ကောင်မလေးတွေဘာလို့ရစ်ကြတာလဲ

ကောင်မလေးတွေဘာလို့ရစ်ကြတာလဲ google

ကိုယ်ချစ်တဲ့ကောင်မလေးက အရမ်းအရစ်သန်၊ အရမ်းဂျီကျတတ်တဲ့ကောင်မလေးမျိုး ဖြစ်နေလား။

 

ကောင်မလေးတွေဘာလို့ရစ်ကြတာလဲ...။ဖတ်ကြည့်လိုက်ရအောင်…။

 

(၁)။ သူတို့ကိုချစ်မှန်းသိလို့

 

တချို့ကောင်မလေးတွေရစ်တယ်ဆိုတာ သူတို့ကို ချစ်မှန်းသိလို့ပါ။ သူတို့ကို ကိုယ်ကချစ်မှန်းသိ၊ အလိုလိုက်မှန်းလည်းသိတော့ ရစ်ကြတာ။

 

နောက်ဆုံးမှာ ကိုယ်ကပဲ စိတ်ညစ်ပြီး သူတို့ကို အလျော့ပေးမယ်မှန်း သိနေကြတာကိုး။

 

တစ်ခါတလေလောက် အလျော့မပေးပဲ ဟောက်ကြည့်ဖို့ စဉ်းတောင်မစဉ်းစားလိုက်ပါနဲ့။

 

အဲဒီလို ဟောက်လိုက်လို့ သူတို့ရစ်တာက လျော့သွားမှာမဟုတ်ပဲ ပိုတောင် တိုးလို့ ရစ်ကြမှာ သေချာနေတာကြောင့်ပါ။

 

(၂)။ အကျင့်ပါနေလို့

 

တချို့ကတော့ငယ်ငယ်လေးကတည်းကအိမ်မှာဂျီကျတာ၊ဆိုးတာအကျင့်ပါနေခဲ့လို့

 

ကိုယ်နဲ့ကြိုက်တဲ့အချိန်အထိအဲဒီအကျင့်ကိုဖျောက်မရတာမျိုး ဖြစ်နေတာပါ။

 

အိမ်မှာအလိုလိုက်ခံထားရတော့တစ်ခုခုဆိုကလေးဆန်မယ်၊ရစ်မယ်၊ဂျီကျမယ်ဆိုတာက အကျင့်ကြီးတစ်ခုလိုဖြစ်နေပြီး

 

သူတို့ချစ်တဲ့သူအပေါ်အနိုင်ယူချင်တယ်ဆိုတဲ့စိတ်လေးရှိနေတာကြောင့်ပါ။

 

အဲဒီလို အကျင့်ပါနေတဲ့သူမျိုးဆိုရင်အသက်ကြီးတဲ့အထိဆိုးချင်၊ဂျီကျချင်ကြတာဖြစ်လို့

 

အိမ်ထောင်ဖက်အဖြစ်ရွေးမယ်ဆိုတဲ့အခါ အဲဒါကိုကြိုတင်စဉ်းစားဖို့တော့လိုပါလိမ့်မယ်။

 

(၃)။ စိတ်တိုင်းမကျလို့

 

တချို့ကျတော့လည်း ကိုယ်လုပ်သမျှတွေကို စိတ်တိုင်းမကျတာကြောင့် ရစ်တတ်ကြပါတယ်။

 

သူတို့လိုချင်တဲ့ ပုံစံမရမချင်း မကျေနပ်နိုင်ကြပဲ စိတ်တိုင်းမကျဖြစ်နေတတ်ကြတယ်။

 

ကိုယ်က ဘယ်လောက်ပဲလုပ်ပေးလုပ်ပေး၊ ဘာကိုပဲ လုပ်ပေးလုပ်ပေး

 

သူတို့စိတ်ထဲမှာ ဘဝင်မကျနိုင်ပဲဖြစ်ရာကနေ အရမ်းရစ်တဲ့ပုံစံဖြစ်ကုန်ကြတာပါ။

 

ကောင်လေးတွေအတွက်တော့ ဒီလို ပုံစံမျိုးက စိတ်ညစ်ဖို့အကောင်းဆုံးပဲဖြစ်ပြီး သူတို့ ဘာလုပ်လုပ် မကျေနပ်ဘူး၊

 

လိုက်ရစ်နေတယ် လို့ ခံစားရရင် အဲဒီဆက်ဆံရေးကို ရပ်ပစ်လိုက်ဖို့ ကြိုးစားတတ်ကြပါတယ်။

 

 

 

 

 

ကိုယ္ခ်စ္တဲ့ေကာင္မေလးက အရမ္းအရစ္သန္၊ အရမ္းဂ်ီက်တတ္တဲ့ေကာင္မေလးမ်ိဳး ျဖစ္ေနလား။

 

ေကာင္မေလးေတြဘာလုိ႔ရစ္ၾကတာလဲ...။ဖတ္ၾကည့္လုိက္ရေအာင္…။

flu

 

(၁)။ သူတုိ႔ကုိခ်စ္မွန္းသိလုိ႔

တခ်ိဳ႕ေကာင္မေလးေတြရစ္တယ္ဆုိတာ သူတုိ႔ကုိ ခ်စ္မွန္းသိလုိ႔ပါ။ သူတုိ႔ကုိ ကုိယ္ကခ်စ္မွန္းသိ၊ အလုိလုိက္္မွန္းလည္းသိေတာ့ ရစ္ၾကတာ။

 

 ေနာက္ဆုံးမွာ ကုိယ္ကပဲ စိတ္ညစ္ၿပီး သူတုိ႔ကုိ အေလ်ာ့ေပးမယ္မွန္း သိေနၾကတာကုိး။

 

တစ္ခါတေလေလာက္ အေလ်ာ့မေပးပဲ ေဟာက္ၾကည့္ဖုိ႔ စဥ္းေတာင္မစဥ္းစားလုိက္ပါနဲ႔။

 

အဲဒီလုိ ေဟာက္လုိက္လုိ႔ သူတုိ႔ရစ္တာက ေလ်ာ့သြားမွာမဟုတ္ပဲ ပုိေတာင္ တုိးလုိ႔ ရစ္ၾကမွာ ေသခ်ာေနတာေၾကာင့္ပါ။

 

flu1

 

(၂)။ အက်င့္ပါေနလုိ႔

တခ်ိဳ႕ကေတာ့ငယ္ငယ္ေလးကတည္းကအိမ္မွာဂ်ီက်တာ၊ဆုိးတာအက်င့္ပါေနခဲ့လုိ႔

ကုိယ္နဲ႔ႀကိဳက္တဲ့အခ်ိန္အထိအဲဒီအက်င့္ကုိေဖ်ာက္မရတာမ်ိဳး ျဖစ္ေနတာပါ။

အိမ္မွာအလုိလုိက္ခံထားရေတာ့တစ္ခုခုဆုိကေလးဆန္မယ္၊ရစ္မယ္၊ဂ်ီက်မယ္ဆုိတာက အက်င့္ႀကီးတစ္ခုလုိျဖစ္ေနၿပီး

သူတုိ႔ခ်စ္တဲ့သူအေပၚအႏုိင္ယူခ်င္တယ္ဆုိတဲ့စိတ္ေလးရွိေနတာေၾကာင့္ပါ။

အဲဒီလုိ အက်င့္ပါေနတဲ့သူမ်ိဳးဆုိရင္အသက္ႀကီးတဲ့အထိဆိုးခ်င္၊ဂ်ီက်ခ်င္ၾကတာျဖစ္လုိ႔

အိမ္ေထာင္ဖက္အျဖစ္ေရြးမယ္ဆုိတဲ့အခါ အဲဒါကုိႀကိဳတင္စဥ္းစားဖုိ႔ေတာ့လုိပါလိမ့္မယ္။

flu3

 

(၃)။ စိတ္တုိင္းမက်လုိ႔

တခ်ိဳ႕က်ေတာ့လည္း ကုိယ္လုပ္သမွ်ေတြကုိ စိတ္တုိင္းမက်တာေၾကာင့္ ရစ္တတ္ၾကပါတယ္။

သူတုိ႔လုိခ်င္တဲ့ ပုံစံမရမခ်င္း မေက်နပ္ႏုိင္ၾကပဲ စိတ္တုိင္းမက်ျဖစ္ေနတတ္ၾကတယ္။

ကုိယ္က ဘယ္ေလာက္ပဲလုပ္ေပးလုပ္ေပး၊ ဘာကုိပဲ လုပ္ေပးလုပ္ေပး

သူတုိ႔စိတ္ထဲမွာ ဘ၀င္မက်ႏုိင္ပဲျဖစ္ရာကေန အရမ္းရစ္တဲ့ပုံစံျဖစ္ကုန္ၾကတာပါ။

ေကာင္ေလးေတြအတြက္ေတာ့ ဒီလုိ ပုံစံမ်ိဳးက စိတ္ညစ္ဖုိ႔အေကာင္းဆုံးပဲျဖစ္ၿပီး သူတုိ႔ ဘာလုပ္လုပ္ မေက်နပ္ဘူး၊

လုိက္ရစ္ေနတယ္ လုိ႔ ခံစားရရင္ အဲဒီဆက္ဆံေရးကုိ ရပ္ပစ္လုိက္ဖုိ႔ ႀကိဳးစားတတ္ၾကပါတယ္။

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 03 March 2020 17:18
Rate this item
(0 votes)
Tagged under