အစားထိုးခြင်းအနုပညာ

အစားထိုးခြင်းအနုပညာ Google

တစ်စုံတစ်ယောက်နဲ့  ချစ်မြတ်နိုးနေတုန်းက မသိသာပေမယ့် အကြောင်းကြောင်းကြောင့်

အဲ့ဒီတစ်စုံတစ်ယောက်နဲ့  လမ်းခွဲရပြီဆို သူ့ အပေါ်ပေးထားတဲ့ ချစ်ခြင်းမေတ္တာတွေ အချိန်တွေကို

တခြား ဘယ်နားထားရမှန်းမသိတော့ဘဲ လမ်းပျောက်ဖူးတဲ့ မိန်းကလေးတွေ အများကြီးရှိကြမယ် ထင်ပါတယ်။

မင်မင်က အဲ့ဒီလို မိန်းကလေးတွေအတွက် အကောင်းဆုံး အစားထိုးနည်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁)မိမိကိုယ်ကိုယ်ပေါ် ရင်းနှီးမြုပ်နှံပါ။

ပြောမယ်ဆို Single ဘ၀က RS ဘ၀ထက် အချိန်ချမ်းသာတယ်ဆိုတာ အမှန်ပါနော်/

 

အဲ့ဒီတော့ သူ့ ကိုပေးမယ်လို့  ရည်ရွယ်ဖူးတဲ့အချိန်တွေကို ကိုယ့်ပညာရေးအတွက်ဖြစ်ဖြစ်

၊ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုအတွက်ဖြစ်ဖြစ် အတွက်အရင်ဆုံး အသုံးချကြည့်လိုက်ပါ

နောက်တစ်နှစ် နှစ်နှစ် နေရင် လုံးဝကို ကျေနပ်ဖို့ကောင်းတဲ့နေရာတစ်ခုရောက်နေမှာသေချာပါတယ်နော်။

(၂)ဝေမျှပါ။

အရင်တုန်းက တစ်ယောက်တည်းအပေါ်ပုံပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို မိသားစု သူငယ်ချင်း မိတ်ဆွေ တွေကို မျှဝေပေးပါ။

သူမရှိရင် မဖြစ်ဘူး ထင်ခဲ့တဲ့ ကိုယ့်ပတ်ဝန်းကျင်လေးက နေချင်စဖွယ်ဖြစ်လာပါလိမ့်မယ်နော်

(၃)အစားထိုးပါ။

အဆွေးသီချင်းတွေနားထောင်မယ့်အစား စာအုပ်တွေဖတ်ပါ။

တိုက်ဆိုင်မှုရှိတိုင်း ငိုနေရတာတွေကို ခဏထားခဲ့လိုက်ရအောင်နော်။

(၄)ကျန်းမာရေးနဲ့ အလှအပကို ဂရုစိုက်ပါ။

နောက်ဆုံးအနေနဲ့  ကျန်းမာရေးနဲ့ အလှအပကို အချိန်လေးပေးပြီး life style လေးကို ချိန်းကြည့်ပါ။

ဒီအချက်တွေကို လုပ်ကြည့်ပြီးတော့ကိုယ့်ရဲ့  ချစ်ခြင်းမေတ္တာနဲ့ အချိန်တွေကို နေရာပြန်ချကြည့်ကြရအောင်ပါနော်။

 

Myanmar Wedding Guide

 

3

Read times Last modified on Wednesday, 11 September 2019 17:00
Rate this item
(0 votes)
Tagged under