မိန်းကလေးတွေစိတ်ကောက်ရခြင်းအကြောင်း

မိန်းကလေးတွေစိတ်ကောက်ရခြင်းအကြောင်း google

မိန်းကလေးဆိုတာ စိတ်ကောက်ဖို့ မွေးလာသူတွေဖြစ်ပါတယ် အကြောင်းမရှိအကြောင်းရှာပြီး အိမ်က မိဘတွေကို တစ်လှည့် ကိုယ့်ချစ်သူကို တစ်လှည့် စိတ်ကောက်နေကြသူတွေဘဲဖြစ်ပါတယ်။

 

တစ်ဦးတည်းသောသမီးသာဆိုရင်ပိုဆိုးပါတယ်။ အရာရာ သူဖြစ်ချင်တာကလွဲလို့ ဘာကိုမှဂရုမစိုက်ပါဘူး

 

 

လိုချင်တာမရရင် ဖြစ်ချင်တာတွေမဖြစ်ရရင် စိတ်ကောက်ဖို့လောက်ဘဲသိတာမျိုးပါ ။

 

 

တချို့ကောင်လေးတွေက သူတို့ ချစ်သူကောင်မလေးစိတ်ကောက်ရင်ဘာမှမလုပ်တတ်တော့ဘဲ

 

ခြေမကိုင်မိ လက်မကိုင်မိနဲ့ မျောက်မိခဲကိုင် မိသလို ဖြစ်နေတတ်ပါတယ်။

 

 

တကယ်တော့ မိန်းကလေးစိတ်ကောက်တာဟာ အကြောင်းအရင်း (၂)ချက်ဘဲရှိပါတယ်။

 

(၁) အချော့ခံချင်လို့ပါ

 

စိတ်ကောက်တယ်ဆိုတာ တကယ်တော့အချော့ခံချင်လို့ပါ၊ စိတ်ကောက်တယ်ဆိုတာထက် စိတ်ကောက်ဟန်

 

ဆောင်ကြတာများပါတယ်။

 

 

ကိုယ့်ချစ်သူက ကိုယ့်ကို ချော့နေတာမျိုးကိုသဘောကျလို့ပါ။

 

၊အလကားနေ အချော့ခံချင်နေတာဘဲလို့ မတွေးပါနဲ့ ၊ စိတ်ကောက်ရမှာက မိန်းကလေးတွေတာဝန်ဖြစ်ပြီး ချော့ရမှာက ကိုကို တို့ရဲ့တာဝန် ဘဲလေနော်။

 

 

(၂) တကယ်ချစ်မချစ်စမ်းသပ်တာပါ

 

တကယ်ချစ်ရင် စိတ်ကောက်တာလေးလောက်ကို ချော့တတ်ဖို့ တော့လိုပါတယ်။

 

မိန်းကလေးတွေကတစ်ခါတစ်လေ မှာအကြောင်းတခုခု ကိုတမင်ရှာပြီး စိတ်ကောက်တာမျိုးရှိပါတယ်။

 

အကြောင်းမရှိအကြောင်းရှာပြီးစိတ်ကောက် ပြီဆိုရင်တော့ သူတို့ ကိုတကယ်ချစ်လားမချစ်လားဆိုတာ

 

စမ်းသပ်ဖို့ စိတ်ကောက်ခြင်းဘဲဖြစ်ပါတယ်။

 

 

စိတ်ရှည်ရှည်နဲ့ချော့နိုင်ရင်တော့ သင်က အမှတ်ပြည့်ရပြီး

 

စိတ်မရှည်တဲ့ပုံနဲ့ မချော့ဘဲထားရင်တော့ ပြဿနာအကြီးကြီးတက်သွားနိုင်ပါတယ်နော်။

 

Myanmar Wedding Guide 

Read times
Rate this item
(0 votes)
Tagged under