Prewedding ရိုက်ကူးရာမှာ အသုံးဝင်မယ့်ဆောင်ရန်ရှောင်ရန်များ...

Prewedding  ရိုက်ကူးရာမှာ အသုံးဝင်မယ့်ဆောင်ရန်ရှောင်ရန်များ... Google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့လေးမှာ Myanmar Wedding Guide ရဲ့ပရိတ်သတ်တွေကို Preweddingရိုက်ကူးရာမှာ အသုံးဝင်မယ့်ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။

 

 

၁.ကြိုတင်စုံစမ်းထားပါ။ကိုယ့်စိတ်ကူးထဲက Prewedding လေးဖြစ်လာဖို့ ရိုက်ကွင်းတည်နေရာ၊အဝတ်အစား၊မိတ်ကပ်စတာတွေကိုသေသေချာချာစုံစမ်းထားဖို့လိုပါတယ်။

 

 

အထူးသဖြင့် ကိုယ်လိုချင်တဲ့ပုံစံကိုကအနီးစပ်ဆုံးပုံဖော်ပေးနိုင်မယ့် Photographer ကို စုံစမ်းထားဖို့မမေ့ပါနဲ့နော်။

 

 

၂.အသေးစိပ်ပြင်ဆင်ပါ။

 

 

ဝတ်စုံတွေကိုအပျက်အစီးမရှိစေရုံသာမက ၊Shootingအချိန်တွေကိုအလကားမကုန်စေဖို့ ပို့စ်ပေးတာကအစကိုယ့်ဖက်သေသေချာချာလေး အသေးစိပ်ပြင်ဆင်ပေးထားဖို့လိုအပ်ပါမယ်။

 

 

၃.Prewedding Shooting အတွက် အဆင်အပြေဆုံးအချိန်ကိုရွေးချယ်ပါ။

 

 

Prewedding ရိုက်ကူးရာမှာ Wedding Day နဲ့ရက်မနီးမဝေးလေးရိုက်ကူးတာကပိုအဆင်ပြေမှာပါ။ရာသီဥတုကိုလည်းထည့်စဉ်းစားဖို့မမေ့ပါနဲ့နော်။

 

 

၄.အချိန်မီသွားဖို့လာဖို့ပြင်ဆင်ပါ။

 

 

Shooting တစ်ခုလုံးကိုယ့်ကြောင့်စောင့်ဆိုင်းရခြင်းမရှိလေအောင် သွားရေး၊လာရေးကိုလည်းမေ့ထားလို့မရပါဘူးနော်။

 

 

၅.ကိုယ့်ရဲ့ပုံစံနဲ့တအားကွဲထွက်တဲ့ပုံစံတွေမပြင်ဆင်ပါနဲ့။

 

 

ကိုယ့်ရဲ့နဂိုပုံစံနဲ့အရမ်းကွဲပြားတဲ့ဆံပင်စတိုင်လ်တွေ၊မိတ်ကပ်ပြင်ဆင်မှုတွေကိုလည်းမလုပ်သင့်ပါဘူးနော်။

 

 

ကျက်သရေရှိရှိနဲ့လှပစေတဲ့ပြင်ဆင်ခြယ်သမှုတွေကသာ ခေတ်ကာလဘယ်လောက်ပဲကြာကြာ ကြည့်ရှုသူတိုင်းကို မျက်စိအေးစေတာကြောင့် အလွန်အကျွံပြင်ဆင်မှုတွေကို ရှောင်ရှားဖို့သတိပေးချင်ပါတယ်။

 

 

၆.ချစ်သူဆီကအကြံဉာဏ်တွေတောင်းဖို့လည်းမမေ့ပါနဲ့။

 

 

ကိုယ့်ဆန္ဒတွေကိုဖြည့်ဆည်းပေးနေတဲ့ချစ်သူရဲ့သဘောထား၊အမြင်တွေကိုလည်းမေးကြည့်ဖို့မမေ့ပါနဲ့။သူ့မှလည်းသူစိတ်ကူးထားတဲ့ပုံစံလေးရှိနေမယ်ဆိုရင် နှစ်ယောက်သားညှိနှိုင်းပြီးဖန်တီးသင့်ပါတယ်နော်။

 

 

ဒါမှလည်း ဘယ်ချိန်ပြန်ကြည့်ကြည့် ကြည်နူးစရာစရာကောင်းတဲ့ Prewedding ဓာတ်ပုံလေးတွေရရှိမှာပါ။

 

 

၇.တချို့အလှအပနဲ့ကျန်းမာရေးဆိုင်ရာနည်းလမ်းတွေကို မေ့ထားလိုက်ပါ။

 

 

ဥပမာ-Shooting ရက်မတိုင်ခင် ညစာမစားဘဲနေတာမျိုးတွေမလုပ်သင့်ပါဘူးနော်။ဘာကြောင့်လဲဆိုတော့ Prewedding Shooting နေ့ဟာလည်း စေ့စပ်ပွဲနေလိုပဲ Energy လိုအပ်တာကြောင့်အစာမစားဘဲတော့မနေကြပါနဲ့။

 

 

Reference: bridestory.com

 

 

Zawgyi ဖြင့်ဖတ်ရန်...

 

 


 


 


 

pree3

 

၂.အသေးစိပ်ပြင်ဆင်ပါ။

 


 


 


 

pree4

 

၎.အချိန်မီသွားဖို့လာဖို့ပြင်ဆင်ပါ။

 


 


 


 


 

pree5

 

၆.ချစ်သူဆီကအကြံဥာဏ်တွေတောင်းဖို့လည်းမမေ့ပါနဲ့။

 


 


 


 


 


 

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 07 February 2020 12:08
Rate this item
(0 votes)
Tagged under