ချစ်သူကို မပြောသင့်တဲ့ အချက်များ

ချစ်သူကို မပြောသင့်တဲ့ အချက်များ google

တော်ပြီ… ချစ်နဲ့ ကို လမ်းခွဲတာပဲ ကောင်းမယ်

ဘယ်လို အခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူး ဆိုတာ သေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ် ဆိုတဲ့ စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို တကယ် ချစ်တဲ့သူ ဆိုရင်.. သူတော်တော် ခံစားရပါတယ်… ဒီစကားက သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲ လာတတ်တယ်။

 

ချစ်သူကို လူကြားထဲမှာ အော်ပြောခြင်း

သူတို့ ဘယ်လောက် မှားနေမှားနေ မအော်သင့်ပါဘူး… သူတို့ကို သိက္ခာကျ စေပါတယ်… ကိုယ့်ကို စိတ်နာသွားတတ်တယ်… ပြီးတော့ ကိုယ့်ကိုလည်း အဆင့်မရှိတဲ့ ချစ်သူလို့ ထင်သွားတတ်တယ်… တကယ်က ကိုယ်တို့က စိတ်အရမ်း ဆိုးသွားပြီး အော်မိကြတာပါ… ဒါပေမယ့် မကောင်းပါဘူး။

 

ချစ်… ချစ်ရဲ့ အရင် တစ်ယောက်ကို ဘယ်လောက်ထိ ချစ်ခဲ့လဲဟင်

ချစ်သူရဲ့  အရင် ရည်းစားအကြောင်းကို ခဏခဏ မမေးမိပါစေနဲ့… သူစိတ်ရှုပ် လာတတ်တယ်… ငါ့ချစ်သူက ငါ့ကို ဒီလောက်တောင် မယုံဘူးလား… နားမလည်ပေးနိုင်ဘူးလား ဆိုပြီး တွေးလာတတ်တယ်… သိထားသင့်ရုံလောက် မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း လိုက်လိုက်ပြီး မမေးနဲ့ပေါ့နော်… တော်ကြာကိုယ့်ကြောင့် သူ့အရင် ချစ်သူအကြောင်း ပြောပြရပါများပြီး… အရင် ချစ်သူကို ပြန်စိတ်လည်သွားမှ ဒုက္ခတွေ့နေမယ်။

 

အပြစ်တွေကို ခဏခဏ ပြောခြင်း

ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး လာပြောနေရင် ကြိုက်မလား… ဘယ်ကြိုက်မလဲနော်… စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ… ကိုယ်က ပွစိပွစိနဲ့ အရင်ကဟာတွေ ပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပေါ့။

 

ချစ်ကလဲ ဒါလေးတောင် မသိဘူးလား ” (သို့) “ ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့

ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ် ဒီလိုပြောလိုက်ရင် သူ စိတ်ထိခိုက်သွားလိမ့်မယ်… သူ့ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် အထင်သေးတဲ့ စကားမျိုး မပြောမိပါစေနဲ့… ကိုယ်သူ့ကို တကယ် ချစ်တယ် ဆိုရင် သူ့ကို တန်ဖိုးထားပြီး လေးစားသင့် တာပေါ့နော်။

 

ကိုယ့်ချစ်သူကို ဒေါသဖြစ်နေချိန်မှာ ဆဲဆိုခြင်း

ရှေ့မှာ ပြောခဲ့သလိုပဲ တကယ် ချစ်ရင် တန်ဖိုးထားသင့်တာပေါ့… သူက တချိန်ချိန်မှာ ကိုယ့်ရဲ့  ဘဝလက်တွဲဖော် ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့…) ဒီတော့ တယောက်ကို တယောက် လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပေါ့။

 

ချစ်နဲ့ ချစ်သူဖြစ်ပြီးကတည်းက ကို့မှာ သူငယ်ချင်း သိပ်မရှိတော့ဘူး … အဲ့ဒါ ချစ်ကြောင့်…

တကယ်တမ်းက သူနဲ့ ချစ်သူဖြစ်ပြီး သူ့ကို ချစ်တော့ သူ့အတွက်ပဲ အချိန်တွေ ပေးဖြစ်ပြီး ကိုယ်က သူငယ်ချင်းတွေနဲ့ အဆက်အဆံ ကြဲသွားတတ်ပါတယ်… အဲဒါ ကိုယ့်ချစ်သူကြောင့်လို့ အပြစ် မတင်သင့်ဘူး.. ဘာလို့လဲ ဆိုတော့ သူ့ကို ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက အတင်း သူငယ်ချင်း ဖြတ်ခိုင်းတာ ဆိုရင်တော့ တမျိုးပေါ့နော်။

 

ချစ်ရဲ့ ဆွေမျိုးတွေ မိဘတွေ မကောင်းဘူး

တကယ် မကောင်းလို့ ပါးစပ်ကနေ ထုတ်ညည်းချင်တယ် ဆိုရင်တောင် သူ့ရှေ့မှာ မညည်းမိပါစေနဲ့… သူ့ဆွေမျိုး သူ့မိဘကို ကိုယ့်ဆွေမျိုး ကိုယ့်မိဘလိုပဲ သဘောထား လိုက်ပါ။

 

ချစ်က ကို့စိတ်ကို ကို့သူငယ်ချင်းတွေ လောက်တောင် နားမလည်ပါလား

ကိုယ့်ချစ်သူကို ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့လဲ မနှိုင်းနဲ့ ကိုယ့်သူငယ်ချင်းရဲ ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့… ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မနှိုင်းပါနဲ့… ကိုယ့်ချစ်သူကလည်း ကိုယ့်ကို အတတ်နိုင်ဆုံး အလိုလိုက် နေတာပဲ.. ချို့ယွင်းချက် လေးတွေတော့ ရှိမှာပေါ့… (အလိုမလိုက်တဲ့ ချစ်သူ ဆိုရင်တော့ တမျိုးပေါ့နော်…) ကိုယ်က သဘောထားကြီး နိုင်သလောက်ကြီးပေးထားပါ… အတိုင်းအတာ တစ်ခု အထိပေါ့။

 

ချစ်ကလေ ဒါလေးပြောတာနဲ့.. စိတ်ဆိုးချင်ပြီ.. မျက်ရည်ကျချင်ပြီ

တကယ်တော့ ချစ်ရလွန်းလို့ ချစ်သူပြောတဲ့ စကားမှန်သမျှကို ဂရုစိုက် လွန်းတာပါ.. အဲ့ဒါကို.. ကိုယ်က နာကျင်အောင် ပြောမိရင်.. သူ သိပ်ခံစားသွားရမှာပါ.. သူ့ကို သိပ်ချစ်ရင်.. သူဒီလို ခံစားရအောင် မလုပ်သင့်ပါဘူး.. သူကအရာရာ သင့်ဆန္ဒအတိုင်း နေပေးနေကြ ဆိုတာ စဉ်းစားကြည့်လိုက်ပါ။


Credit : ဗဟုသုတ

Read times Last modified on Monday, 05 November 2018 16:07
Rate this item
(2 votes)
Tagged under