ကိုယ့်အပေါ်မကောင်းတဲ့ချစ်သူနဲ့ လမ်းခွဲလိုက်ရင် ရလာမယ့် ကောင်းကျိုး (၅)မျိုး

ကိုယ့်အပေါ်မကောင်းတဲ့ချစ်သူနဲ့ လမ်းခွဲလိုက်ရင် ရလာမယ့် ကောင်းကျိုး (၅)မျိုး google.com

ဘဝမှာ ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက်ကို ကျောခိုင်းဖို့၊ လက်လွှတ်ဆုံးရှုံးခံလိုက်ဖို့ဆိုတာ တော်တော်ကို မလွယ်ကူတဲ့ကိစ္စပါ။

 

 

အထူးသဖြင့် မိန်းကလေးတွေဟာ ကိုယ့်အပေါ် မကောင်းတဲ့ချစ်သူရည်းစားကို လွယ်လွယ်နဲ့ မဖြတ်ပစ်နိုင်၊ မေ့မပစ်နိုင်ပါဘူး။ တကယ်တော့ ကိုယ့်အပေါ် မကောင်းတဲ့ချစ်သူကို ဖြတ်လိုက်တဲ့အခါ ဒီလိုအကျိုးကျေးဇူး () ချက်ကို ရလာနိုင်ပါတယ်။

 

 

() ထိန်းချုပ်မှုတွေမရှိတော့ဘူး

 

ကိုယ့်ကို အနောက်ကနေ လိုက်ကြည့်ထိန်းချုပ်ပြီး တစ်ချိန်လုံးစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မယ့်သူ၊ ကိုယ့်ရဲ့စိတ်ကို ချုပ်နှောင်လွှမ်းမိုးမယ့်သူ မရှိတော့တာကြောင့် စိတ်လွတ်လပ်ပျော်ရွှင်လာပါလိမ့်မယ်။

 

 

() ပိုသန်မာလာတယ်

 

ကိုယ့်အပေါ် မကောင်းတဲ့သူတစ်ယောက်နဲ့လမ်းခွဲပြီးတဲ့အခါ အရင်ကထက် စိတ်ဓာတ်ပိုသန်မာလာပါလိမ့်မယ်။ ကြောက်စိတ်တွေကနေ ရုန်းထွက်လာနိုင်တာကြောင့် နဂိုကထက် အများကြီးပိုသန်မာလာပါတယ်။

 

 

() ကိုယ့်ကိုယ်ကို ပိုချစ်လာတယ်

 

အရင်က ချစ်သူကိုပဲ ချစ်နေ၊ ဦးစားပေးနေရာက ကိုယ့်ကိုယ်ကို ချစ်ရမှန်း၊ ဦးစားပေးရမှန်း သိလာပါတယ်။ တခြားသူတစ်ယောက်ကို ချစ်နေရလို့ ကိုယ့်ကိုယ်ကို အဆုံးရှုံးခံနေခဲ့မိတာကိုလည်း နောင်တတွေ ရမိပါလိမ့်မယ်။

 

 

() ကိုယ့်အားကိုယ်ပိုကိုးတတ်လာတယ်

 

ဘာပဲလုပ်လုပ် နှစ်ယောက်ဆုံးဖြတ်ချက်နဲ့ လုပ်လာရာက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချတတ်လာတယ်။ တစ်ခုခုဆို ချစ်သူကို အားကိုးနေတတ်တဲ့ အကျင့်ပျောက်သွားပြီး ကိုယ့်အားကိုယ်ကိုးတတ်လာတယ်။ အရာရာကို ကိုယ်တိုင်ဖြေရှင်းတတ်လာပါတယ်။

 

 

() လွတ်လပ်မှုကိုသိလာတယ်

 

ကိုယ်ကိုယ်တိုင် ချစ်လို့ ချည်နှောင်ခံထားတဲ့ဘဝကနေ လွတ်လပ်တဲ့ အနေအထားတစ်ခုကို ရောက်လာတဲ့အခါ လွတ်လပ်မှုရဲ့ အဓိပ္ပါယ်ကို ပိုသိလာပါတယ်။ တစ်ယောက်တည်းနေရင် အထီးကျန်တယ်လို့ ထင်ခဲ့မိတာတွေ မှားသွားမှန်း သိလာပါလိမ့်မယ်။ ကိုယ့်စိတ်ကို ပိုင်တဲ့ဘဝမှာ ကိုယ်လုပ်ချင်တဲ့ ကိုယ်ပိုင်ဆန္ဒတွေကို ကောင်းကောင်းကြီး အကောင်အထည်ဖော်နိုင်ပြီမဟုတ်လား။

 

 

Credit;Aunty May

Read times Last modified on Saturday, 13 October 2018 14:21
Rate this item
(0 votes)