ချစ်သူနဲ့ အမြဲအဆင်ပြေဖို့ရှေင်ကျဉ်ရမယ့်အရာတချို့

ချစ်သူနဲ့ အမြဲအဆင်ပြေဖို့ရှေင်ကျဉ်ရမယ့်အရာတချို့ google.com

ချစ်သူနဲ့အဆင်မပြေရင် စိတ်ဒုက္ခရောက်ရတာတော့ အမှန်ပါပဲ။ စိတ်လည်းရှုပ်ရသလို၊ စိတ်လည်းညစ်ရပါတယ်။

 

 

ဒါကြောင့် ကိုယ့်ချစ်သူနဲ့ အမြဲအဆင်ပြေနေစေဖို့ ရှောင်ကြဉ်ရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ချစ်သူနဲ့ အမြဲတမ်းအဆင်ပြေချင်ရင်တော့ ဒီအချက်လေးတွေကိုသာ သေချာဂရုစိုက်ပေးပါ။

 

ကိုယ့်အနေနဲ့ ချစ်သူအပေါ်မှာ နားလည်မှုထားပေးဖို့လိုပါတယ်။ နားလည်မှုမရှိရင် အချစ်ရေးက ဘယ်တော့မှအဆင်မပြေပါဘူး။ စတွဲထဲက နားလည်မှုနဲ့တည်ဆောက်ထားရင် အရာရာအဆင်ပြေပါတယ်။ ဒီလိုမဟုတ်ပဲ တစ်ခုခုဆိုရင် လိုက်ချုပ်ချယ်ပြီး နားလည်မှုမပေးပဲ ကိုယ်ဖြစ်ချင်တာပဲကိုယ်လုပ်မယ်၊ ကိုယ့်စိတ်ကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင် အဆင်မပြေပါဘူး။

 

 

ကိစ္စတစ်ခုခုကို သေချာမသိပဲ စွပ်စွဲတာမျိုးမလုပ်ပါနဲ့။ ကိုယ့်အနေနဲ့ ကိစ္စတစ်ခုခုကိုကြားလာရင် သေချာအောင်အရင်စုံစမ်းပါ။ ဟုတ်မဟုတ်သေချာအောင် အရင်စမ်းစစ်ပါ။ သေသေချာချာမသိပဲ သူများပြောတာကိုသွားယုံပြီး စွပ်စွဲတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ သူများကိုစွပ်စွဲတယ်ဆိုတာ မကောင်းပါဘူး။ ဒါကြောင့် ဆင်ခြင်ပေးဖို့ လိုပါတယ်။

 

 

တစ်ဖက်လူမကြိုက်တာတွေကို ခဏခဏမလုပ်ပါနဲ့။ တစ်ခါ၊ နှစ်ခါလောက်လုပ်တာက စိတ်ဆိုးလည်း ပြန်ချော့လို့အဆင်ပြေသွားပေမယ့် ခဏခဏလုပ်နေမယ်ဆိုရင်တော့ ဘယ်သူမှသည်းခံနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်အနေနဲ့လည်း သူမကြိုက်တာတွေကို မလုပ်ပဲဆင်ဆင်ခြင်ခြင်နေရင် သူ့အနေနဲ့လည်း သင်မကြိုက်တာတွေကို လုပ်မှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုထားတတ်ဖို့လည်းလိုပါတယ်။

 

 

ကိုယ့်ချစ်သူအပေးမှာ အလေးထားတတ်ဖို့လည်းလိုပါသေးတယ်။ လူတိုင်းကတော့ ကိုယ့်အပေါ်အလေးထားတာကို လိုချင်ကြပါတယ်။ မိန်းကလေးတွေဆို ပိုဆိုးပါတယ်။ ကိစ္စသေးသေးလေးကအစ သူတို့အပေါ်အလေးထားတာမျိုးကို လိုချင်ကြတာပါ။ တစ်ခုခုဆိုရင် ဂရုစိုက်ပြီးး အရာရာကိုအလေးထားပေးရင် ချစ်သူနဲ့အဆင်ပြေစေမှာပါ။

 

 

ရည်းစားထားပြီဆိုရင် အများကြီးပြင်နေစရာမလိုပါဘူး။ ချစ်သူနဲ့အမြဲအဆင်ပြေအောင် ဒီအချက်လေးတွေကိုသာ လိုက်နာကြည့်ပါ။ နှစ်ယောက်လုံးစိတ်ချမ်းသာရမှာ သေချာပါတယ်။

 

 

 

Credit;we.com.mm

Read times Last modified on Friday, 05 October 2018 14:31
Rate this item
(1 Vote)