ထိုင်မသိမ်းနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးတွေ

ထိုင်မသိမ်းနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးတွေ

ထိုင်မသိမ်းဝတ်နဲ့လိုက်ဖက်မယ့် ဆံပင်ပုံစံလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်နဲ့လိုက်တဲ့ ဆံထုံ ရဖို့ဆိုရင်တော့ စမ်းပြီးထုံးကြည့်တာ အကောင်းဆုံးပါပဲနော်။


သတို့သမီးလေးတို့ တသက်မှာ တစ်ခါသာ ဆောင်တဲ့ မင်္ဂလာပွဲလေးမှာ ထိုင်မသိမ်းလေး ဝတ်ဖြစ်ကြမယ် ထင်ပါတယ်။

 

အနောက်တိုင်းဝတ်စုံက တခြားပွဲတွေမှာလည်း ဝတ်လို့ ရတာကြောင့် သတို့သမီးလေး တော်တော်များများက ထိုင်မသိမ်းကို မဖြစ်မနေ ရွေးချယ်ကြပါတယ်။

 

ထိုင်မသိမ်းလေး ဝတ်တဲ့အခါမှာ လှပနေဖို့ဆိုရင်တော့ မိတ်ကပ်ပြင်ဆင်မှုနဲ့ ဆံထုံးက လိုကို လိုအပ်ပါတယ်နော်။ လိုက်ဖက်ညီစွာ လှနေဖို့ လိုတယ်မလားနော်။

 

သတို့သမီးလေးတို့ ထိုင်မသိမ်းနဲ့ လိုက်ဖက်တဲ့ ဆံထုံးပုံလေးတွေ ကြည့်ကြည့်ပါဦးနော်။


အပြောင်ဆံထုံး

အပြောင်ဆံထုံးကတောာ့ နဖူးကျဉ်းတဲ့ သတို့သမီးလေး တော်တော်များများ ရွေးချယ်လေ့ ရှိကြပါတယ်။

 

နဖူးပေါ်အောင် အပြောင်သိမ်းထားပြီးမှ ဆံထုံး ထုံးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဆံထုံးမှာ ပန်းပန်တာတွေလည်း ရှိသလို တခြား Accessories လေးတွေလည်း သုံးကြပါတယ်။

 

သတို့သမီးလေးတို့ နှစ်ခုလုံး ပန်ဆင်ချင်တယ်ဆိုရင်တော့ ဆံထုံး ထုံးပေးမယ့်သူနဲ့ တိုင်ပင်ပါ။ အများစုကတော့ သစ်ခွပန်းနဲ့ သဇင်ပန်းလေး ပန်ဆင်ကြပါတယ်။

 

စိန်တစ်လုံး ဒါမှမဟုတ် စိန်တန်းလေးတွေ ပန်ဆင်တာမျိုးလည်း ရှိပြန်ပါတယ်။

02


ဒေဝီဆံထုံး

ဒေဝီဆံထုံးကိုတော့ ရှေးခတ် မိဖုရားတွေ ထုံးလေ့ရှိတဲ့ ဆံထုံးတစ်မျိုးပါ။ နန်းဆန်ဆန်လေး ဖြစ်ချင်တဲ့ သတို့သမီးလေး တော်တော်များများကတော့ ဒီလို ထုံးဖွဲ့မှုကို ရွေးချယ်ကြပါတယ်။

 

ထိုင်မသိမ်းနဲ့ လိုက်ဖက်မှု ရှိတဲ့အပြင် မိတ်ကပ်အညိုပြင်ဆင်မှုရော၊ အဖြုပြင်ဆင်မှုနဲ့ပါ လိုက်ဖက်ပါတယ်။

 

နားမှာ ဆံသလေးကွေးထားတာကြောင့် တခြား Accessories တွေ အများကြီး ထပ်ထည့်ပြီး သုံးလေ့ မရှိကြပါဘူး။ ဒေဝီကိုမှ ဘေးခွဲဆံမြိတ်ချပြီး ထုံးမယ်ဆိုရင်လည်း လှပါတယ်နော်။

03


စုလျားရစ်ပတ်ဆံထုံး

ဒီလို ဆံထုံးပုံစံလေးကတော့ ဘယ်တော့မှ မရိုးတဲ့အပြင် ထိုင်မသိမ်းနဲ့ လိုက်ဖက်တဲ့ ဆံထုံးလေးပါ။ သတို့သမီးလေးတို့ လည်တိုင်ရှည်တယ်ဆိုရင်တော့ ဒီလို ဆံထုံးလေးနဲ့ လှပမှာပါ။

 

အကယ်လို့ လည်တိုင်မရှည်ဘူးဆိုရင်လည်း ဆွဲကြိုးကို အောက်ဘက်နည်းနည်းလေးရောက်အောင် ဆွဲပါ။ ဒါဆို လည်ပင်းနား ကပ်မနေဘဲ လည်တံလေး ပေါ်လွင်စေမှာပါ။

 

ဆံသားကောင်းပြီး ဆံပင်ရှည်တဲ့ သတို့သမီးလေးတို့ကတော့ ဒီလိုဆံထုံးကို အတုတပ်စရာမလိုပါဘူး။ ဒီလိုဆံထုံးဆိုရင်တော့ ပန်းသီထားတဲ့ ပန်းရှည်လေးတွေ ပန်နိုင်ပါတယ်နော်။

 

Credit : Marry

Read times Last modified on Thursday, 08 November 2018 16:36
Rate this item
(0 votes)