ချစ်သူတိုင်းဂရုစိုက်သင့်တဲ့ (၁၁) ချက်

ချစ်သူတိုင်းဂရုစိုက်သင့်တဲ့ (၁၁) ချက် google.com

()မဝေးသွားစေပါနှင့်

 

 

အရပ်ဒေသဝေးခြင်းကို မဆိုလိုပါ သူ့အသိထဲမှာ ကိုယ်အမြဲရှိနေအောင် ကြိုးစားရမှာပါ။ message တစ်စောင်ပို့ချိန်က ၂ မိနစ်မပေးရပါဘူး။

 

အချစ်မှာ သွေးနွေးနေဖို့လိုပါတယ်။ ဓားကောင်းတစ်ချောင်းကို ပစ်ထားလိုက်ရင် သံချေးကိုက်ပြီးတုံးသွားတက်သလိုပေါ့။

 

 

()မာနမထားပါနှင့် (ယုံကြည်မူ့လွန်ကဲခြင်း)

 

 

ကိုယ့်ကို သူမချစ်ပဲမနေနိုင်ပါဘူးဆိုပြီးပစ်မထားပါနဲ့ လူဆိုတာ မြင့်မိုရ်လောက် ပေးဆပ်တယ်ဆိုပေမယ့် သဲတစ်ပွင့်စာတော့ အနည်းဆုံးမျှော်လင့်ချက်ရှိကြပါတယ်။

 

နောက်ဆုံး ဘယ်လောက်ချစ်ချစ် ချစ်သူကို ကိုယ်ကဒုက္ခပေးသလိုဖြစ်တယ်အထင်နဲ့ လက်လျော့သွားတက်ကြပါတယ်။ ကျောက်ဆောင်တွေတောင် တိုက်စားပါများရင် ပြိုလဲသွားတတ်ပါတယ်။

 

 

()မကြာခဏ ချစ်တယ်ပြောပေးပါ

 

ချစ်သူတွေ ဖြစ်သွားပြီးပဲ ရှက်စရာစကားစုမဟုတ်တော့ပါဘူး။ ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ အဓိကအချက်ကပါ။ ချစ်သူတွေကြား နေ့စဉ်ချစ်တယ်ဆိုတဲ့ စကားလေးက အလှပဆုံးစကားလုံးပါပဲ၊ သစ်ပင်တစ်ပင်ကို ရှင်ပြီအထင်နဲ့

ရေမလောင်းပဲ ထားလိုက်ရင် သေသွားသလိုမျိုးပေါ့။

 

 

()စကားလုံးလေးများ ဂရုစိုက်ပါ

 

ယောက်ျားလေးကော မိန်းကလေးကော အချစ်စမ်းတဲ့အနေနဲ့ နာမ်စားစကားလုံးရိုင်းကြည့်တတ်ပါတယ်။ တစ်ခါ နှစ်ခါ ဘာမှမဖြစ်ပေမယ့် များလာတဲ့အခါ ငါ့ချစ်သူက ငါ့ကိုနှိမ်ချင်လို့ သက်သက်ပြောတာပဲဆိုပြီး မာနကိုထိပါးသလိုဖြစ်တာကြောင့် လက်တွဲဖြုတ်သွားတတ်ပါတယ်။အိမ်ထောင်ကျသွားသူတွေတောင် ကွာရှင်းပြတ်ဆဲကြသေးတာပဲ ချစ်သူဆိုတာ အချိန်မရွေးပြတ်သွားနိုင်ပါတယ်။

 

တာနောယက္ခတောင် အချစ်နဲ့တွေ့တော့ နူးညံ့သွားတက်ပါတယ်။ ကိုယ်တွေက ဘာလို့မပြောင်းလဲနိုင်ရမှာလဲ၊ စကားပြောကြမ်းတဲ့ ကြက်တူရွေးကို အိမ်ဦးခန်းမှာထားဖို့ ဘယ်သူမှဆုံးဖြတ်မှာမဟုတ်ပါဘူး။

 

 

()သံသယမထားပါနဲ့

 

ချစ်သူခြင်းသံသယရှိနေခြင်းက အဆိုးရွားဆုံးဖြစ်ရပ်ပါပဲ။ တအားချစ်လွန်းလို့ဖြစ်တာပါ။ ဒါကြောင့်ဒီအချက်ကြောင့်ပြတ်သွားတဲ့ချစ်သူတွေကို တအားနှမြောမိပါတယ်။ သံသယကို ပြေလည်အောင်ရှင်းပါ။မာမာထန်ထန်မရှင်းပါနဲ့ အကောင်းဆုံးစကားလုံး အလှပဆုံးနိမိတ်ပုံ နားလည်တက်ကျွမ်းပြီး ကိုယ်တို့ချစ်သူအကြောင်းကို သိနေသူတွေထံအကူအညီယူပါ။ အဲ့လူက ကိုယ်တွေကို တကယ်လက်တွဲစေခြင်တဲ့သူတော့ဖြစ်ဖို့လိုပါတယ်။ပြီးမှ နှစ်ဦးသားပြေလည်သွားတဲ့အခါ ပြဿနာဟာ တကယ့်သေးသေးလေးဖြစ်သွားမှာပါ။ ငယ်ငယ်က စက်ဘီးစီးသင်သလိုပေါ့ ဘယ်လိုကိုင်တွယ်ရမလဲ သိတဲ့အခါ အားလုံးဟာ လွယ်ကူသွားပါလိမ့်မယ်။

 

 

()နားလည်မူထားပါ

 

ချစ်သူကို နားလည်ပေးပါ၊ ဖြည့်တွေးပေးပါ၊ ကိုယ်ဖြစ်စေချင်တာ ပြောပြပါ၊သူဖြစ်စေချင်တာလည်း မေးပါ၊သွေးသားရင်းတွေတောင် အကြိုက်မတူသေးတာပဲ ချစ်သူဆိုတာ အရင်းနှီးဆုံးသူစိမ်းပါပဲ။ ၁၀၀% မဖြစ်နိုင်ရင်တောင် ၉၈% တော့ရမှာပါ။ အရာရာကိုယ့်ဘက်အမြင်တခုတည်းနဲ့ မဆုံးဖြတ်လိုက်ပါနဲ့။ တကယ်တမ်းဆုံးရှုံးလိုက်ရရင် နှစ်ဦးစလုံးခံစားရမှာပါ။ လွတ်လပ်ရေးနေ့ သုံးချောင်းထောက်ပြေးရသလို သူနဲ့ကိုယ်နားလည်မူရှိနေမှ ပန်းတိုင်ရောက်မှာဖြစ်ပါတယ်။

 

 

()ချစ်သူကို ဦးစားပေးပါ

 

သူငယ်ချင်းတွေနဲ့ ပေးတယ့်အချိန်ကိုလျော့ခိုင်းတာမဟုတ်ပါဘူး။ ချစ်သူနဲ့ တွေ့နေကျအချိန်မှာ အပြင်ဘက်ချစ်သူတွေဆို ဖုန်းကိုဆိုင်းလန့်လုပ်ထားတာမျိုးပေါ့။ online ချစ်သူတွေဆို chat ဝင်တဲ့အခါ ရှိနေပါလျက် တခြားသူနဲ့ စကားဆက်ပြောနေတာမျိုးပေါ့။ လူတိုင်းဟာ ကိုယ့်ကိုဦးစားပေးရတာကို နှစ်သက်ပါတယ်။ ချစ်သူရဲ့ ဦးစားပေးမူ့ကို ပိုလိုချင်ပါတယ်။သေးငယ်တဲ့ ပြဿနာဆိုပေမယ့် ဂရုမပြုလို့မဖြစ်ပါဘူး။ ဆူးလေးသေးသေးလေးပါပဲမနူတ်ပဲထားတဲ့အခါကျတော့ ဘဝတစ်ခုလုံးဆုံးရှုံးသွားတတ်ပါတယ်။

 

 

()ချစ်သူခြင်း လေးစားပါ

 

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ရိုသေပါ။ သဝန်တိုတာ လျော့ပါ။ လေးစားမူမရှိရင် ယုံကြည်မူပါပျောက်သွားတက်ပါတယ်။ ယုံကြည်မူပျက်သွားတဲ့အခါ အထင်သေးသွားတတ်ပါတယ်။ အထင်သေးသွားတဲ့အခါ လက်တွဲဖို့ဆုံးဖြတ်ချက်တွေ ယိုင်နဲ့သွားတက်ပါတယ်။ နှစ်ဖက်စလုံး လေးစားမှဖြစ်မှာပါ။ သူ့ကောင်းကွက်ကိုရှာပါ။ သူ့ကို နားလည်အောင်ပြောပြပါ။ ချစ်သူချင်း လေးစားမူက အရမ်းအရေးကြီးပါတယ်။ နှစ်ဘက်ဆွဲထားတဲ့ သရေကြိုးတစ်ကြိုးကို အလည်ကဖြတ်လိုက်သလိုပဲ ထိခိုက်နစ်နာသူက နှစ်ဘက်စလုံးပါ။

 

 

()အချစ်ကို ရှာဖွေပါ

 

ချစ်သူဟာ ကိုယ့်ဆီကဘာလိုချင်သလဲ သိအောင်ရှာဖွေပါ။ ငွေကြေးကို ဆိုလိုခြင်းမဟုတ်ပါဘူး။ စကားလုံးလား? ဂရုစိုက်မူလား? ပြုစုယုယမှုလား? ချစ်သူကပေးတဲ့ စာသားလေးတစ်ကြောင်းလေးဖတ်နေရရင် မာယာကော့စကီး ဆယ်ယောက်ကဗျာလာရွတ်ပြရင်တောင် သူဂရုစိုက်မှာမဟုတ်ပါဘူး။

 

 

(၁၀)မရောင်ရဲပါနဲ့

 

အများစုကယောက်ျားလေးတွေပါ။ ချစ်သူတွေဖြစ်သွားတဲ့အခါ အဖြေမရခင်ကလောက် ချစ်သူကိုမချစ်ပြပဲ ဖြစ်သွားတတ်ပါတယ်။ ချစ်သူဘဝရောက်လည်း အချစ်တွေမရောင်ရဲပါနဲ့။ ချစ်သူကဒီထက်ပိုချစ်လာအောင် ကြိုးစားပါ။

 

များများချစ်လေ များများကြိုးစားရလေပါ။ ဘယ်တော့မှ အချစ်ကိုမရပ်ပစ်လိုက်ပါနဲ့။ ပင်လယ်ရေက ဘယ်လောက်ခပ်ခပ် ကုန်သွားရိုးမရှိသလို ချစ်သူက ချစ်လို့ ငြီးငွေ့သွားတဲ့ချစ်သူဆိုတာ မရှိပါဘူး။

 

 

(၁၁)ဒိုင်ယာရီလေးတစ်အုပ်ထားပါ

 

ချစ်သူ စဖြစ်တဲ့နေ့၊ အနမ်းစပေးတဲ့နေ့၊ ချစ်သူ့မွေးနေ့၊ ချစ်သူနဲ့ ဆုံတဲ့နေ့တိုင်း ဒိုင်ယာရီရေးပါ။သူချစ်တာလည်း ရေးပါ၊ ကိုယ်ချစ်တာလည်း ရေးပါ။ နောင်တချိန်အိမ်ထောင်ကျလို့ ချစ်သူအပေါ်စိတ်ပျက်သလိုများဖြစ်လာတဲ့အခါဒိုင်ယာရီစာအုပ်ထုတ်လို့ ပြန်စမ်းစစ်ပါ။ ချစ်သူဘဝက ပျော်ရွှင်ခဲ့တာတွေ ပြန်ဖတ်ပါ။ ကိုယ်ဘက်က ချစ်သူဘဝကလောက် ဘယ်လောက်လျော့သွားသလဲ ပြန်ကြည့်ပါ။ သူ့ကိုလည်း ပေးဖတ်ပါ။ အတိတ်က ချစ်သူဘဝကို တစ်ခါပြန် ခံစားပါ။ အိမ်ထောင်ကျသွားလည်း ချစ်သူတွေပါ။ ဖေဖေမေမေဖြစ်သွားလည်း ချစ်သူတွေပါ။ ဖိုးဖိုးဖွားဖွားတွေဖြစ်သွားလည်း ချစ်သူတွေပါ။ သေဆုံးသွားသည့်တိုင် ချစ်သူတွေပါ။ အချစ်စစ်ဆိုတာပြောင်းလဲသွားခြင်းမရှိသလို သေဆုံးသွားခြင်းမရှိပါဘူး။ အမြဲတမ်းနုပျိုနေတဲ့ ပျော်ရွှင်မှုပါပဲ။

 

ချစ်သူတိုင်း ပေါင်းဖက်ရပါစေ လမ်းခွဲခြင်းများ ကင်းကြပါစေ....

 

 

Credit;Chan Myae Aung

Read times Last modified on Thursday, 20 September 2018 16:38
Rate this item
(1 Vote)