Pre Wedding အတွက်ဓာတ်ပုံရိုက်တဲ့အခါ

Pre Wedding အတွက်ဓာတ်ပုံရိုက်တဲ့အခါ google.com

မင်္ဂလာမောင်နှံလောင်းတို့ရေ မင်္ဂလာပွဲလေးအတွက် Pre Wedding ပုံလေးတွေကို ဘယ်လို Idea လေးနဲ့ အကောင်းဆုံးပုံဖော်လိုက်မလဲလို့

ရွေးချယ်နိုင်ဖို့အတွက် Pre Wedding ပုံလေးတွေကို Indoor ရိုက်မလား၊ Outdoor ရိုက်မလား ဆိုတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။ ပုံလေးတွေရိုက်ကူးတဲ့အချိန် Indoor နဲ့ Outdoor ဆိုပြီး နှစ်မျိုးရွေးချယ်လို့ရတဲ့အထဲက ဘယ်အချက်လေးတွေက ကိုယ်နဲ့ကိုက်ပြီး ပိုပြီးရွေးချယ်လို့ သင့်တော်မလဲ ဆိုတာပြောပြပေးပါ့မယ်။

 

Indoor ရိုက်ကူးမှု

တကယ်လို့ မင်္ဂလာမောင်နှံလောင်းတို့က အချိန်ကုန်မခံနိုင်တာတို့ လူပင်ပန်းမခံနိုင်တို့ဆိုရင် Indoor ရိုက်ကူးမှုကို ရွေးချယ်ပေးပါ။ Indoor ဆိုတာကတော့ Studio ထဲမှာပဲ Setting ပြုလုပ်ပြီး ရိုက်ကူးလိုက်တာမျိုးပါ။ အပြင်ထွက်စရာမလိုတဲ့အတွက် ကုန်ကျစရိတ်ကလည်း တစ်ဝက်ကျော်သက်သာနိုင်ပါတယ်။ အချိန်ကုန်လူပန်း ငွေကုန်သက်သာတဲ့ ရွေးချယ်မှု ဖြစ်ပြီး အားနည်းချက်ကတော့ သဘာဝသိပ်ဆန်တာမျိုးတော့ ရရှိနိုင်မှာမဟုတ်ပါဘူး။

 

Outdoor ရိုက်ကူးမှု

သဘာဝဆန်တဲ့အလှတရားတွေနဲ့ လန်းဆန်းနေတဲ့အလှတရားလေးတွေကြားက မင်္ဂလာမောင်နှံလေးတွေကိုဖြစ်ပေါ်စေချင်တယ်ဆိုရင်တော့ Outdoor ရိုက်ကူးမှုကအကောင်းဆုံးပါ။ အကြံပြုချင်တာကတော့ တစ်သက်မှာ တစ်မင်္ဂလာ ပြုလုပ်တာမို့လို့ တတ်နိုင်သလောက်တော့ အချိန်ယူပြီး Pre Wedding ပုံ ရိုက်ကူးတဲ့အချိန်မှာ Outdoor ရိုက်ကူးပေးဖို့ပါ။ တစ်ဘဝလုံးစာ အမှတ်တရလေးတွေကို Studio ပြင်ပက သဘာဝတရားတွေကြားမှာ ဖန်တီးလိုက်ပြီး ပုံလေးတွေ ပြန်ကြည့်တိုင်း ကြည်နူးခြင်းတွေကို ပြန်လည်ခံစားလိုက်ပါနော်။

မင်္ဂလာမောင်နှံလေးတို့လည်း Pre Wedding ပုံလေးတွေ ရိုက်ကူးတဲ့အချိန်မှာ အကောင်းဆုံး ဖြစ်ချင်မှာသေချာပါတယ်။

 

Credit : Marry

Myanmar Wedding Guide

 

Read times Last modified on Monday, 25 March 2019 10:52
Rate this item
(1 Vote)