တင်ပါးနဲ့ရင်သားမဟုတ်ပဲ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အစိတ်အပိုင်းများ

တင်ပါးနဲ့ရင်သားမဟုတ်ပဲ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အစိတ်အပိုင်းများ google.com

စွဲဆောင်မှုရှိတယ်လို့ ဆိုတဲ့နေရာမှာ လှပတဲ့ကောက်ကြောင်းနဲ့ ခန္ဓာကိုယ်အချိုးအဆစ်တွေကိုပဲ ဆိုလိုတာလို့ပြောရင် မှားလိမ့်မယ်နော်။

 

 

တစ်ချို့ကောင်မလေးတွေ ရှိတယ်။ တစ်ကိုယ်လုံး ခြုံကြည့်လိုက်ရင် သာမန်ပဲလို့ ထင်ရပေမယ့် တစ်ချို့အစိတ်အပိုင်းလေးတွေမှာ ထူးထူးခြားခြားလှပပြီး စွဲဆောင်မှုရှိနေတာ ။ အခု အဲ့လိုအစိတ်အပိုင်းလေးတွေထဲကမှ ၄ ခု ဖော်ပြလိုက်တယ်နော်။ ဘော်ဒါတို့က comment မှာ ထပ်ဖြည့်ပြီး ပြောပြပေးသွားဦး။

 

 

 

Collar bone ညှပ်ရိုး

 

လည်ပင်းရိုး ထင်းထင်းလေးတွေ ပေါ်တတ်တဲ့ ကောင်မလေးတွေဟာ စွဲဆောင်မှုရှိတဲ့ စာရင်းထဲမှာပါတာကို လုံးဝငြင်းလို့မရပါဘူး။ အထူးသဖြင့် ပိန်ပိန်သွယ်သွယ် ပျော့တာ့တော့ အသားအရည်ရှိတတ်သူမျိုးလေးတွေ ဖြစ်ပြီး ထူးခြားတဲ့ဟန်ပန်ကို ပိုင်ဆိုင်တတ်ကြသူတွေလည်း ဖြစ်ပါသေးတယ်။

 

 

သွားစွယ်

 

နှုတ်ခမ်းထောင့်က သွားစွယ်လေး ချွန်ချွန်လေးတွေ ၊ သွားထပ် ဖွေးဖွေးလေးတွေဟာ အပြုံးတိုင်းကို အသက်သွင်းပေးနေတဲ့ မှော်အစွမ်းလေးတွေဆို မမှားပါဘူးနော်။ အဲ့လို သွားပိုင်ရှင်လေးတွေရဲ့ အပြုံးလေးတွေဟာ တစ်ခါဆိုတစ်ခါဆိုသလောက် တမ်းတမ်းစွဲယစ်မူးစေတတတ်တယ် ဆိုတာလည်း ငြင်းလို့မရနိုင်တာ အသေအချာပါပဲ။

 

 

ပါးချိုင့်

 

တစ်ခါပြုံးလိုက်တိုင်း ဘဝကြီးတစ်ခုလုံး ချိုမြသွားလေသလား ထင်ရလောက်တဲ့ အပြုံးချိုချိုပိုင်ရှင်လေးတွေရဲ့ ပင်တိုင်လက်နက်ပါ။ အဲ့လိုပါးချိုင့်လှလှလေးတွေ ပါလာဖို့ဆိုတာ လေ့ကျင့်ယူလို့လည်းမရ၊ ဖန်တီးယူလို့လည်းမရတာမို့ အပြုံးချိုချို ပိုင်ရှင်လေးတွေအတွက် ဘုရားကသီးသန့်ပေးလိုက်တဲ့ ဆုလာဒ်ပဲဖြစ်မယ် ထင်တယ်နော်။

 

 

ခြေချောင်းလက်ချောင်း

 

သွယ်သွယ်လေးတွေ တစ်ချို့ကလေ လူကသာဝဝကစ်ကစ်လေးတွေပေမယ့် ခြေချောင်းလက်ချောင်း လေးတွေကကျ ရှည်ရှည်သွယ်သွယ်လေးတွေနဲ့ သိပ်ချစ်ဖို့ကောင်းတာ ။ အဲ့လို ခြေလက်ပိုင်ရှင်လေးတွေက စိတ်ရှည်သည်းခံတတ်သလို အနုပညာကိုလည်း သက်ဝင်ခံစားလိုစိတ် အပြည့်အဝရှိတတ်တယ်လို့ သိရပါတယ်။

 

 

Credit;loveshorts

Read times Last modified on Wednesday, 10 October 2018 09:29
Rate this item
(1 Vote)