Wednesday, 03 October 2018 13:58

အသည်းကွဲပြီး နောက်ထပ်ချစ်ရမှာ ကြောက်နေတဲ့သူလေးတွေအတွက်

အသည်းကွဲဖူးတဲ့သူလေးတွေက နောက်တစ်ခေါက်ချစ်ရမှာ သိပ်ကိုကြောက်သွားတတ်ကြပါတယ်။ အချစ်ဆိုတာ ကြောက်စရာခံစားချက်လို့ပဲ တရားသေမှတ်ထားလိုက်ပြီး ဘယ်သူ့ကိုမှမချစ်ချင်တော့တဲ့အထိဖြစ်လာပါတယ်။
Wednesday, 03 October 2018 13:23

တရားရုံးမှာ မင်္ဂလာလက်မှတ် ရေးထိုးမယ်ဆိုရင်

တရားရုံးမှာ မင်္ဂလာလက်မှတ်ရေးထိုးတော့မယ်ဆိုရင် သိသင့်သိထိုက်တဲ့ အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။
Wednesday, 03 October 2018 10:16

ကိုယ့်ကိုထားသွားခဲ့တဲ့ EX ကို ကျေးဇူးတင်ရင်း ခွင့်လွှတ်ပေးသင့်တဲ့ အချက် (၅) ချက်

တွေ့ဆုံကြုံကွဲဆိုတာ လူ့သဘာဝပါပဲ။ ကိုယ့်ဘဝထဲကို ဝင်လာတဲ့သူရှိမယ်၊ ထွက်သွားတဲ့သူရှိမယ် ဒါဟာ ထူးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။
Tuesday, 02 October 2018 11:54

မင်္ဂလာပွဲတက်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်များ

ဖိတ်စာမှာ ဖိတ်ကြားမခံရတဲ့ လူပိုခေါ်ခြင်းကို ရှောင်ကြဉ်ပါ   ဖိတ်စာမှာ ကိုယ့်နာမည်ပဲ ရေးထားတယ်ဆိုရင် ကိုယ်တစ်ယောက်ထဲပဲ သွားသင့်ပါတယ်။ မိသားစုလို့ရေးထားမှသာ မိသားစုနှင့်အတူ တက်ရောက်သင့်ပါတယ်။ မင်္ဂလာမောင်နှံရဲ့ Budget နဲ့ လူဦးရေအကန့်အသတ်ကို နားလည်လေးစားမှု ရှိရပါမယ်။     မင်္ဂလာမောင်နှံအတွက် အသုံးတည့်မယ့်လက်ဖွဲ့ကိုသာ ရွေးချယ်ပါ   လက်ဖွဲ့ပစ္စည်းအများစုဟာ အမျိုးအစားတူဖြစ်နေတတ်တာကြောင့် လက်တွေ့မှာအသုံးမတည့်ပဲဖြစ်နေတတ်ပါတယ်။ ငွေသားနဲ့ Gift Card လက်ဖွဲ့တွေကတော့ မင်္ဂလာမောင်နှံအနေနဲ့ စိတ်တိုင်းကျသုံးစွဲနိုင်တာမို့ အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။     အချိန်မှန်ရောက်အောင်သွားပါ။ ခန်းမအတွင်းမှာသာစောင့်ဆိုင်းပါ   သတို့သမီး မိတ်ကပ်ပြင်အခန်းထဲမှာ မလိုအပ်ပဲဝင်ထွက်သွားလာတာ၊ အလှပြင်နေဆဲသတို့သမီးနဲ့ ဓာတ်ပုံတွဲရိုက်တာမျိုးဟာ မသင့်တော်ပါဘူး။ မင်္ဂလာမောင်နှံနဲ့ မိတ်ကပ်အဖွဲ့သားတွေ အေးချမ်းစွာပြင်ဆင်ပါစေ။     သတ်မှတ်ပေးတဲ့နေရာမှာပဲထိုင်ပါ   ခန်းမအနောက်ဘက်ရောက်နေတာမျိုး၊ စင်မြင့်ကို မမြင်ရတာမျိုးဖြစ်သည့်တိုင်အောင် ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့နေရာကနေ ဟိုပြောင်းဒီပြောင်း မပြောင်းသင့်ပါဘူး။ ကိုယ့်အတွက် တစ်စုံတစ်ယောက်က နေရာချပေးတာမျိုး မရှိဘူးဆိုရင်တော့ သင့်တော်တဲ့နေရာမှာထိုင်နိုင်ပါတယ်။     စကားအကျယ်ကြီးပြောတာကိုရှောင်ကြဉ်ပါ   မင်္ဂလာအခမ်းအနား စတင်နေချိန်မှာ စကားအကျယ်ကြီးပြောတာ၊ ဖုန်းသုံးတာ၊ မင်္ဂလာမောင်နှံ လိုက်လံဧည်ခံနေစဉ် ကိုယ့်ဘက်ကနေ စကားအကြာကြီးပြောတာ၊ အတင်းဆွဲပြီး ဓါတ်ပုံရိုက်တာတွေဟာ မင်္ဂလာမောင်နှံကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်တာကြောင့် အထူးသတိပြုသင့်ပါတယ်။     မိသားစုဝင်တွေ ဦးစားပေး ဓါတ်ပုံရိုက်ပါစေ   ပွဲပြီးလို့စင်ပေါ်တက် ဓါတ်ပုံရိုက်ကြတဲ့အခါ မင်္ဂလာမောင်နှံရဲ့ မိသားစုဝင်တွေကို ဦးစားပေးပါ။ တခြားဧည့်သည်တွေကို ဦးစားပေးရင်း မိသားစုနဲ့ ဓါတ်ပုံအတူရိုက်ဖို့ အချိန်မလောက်တော့တဲ့ မင်္ဂလာမောင်နှံတွေ ရှိတတ်ကြလို့ဖြစ်ပါတယ်။     Credit;Myanmar Wedding Guide
Tuesday, 02 October 2018 11:35

အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့နိုင်ကြတဲ့ အကြောင်းရင်း(၁၀)ချက်

လူတိုင်းမှာ ပထမဆုံးအရာတွေ ရှိခဲ့ဖူးပါတယ်။ ကျောင်းကို ပထမဆုံးသွားတဲ့နေ့၊ ကားစမောင်းတဲ့နေ့ ၊ အရက်စသောက်ဖူးတဲ့နေ့ ၊ အနမ်းစပေးဖူးတဲ့နေ့ စသဖြင့်ပေါ့။
Tuesday, 02 October 2018 10:48

ကော်ဖီချစ်သူတစ်ယောက်ကိုဒိတ်လုပ်သင့်တဲ့အကြောင်းအရင်းများ

ကော်ဖီချစ်သူတွေဟာစာအုပ်တစ်အုပ်၊ကော်ဖီတစ်ခွက်ရှိရင်ရောင့်ရဲနေတတ်တဲ့အတွက်ဈေးကြီးကြီးလက်ဆောင်တွေဝယ်စရာမလိုဘဲ ငွေချွေတာနိုင်ပါတယ်။
Tuesday, 02 October 2018 09:43

ချစ်သူနှစ်ဦး ဆက်ဆံရေးနဲ့ ပတ်သတ်လို့ တခြားသူကို လျှို့ဝှက်ထားသင့်တဲ့ အရာ (၅) ခု

လူမှုကွန်ရက် စာမျက်နှာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီးတဲ့နောက်ပိုင်း ကျွန်မတို့ရဲ့ ဘ၀တွေလည်း တဖြည်းဖြည်းနဲ့ ပိုပြီးပွင့်လင်းလာပါတယ်။
Monday, 01 October 2018 16:25

မင်္ဂလာပန်းလေးတွေ နောက်ကွယ်က အချစ်ရဲ့အဓိပ္ပါယ်

နှင်းဆီ   နှင်းဆီပန်းဟာ ချစ်မြတ်နိုးခြင်းနဲ့ အလှတရားကို ဖော်ကျူးပါတယ်။ အနီရောင်နှင်းဆီကတော့ တစ်ကမ္ဘာလုံးက နားလည်လက်ခံထားတဲ့ အချစ်ရဲ့သင်္ကေတတစ်ခုပါ။
Monday, 01 October 2018 16:10

ချစ်သူတွေကြားမှာ ဒီအချက်လေးတွေ လုပ်ကြည့်ကြ ပြီးပြီလား

ကိုယ်တကယ်ချစ်တဲ့သူနဲ့ အချိန်တိုင်း အတူတူ ရှိနေချင်ကြတာကတော့ သဘာဝပါ။ ချစ်သူလေးနဲ့ အတူတူရှိတဲ့ အချိန်တွေမှာ အမှတ်တရ ဖြစ်ဖို့အတွက် ဘာတွေကို ပြုလုပ်တတ်ကြပါသလဲ။
Monday, 01 October 2018 11:12

မြန်မာသတို့သား၊ သတို့သမီး ဝတ်စုံလေးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ စပိန်လူမျိုး ဇနီးမောင်နှံ

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ ဝတ်စားဆင်ယင်မှုတွေ၊ ပြောဆိုနေထိုင်မှုတွေစတဲ့ အရာရာတိုင်းမှာ အရမ်းကိုယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးတစ်မျိုးပါ။