 votes)
Tagged under