မိန်းကလေးတစ်ယောက်အတွက် ယောကျာ်းကောင်းဆိုတာ

မိန်းကလေးတစ်ယောက်အတွက် ယောကျာ်းကောင်းဆိုတာ google.com

လောကကြီးမှာ ​ယောကျာ်းကောင်း​ဆိုတာ​ ရှားပါတယ်​။ ဒါပေမဲ့ ကိုယ်စိတ်နှလုံးမတည်​ငြိမ်​ပဲ​ ခြေများတဲ့ ​ယောကျာ်း၊မိန်းမတ​စ်ယောက်​နဲ့ ​ပြိုင်​ပြီး မာနထားတဲ့​ယောကျာ်း ၊ နှမချင်းကိုယ်ချင်းမစာပဲ မိန်းကလေး​တွေကို အ​ပျော်​သ​ဘောနဲ့

ရည်းစားထား ခြူစားတတ်တဲ့ ​ယောကျာ်း။အပျော်အပါး ၊ အ​သောက်​အစားနဲ့ ​လောင်းကစားတွေကို ​ဘ၀ပျက်​​အောင်​ခုံမင်​​ပျော်​ပါးတတ်​တဲ့ ​ယောကျာ်းစသဖြင့်အများကြီးရှိကြ​ပါတယ်။ကောင်းမြတ်​တဲ့စိတ်​ဓာတ်နဲ့ ​ယောကျာ်း​ကောင်းစိတ်​​မွေးထားတဲ့ ​ယောကျာ်း​ကောင်း​၊ေ​ယာကျာ်းမြတ်​​တွေလည်း ရှိပါတယ်​။ သို့သော်လည်းလောကမှာအကောင်းတွေထက်အဆိုးတွေက ပိုများပါတယ်။

ယောကျာ်းကောင်းတစ်ယောက်ဆိုတာ ကိုယ်​ကချစ်​လို့ရွေးချယ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်​သူလိုတ​စ်မျိုး ၊ မောင်နှမ​လိုတစ်မျိုး ၊ မိဘလိုတစ်​မျိုး မေတ္တာ၊ကရုဏာ အပြည့်နဲ့တာဝန်​ယူစောင့်ရှောက်တတ်ကြသူတွေ​ ၊ အားနွဲ့တဲ့မိန်းမသားတစ်​ယောက်အ​ပေါ် ဘယ်​​တော့မှအနိုင်​မယူတဲ့သူတွေ ၊ မိန်းမတစ်ယောက်ကို ကိုယ်တာဝန်​မယူနိုင်ပဲ ဘယ်တော့မှမယုတ်မာတတ်သူတွေ ၊မိန်းမတစ်​ယောက်​နဲ့မာနပြိုင်ပြီးရန်​မဖြစ်တတ်ကြသူတွေ ကိုဆိုနိုင်ပါတယ်။ မိန်းမဆိုတာ ယောကျာ်းတွေနဲ့ နိုင်းယှဉ်လာရင် သဘာဝကိုက အရူံးပေးပြီးသားဆိုတာသိ​နေလို့​ပါ။

ယောကျာ်း​ကောင်းဆိုတာ ​ခေါင်း​ဆောင်​လိုစိတ်ရှိတယ်။အရာရာကိုဦး​ဆောင်​နိုင်​ကြတယ်​။ပဲ့ပြင်​ဆုံးမပေးတတ် ​ကြတယ်။သည်းခံစိတ်​ အပြည့်ရှိတယ်။အရာရာကို စဉ်းစားချင့်ချိန်ပြီး ဝဖန်​​​​ပေးနိုင်ကြ​တယ်​။တွေ့ကြုံလာတဲ့​ လောကဓံကို ကြံ့ကြံ့ခံပြီး ဘ၀တ​စ်ခု၊အိမ်​​ထောင်​တစ်ခုကို ခိုင်​မြဲ​အောင်​ကြိုးစားပြီးတည်​​ဆောက်​နိုင်​ကြတယ်​။ ကိုယ့်ချစ်​သူ လက်ကိုခိုင်မြဲစွာတွဲပြီး အေးအတူပူအမျှဘ၀​ကို တစ်သက်လုံးသစ္စာရှိရှိဖြတ်သန်းနိုင်ကြတယ်။အဲ့လို မေတ္တာတရားတွေ သစ္စာတရားတွေနဲ့ တစ်ကယ်နေထိုင်နိုင်မှသာ ယောကျာ်းကောင်းလို့ ခေါ်ထိုက်တာပါ။

ယောကျာ်းဖြစ်သူရဲ့ ဦးဆောင်မှုဟာ အိမ်ထောင်ရေးတစ်ခုမှာ အလွန်အရေးကြီးပါတယ်။ဒါကြောင့် ချစ်တယ်ဆိုတာတစ်ခုတည်းနဲ့ မိမိဘဝကိုပုံမအပ်လိုက်ပါနဲ့။မိမိချစ်သူရဲ့ ကိုယ်စိတ်နှလုံးကို သေသေချာချာသိရှိမှသာ အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်ကြပါ။အဆိုးထဲက အကောင်းတွေပဲ ရွေးချယ်ရယူနိုင်ကြပါစေ။

 

 

Myanmar Wedding Guide

Read times Last modified on Wednesday, 19 September 2018 10:23
Rate this item
(2 votes)