အချစ်​ကံမ​ကောင်းခြင်း အချစ်​ကံ​ခေခြင်း ဆိုတာရဲ့ အ​ကြောင်းတရား

အချစ်​ကံမ​ကောင်းခြင်း အချစ်​ကံ​ခေခြင်း ဆိုတာရဲ့ အ​ကြောင်းတရား google.com

အချစ်ရေး အိမ်ထောင်ရေးမှာ အကျိုးပေးမကောင်းတာဟာအချစ်ရေး အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ မကောင်းကံတွေအတိတ်ကပြုခဲ့ဖူးလို့ပါ။

သူတစ်ပါးရဲ့ ချစ်ခြင်းကိုခွဲတဲ့သူသူတစ်ပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေးအိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ပါဘူး။

 

သမီးရည်းစားချစ် လင်မယားချစ်တွေကို ဖြိုခွဲမှအချစ်ကံမကောင်းတာ မဟုတ်ပါဘူး။မေတ္တာချစ် သံယောဇဉ် ချစ်တဲ့ မည်သူကိုမဆို တကွဲတပြားစီဝေးကွာသွားအောင်လုပ်ရင် ဖြစ်ရာဘဝတိုင်း ကိုယ့်ချစ်တဲ့သူတွေနဲ့ဆုံနိုင်ခွင့် မှေးမှိန်ပျောက်ကွယ်ပြီး လွမ်းဆွတ်ခွင့် တမ်းတခွင့် တွေသာရှင်သန်ကြီးထွားလာနိုင်ပါတယ်။

 

အောက်ထစ်ဆုံး ငှက်ကလေး ငါးကလေးတွေကြောင်ကလေးတွေ ခွေးကလေးတွေကိုသူတို့မိသားစုသူတို့အသိုက်အမြုံကနေ ခွဲခွာနှုတ်ယူပြီး မွေးမြူသိမ်းပိုက်ထားခဲ့ရင်တောင်အဲ့ဒီအကုသိုလ်ကအကျိုးပေတဲ့ဘဝမှာ ကာယကံရှင်ကိုအချစ်ကံခေသူ ဖြစ်အောင်စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။

 

အချစ်ရေး အိမ်ထောင်ရေးကို အရုပ်ဆိုး အကျည်းတန် ကြောက်စရာအကောင်းဆုံးကတော့ကာမေသုမိစ္ဆာစာရကပါပဲ။ ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်ခဲ့တဲ့ကံလို့အဓိပ္ပာယ်ရပါတယ်။ကိုယ့်ရဲ့ကာမပိုင်မဟုတ်သူတွေနဲ့ကာမကိစ္စဖောက်ပြန်ရင် ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။ သူတစ်ပါးသားမယားနဲ့ဖောက်ပြန်ရင်တော့“ပရဒါရကံ” ထိုက်တယ်လို့လည်းခေါ်ပါတယ်။

 

အတိတ်ဘဝတွေက ကာမကိစ္စ ဖောက်ပြန်ခဲ့တဲ့သူဟာ ကာမကိစ္စတစ်စိတ်တစ်ပိုင်းပါဝင်တဲ့အချစ်ရေး အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ကိုယ့်ရဲ့အိမ်ထောင်ဘက်ကကိုယ့်အပေါ်သစ္စာမဲ့တာဟာကိုယ့်ရဲ့အတိတ်က သစ္စာမဲ့ကံကကိုယ့်ကိုအကျိုးပေးတာပါပဲ။

 

ကိုယ့်ရဲ့နှလုံးသားလမ်းကြောင်းမှာ ခံနေတဲ့ကျွန်းဟာ ကိုယ်ကိုယ်တိုင်ဖွဲ့စည်းတည်ဆောက်တည်ခဲ့တဲ့ကျွန်းပါ။ဘယ်သူမပြုမိမိမှုပေါ့နော်။ “နှလုံးသားလမ်းကြောင်းမှာကျွန်းခံနေတယ်”လို့ဟစ်အော်ကြွေးကြော်တာဟာ “အတိတ်ဘဝက အချစ်ရေးအိမ်ထောင်ရေးတွေမှာသစ္စာယွင်းပျက်ခဲ့ပါတယ်။ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့” ထုတ်ဖော်ဝန်ခံနေတာပါပဲ။

 

 

Credit;အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Read times Last modified on Tuesday, 18 September 2018 15:51
Rate this item
(1 Vote)