၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ တစ်ပတ်စာ ဟောစာတမ်း

၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ တစ်ပတ်စာ ဟောစာတမ်း Google

တနင်္ဂနွေနေ့

 

နိုင်ငံခြားခရီးသွားရမည်။ ငွေအတွက် သောကရောက်မည်။ ရွှေလုပ်ငန်းမှာ အနှောင့်အယှက်ပေါ်မည်။ လုပ်ငန်းမှာ စိတ်ဖိစီးမှု၊ အလုပ်ဖိစီးမှု ဒဏ်ကို ခံရမည်။

လုပ်ငန်းသစ်အတွက် ခြေလှမ်းသစ်လှမ်းရမည်။ အနုပညာနှင့် ပတ်သက်သော ပြိုင်ပွဲများမှာ အားသာချက်များ ရရှိမည်။ တယ်လီဖုန်းအသစ်ဝင်မည်။

ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ စာချုပ်စာတမ်း ပြုလုပ်ရမည်။ နေအိမ်သို့ အုန်းသီးရောက်ပါက ‘၃’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ ရပ်တန့်နေပါသည်။ ကျန်းမာရေးအနေဖြင့် လက်နာမည်။ အချစ်ရေးညံ့သည်။ ချစ်သူက မိမိအပေါ်အထင်လွဲမှားမှု ဖြစ်မည်။ အိမ်ထောင်ရေးမှာလည်း တင်းမာမှု ရှိနေပါသည်။

ကံကောင်းသောဂဏန်းများမှာ ၃၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခဲပုတ်ရောင် ဖြစ်ပါသည်။

 

ယတြာ -  တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ အုန်းထမင်းဆွမ်းကပ်လှူပါ။

 

တနင်္လာနေ့

 

အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ အလုပ်အတွက် အင်တာဗျူးဝင်ရမည်။ ကျဆင်းနေတဲ့ စီးပွားရေး ပြန်ကောင်းလာမည်။

ဆွေမျိုးတစ်ဦး၏ အမှုကိစ္စကို ကူညီရမည်။ ငွေအထူးဝင်မည်။ မွေးမြူရေးလုပ်ငန်းမှာ ဆုံးရှုံးမှုပေါ်မည်။ နိုင်ငံရေးလုပ်ငန်းမှာ ပါတီတွင်း အားပြိုင်မှုများနှင့် ကြုံရလိမ့်မည်။

နေအိမ်သို့ ကြက်တူရွေးတစ်ကောင်ရောက်လာပါက (သို့မဟုတ်) ကြက်တူရွေးကို မြင်ပါက ‘၄’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးနှင့် ပတ်သက်ပြီး သတင်းကောင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် အူရောင်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၃၊ ၄၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကြက်ဥနှစ်ရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္လာနေ့ တနင်္လာထောင့်မှာ ခရေ ၂၄ ညွန့် ကပ်လှူပါ။

 

အင်္ဂါနေ့

 

အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ ဆိုင်ကယ် အရောင်းအဝယ် ဖြစ်မည်။ ဈေးရောင်းဈေးဝယ် ကောင်းမည်။ အိမ်အနီးနားချင်းတစ်ဦး၏ အမှုကိစ္စကို ကူညီရမည်။

လယ်ယာမြေအမှုအခင်းမှာ နိုင်မည်။ တောင်ကုန်း၊ တောင်တန်းဘက်သို့ ခရီးထွက်ရလိမ့်မည်။ အဝတ်အထည်သစ်ဝင်မည်။

ရေလုပ်ငန်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ ကောင်းမွန်မည်။ မိသားစုအတွက် သတင်းကောင်းကြားရမည်။

နေအိမ်သို့ ထမင်းချိုင့်အသစ်တစ်လုံး ရောက်လာပါက ‘၄’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ အောင်မြင်မှုများ ရရှိလိမ့်မည်။ ကျန်းမာရေးအနေဖြင့် လည်ချောင်းနာမည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။

ကံကောင်းသောဂဏန်းများမှာ ၄၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ နက်ပြာရောင် ဖြစ်ပါသည်။

 

ယတြာ - အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ ဆွမ်း ၅ ပွဲ၊ ပေါက်ပေါက်ထည့်ပြီး ဆွမ်းတော်ကပ်ပါ။

 

 ဗုဒ္ဓဟူးနေ့

 

လုပ်ငန်းထဲမှာ ဖြေရှင်းစရာအခက်အခဲပေါ်မည်။ ဆွေမျိုးတစ်ဦး၏ ကျန်းမာရေးကို ကူညီရမည်။ နိုင်ငံခြားမှ အလုပ်ခေါ်စာရောက်မည်။ ရာထူးတိုး စာမေးပွဲ ဖြေရမည်။ အောင်မြင်မည်။

ကွဲကွာနေသော ဆွေမျိုးတစ်ဦး (သို့မဟုတ်) မိတ်ဆွေတစ်ဦးနှင့် ပြန်တွေ့မည်။ မော်တော်ဆိုင်ကယ် အရောင်းအဝယ် ဖြစ်မည်။

အမှုနိုင်သော သတင်းကြားရမည်။ အနုပညာလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ နေအိမ်ထဲမှာ လိပ်ပြာတစ်ကောင်ပျံဝဲနေပါက ‘၂’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ ချစ်သူ၏ ပညာပြမှုကို ခံရမည်။ အိမ်ထောင်ရေးမှာ အခြေအနေမကောင်းပါ။

ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အစိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရွက်လှပန်း ၈ ညွန့် ကပ်လှူပါ။

 

 ကြာသပတေးနေ့

 

သံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ ဆေးရုံ၊ ဆေးခန်းသို့ လူနာမေးသွားရမည်။ မေးခဲ့သော် ကောင်း၏။

အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ လုပ်ငန်းသစ်စတင်လုပ်ခြင်း၊ ဆိုင်သစ်ဖွင့်ခြင်းများ ပြုလုပ်ပါက အောင်မြင်မည်။

ရွှေလုပ်ငန်း၊ ရွှေရောင်းဝယ်ရေး လုပ်ငန်းမှာ အရှုံးပေါ်မည်။ ဈေးရောင်းဈေးဝယ် အနည်းငယ် ညံ့ပါသည်။ နေအိမ်သို့ စဉ့်အိုးတစ်လုံးရောက်ရှိလာပါက ‘၅’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ စိန်ခေါ်မှုကြီးမားမည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ အနှောက်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း တစ်ဦးနှင့်တစ်ဦး အမြင်ကြည်လင်မှု မရှိပါ။

ကံကောင်းသောဂဏန်းများမှာ ၅၊ ၆၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မိုးပြာရောင် ဖြစ်ပါသည်။

 

ယတြာ - ကြာသပတေးနေ့တွင် နေအိမ်ဘုရားစင်မှာ ကိတ်မုန့် ၂ ချပ် ကပ်လှူပါ။

 

သောကြာနေ့

 

ကြံစည်ထားသော အကြံအစည် အောင်မြင်မည်။ စပ်တူရှယ်ယာလုပ်ငန်းမှာ ပြဿနာ အနည်းငယ်ပေါ်မည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ဖိအားများမည်။ အိမ်ဆောက်ရန် ပန္နရိုက်ရလိမ့်မည်။ အနုပညာလုပ်ငန်းမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်။ ရပ်ဝေးမှ ငွေရောက်မည်။ မြွေတွေ့ပါက ‘၁’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲ အောင်သည့်သတင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် အသည်းရောဂါ အနည်းငယ် ဖြစ်မည်။ ချစ်သူ၏လှည့်ဖျားမှုကို ခံရမည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေပါ။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၂၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင် ဖြစ်ပါသည်။

 

ယတြာ -  သောကြာနေ့ သောကြာထောင့်မှာ ဖယောင်းတိုင် ၂၉ တိုင် ထွန်းညှိ ပူဇော်ပါ။

 

စနေနေ့

 

စီးပွားရေးလုပ်ငန်းများမှာ အနှောင့်အယှက်ပေါ်မည်။ မြေအရောင်းအဝယ် ဖြစ်မည်။ အလှူဒါန ပြုလုပ်ရမည်။ နိုင်ငံခြားငွေ ဝင်မည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကောင်းမည်။

ဖက်ရှင်လုပ်ငန်းမော်ဒယ်လ်လုပ်ငန်း၊ အလှပြင်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမည်။ တယ်လီဖုန်းပျောက်မည်။ ဆိုင်ကယ်မှောက်မည်။ သို့မဟုတ် ပျောက်မည်။ နေအိမ်သို့ မျက်မှန်တစ်လက်ရောက်လာပါက ‘၃’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ လစ်ဟင်းမှုများ ရှိနေပါသည်။ ကျန်းမာရေးအနေဖြင့် ဆီးချိုရောဂါ ဖြစ်မည်။ အချစ်ရေးမှာ အနှောက်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။

ကံကောင်းသောဂဏန်းများမှာ ၃၊ ၄၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဒေါင်းမြှီးစိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ - စနေနေ့ စနေထောင့်မှာ မြေဇာ ၉ ညွန့်၊ အုန်း ၉ ညွန့်၊ ရွက်လှ ၉ ညွန့် ကပ်လှူပါ။

 

Source: 1875

Read times Last modified on Monday, 30 November 2020 14:23
Rate this item
(0 votes)