Hailey Baldwin နဲ့ JB တို့ရဲ့ Wedding Date ထွက်ပေါ်လာ

Hailey Baldwin နဲ့ JB တို့ရဲ့ Wedding Date ထွက်ပေါ်လာ google.com

Hailey Baldwin နဲ့ JB တို့စုံတွဲကတော့ ပရိသတ်တွေကို အံ့သြသင့်အောင် လုပ်လိုက်တဲ့ ဆယ်လီစုံတွဲတွေထဲက တစ်တွဲပါ။ နှစ်ယောက်သား အတူတွဲမြင်ရပြီး သိပ်မကြာလိုက်ခင်မှာပဲ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်လာတာပါ။

 

 

သူတို့နှစ်ယောက်ဟာ အရင်ကလည်း ချစ်သူတွေ ဖြစ်ခဲ့ဖူးပြီး တကျော့ပြန် ပြန်ပေါင်းထုပ်တဲ့ အချစ်က အဲ့လောက် မြန်မြန်ကြီး စေ့စပ်ဖြစ်သွားလိမ့်မယ်လို့ ပရိသတ်တွေက လုံးဝကို မျှော်လင့်မထားခဲ့တာပါ။ မြန်မြန်ကြီး စေ့စပ်လိုက်တဲ့ သူတို့ စုံတွဲ ဘယ်တော့ လက်ထပ်ကြမှာလဲဆိုတဲ့ အကြောင်းအရင်းကတော့ အတော်လေးကို လူစိတ်ဝင်စားစရာ ကိစ္စဖြစ်နေပါတယ်။Love Yourself ရဲ့ အဆိုတော် JB ကတော့ ချစ်သူ Hailey Baldwin ရဲ့ဖခင် Stephen Baldwin ကို အရင်ဆုံးခွင့်တောင်းခဲ့ပြီးမှ Propose လုပ်ခဲ့တာလို့ သိရပါတယ်။ မတော်ရသေးတဲ့ ယောက္ခမကြီးဆီက ခွင့်ပြု ချက်ရပြီးမှအမေရိကန်ဒေါ်လာ ()သိန်းတန်ကြေးရှိတဲ့ စိန်လက်စွပ်ကြီးနဲ့ Hailey Baldwin ကို Bahamas မှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။စေ့စပ်လိုက်တဲ့အကြောင်းကို JB ကိုယ်တိုင် Instagram မှာ တရားဝင် အတည်ပြု ပေးခဲ့ပါတယ်။ Caption အမိုက်စားနဲ့ Hailey Baldwin ကို ချုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

 

မိသားစုကို ဦးဆောင်သွားမှာဖြစ်ပြီး၊ Jesus ရဲ့လမ်းညွှန်မှုနဲ့အတူ ဆုံးဖြတ်ချက်တွေချမယ်၊ ဘ၀ခရီးကို ရှေ့ဆက်မယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။ ငါ့နှလုံးသားက မင်းအတွက် အပြည့်အ၀ပါပဲ၊ မင်းကိုပဲ နံပါတ်တစ်နေရာမှာ အမြဲထားပါ့မယ်..မင်းကင့ါဘ၀ ငါ့အချစ် .မင်းကလွဲပြီး တခြားသူနဲ့ ဘ၀ခရီးကို အတူရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူး..ဆိုပြီး စကားလုံးလှလှလေးတွေနဲ့လဲ ချုပ်ခဲ့ပါတယ်။နေရာတိုင်းလိုလိုမှာတွေ့နေရတဲ့ အချစ်ငှက်စုံတွဲဘယ်တော့ လက်ထပ်ကြမလဲဆိုတာကို ပရိသတ်တွေရော၊ မီဒီယာတွေ ကပါ သိချင်နေကြပါတယ်။

 

သူတို့နှစ်ယောက်လက်ထပ်မယ့်ရက်နဲ့ပတ်သက်ပြီး အပြင်မှာသတင်းတွေ ထွက်နေပါတယ်။သတင်းတွေကတော့ အမျိုးမျိုးပါ။ TMZ ကဖော်ပြတဲ့ သတင်းတစ်ခုမှာတော့ လက်ထပ်ဖို့အတွက် အလျင်မလိုဘူးဆိုပေမယ့် JBနဲ့ သူ့ရဲ့ ချစ်သူ Hailey Baldwin တို့ဟာ (၂၀၁၉)ကျရင် လက်ထပ်ဖို့ စီစဉ်နေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။သူတို့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းဆီကနေရလာတဲ့သတင်းလို့သိရပါတယ်။ တကယ်ပဲအဲ့လောက် မြန်မြန်ကြီးလက်ထပ်ကြမှာလားဆိုတာကိုတော့ အားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)