သင့်ကို သင့်ချစ်သူပိုချစ်လာအောင် ဆွဲဆောင်နိုင်တဲ့ အပြုအမူလေးတွေက ဘာတွေလဲ?

သင့်ကို သင့်ချစ်သူပိုချစ်လာအောင် ဆွဲဆောင်နိုင်တဲ့ အပြုအမူလေးတွေက ဘာတွေလဲ? google

သမီးရည်းစားဆက်ဆံရေးမှာ ဒီအတိုင်းထိုင်ချစ်နေရုံနဲ့ မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်ထားဖို့၊ တစ်ယောက်အပေါ် တစ်ယောက်က လွှမ်းမိုးမှုရှိနေဖို့ လိုပါတယ်။

အဲဒါမှ ရေရှည်မြဲတဲ့ ဆက်ဆံရေးဖြစ်မှာပါ။ ကိုယ့်ချစ်သူကိုဆွဲဆောင်မှုဖို့ ဘာမှကြီးကြီးကျယ်ကျယ်တွေ၊ အပိုစားသားတွေ လုပ်ပြနေစရာမလိုပါဘူး။

ဘာမှ မဟုတ်ဘူးလို့ထင်ရတဲ့ ခပ်ရိုးရိုးရှင်းရှင်း အပြုအမူ၊ အပြောအဆိုလေးတွေကပဲ ဆွဲဆောင်မှုတွေ ဖြစ်နေတတ်ပါ တယ်။

၁။ သူ့လက်ကို ဆုပ်ကိုင်ဖို့ မမေ့ပါနဲ့

လူကြားသူကြားထဲမှာ နှစ်ယောက်အတူသွားလာတဲ့အခါ သူ့လက်ကိုဆုပ်ကိုင်ထားခြင်းက သူ့အပေါ် သင့်ရဲ့ ချစ်ခြင်းနဲ့ နွေးထွေးမှုကို ခံစားရစေပါတယ်။

ချစ်စခင်စဆိုရင် အဲဒီလိုအတူလက်တွဲထားခြင်းက သင်တို့ရဲ့ ချစ်ခရီးကို ပိုအဆင်ပြေစေနိုင်ပါတယ်။

ဒါ့ပြင် အဲဒီလိုရိုးရှင်းတဲ့အပြုအမူလေးတစ်ခုက သင်တို့ရဲ့အချစ်ရေးမှာ လုံခြုံစိတ်ချရမှုကိုလည်း ခံစားရရှိစေပါတယ်။

၂။ သင်သွားလေ့ရှိတဲ့နေရာဆီ သူ့ကိုခေါ်သွားပါ

သင်သွားလေ့ရှိတဲ့ သင့်အတွက်ပျော်စရာနေရာ တစ်ခုမဟုတ်တစ်ခုတော့ ရှိမှာပါ။

အဲဒီလိုနေရာမျိုးကို သွားတဲ့ အခါ သူ့ကိုပါ ခေါ်သွားပြီး ပျော်ရွှင်မှုတွေကို နှစ်ယောက်အတူ မျှဝေခံစားပါ။ သင်တို့ကို ပိုမိုရင်းနှီးမှုရရှိစေပြီး အချစ်တွေလည်း ပိုတိုးလာစေနိုင်ပါတယ်။

၃။ သင်ကိုယ်တိုင် သူ့အတွက်လုပ်ထားတဲ့ လက်ဆောင်မျိုးပေးပါ

လက်ဆောင်တစ်ခုခုကို ဝယ်ပြီးပေးတာထက် သူ့အတွက်ရည်ရွယ်တဲ့ ကဗျာလေးတစ်ပုဒ်ကို သင့်လက်ရေးနဲ့ ရေးပေးတာမျိုး

ဒါမှမဟုတ် သူ့အတွက် ပုံဆွဲပေးတာမျိုးလို သင်ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ဆောင်မျိုးပေးပါ။

ဒါမှမဟုတ် သင်လုပ်တတ်တဲ့ handmade တစ်ခုခုကိုလည်း သူ့အတွက်လက်ဆောင်ပေးနိုင်ပါတယ်။ ရိုးရှင်း ပေမဲ့ သူ့အပေါ် အလေးအနက်ထားတာကို ပိုမိုပေါ်လွင်စေတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။

၄။ သူ့အပေါ်ယုံကြည်မှု ပြသပါ

သမီးရည်းစားနှစ်ယောက်ကြားမှာ သစ္စာတရားထက် ပိုတန်ဖိုးကြီးတဲ့ လက်ဆောင်မရှိပါဘူး။

ဒါပေမဲ့ သူ့အပေါ် သံသယပွားမနေဘဲ သင်ယုံကြည်မှုရှိကြောင်းကို ပြသဖို့ လိုပါတယ်။ အဲဒီအခါ သူ့ဘက်ကလည်း သင့်ကို ယုံကြည်မှု ပြန်ပေးပါလိမ့်မယ်။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိနေခြင်းက သမီးရည်းစားဆက်ဆံရေး မှာ အရေးကြီးပါတယ်။

၅။ သူ့ကို အထူးလက်ဆောင်ပေးပါ

သူ့ရဲ့မွေးနေ့၊ သင်တို့ရဲ့အထိမ်းအမှတ်နေ့တွေနဲ့ တခြားအထူးနေ့မျိုးတွေမှာ သူ့အတွက် သီးခြားရည်ရွယ်ထား တဲ့ လက်ဆောင်ပေးပါ။ တန်ဖိုးကြီးဖို့ မလိုပါဘူး။ သင့်ရင်ထဲက စေတနာစစ်မှန်ဖို့ပဲ လိုပါတယ်။ ပစ္စည်းမှ မဟုတ်ပါဘူး၊ သူ့ဆန္ဒတစ်ခုခုကို ဖြည့်ဆည်းပေးတာမျိုးဆိုရင်လည်း ရပါ

တယ်။

၆။ သူ့ကို ငေးစိုက်ကြည့်ပါ

သူ့ဆံပင်သပ်တာပဲဖြစ်ဖြစ်၊ အင်္ကျီဆွဲချတာဖြစ်ဖြစ်၊ သူ့ရဲ့အသေးစိတ်လှုပ်ရှားမှုလေးတွေကို မကြာခဏ ငေးစိုက် ကြည့်ပါ။

အဲဒီလိုငေးကြည့်တာကြောင့် သူမနေတတ်မထိုင်တတ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ချစ်သူက ကိုယ့်ကိုငေးနေတဲ့ အပြုအမူကို သဘောမကျတဲ့သူ မရှိသလောက်ပါပဲ။

အဲဒီအပြုအမူလေးက သင်တို့ နှစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှာစေပြီး နှလုံးသားချင်း ရင်းနှီးနွေးထွေးမှုကိုလည်း ရရှိစေပါတယ်။

၇။ ချစ်တယ်လို့ မကြာခဏပြောပေးပါ

ကိုယ့်ချစ်သူကို ချစ်တယ်လို့ ပြောရမှာ မရှက်ပါနဲ့။ ချစ်တာသိနေတယ်ဆိုပြီး မပြောဘဲမနေသင့်ပါဘူး။ အဲဒီ ချစ်တယ်ဆိုတဲ့ စကားလေးဟာ အင်မတန်ခွန်အားကြီးပါတယ်။

ခဏတိုင်းမဟုတ်ပေမဲ့ မကြာခဏတော့ ပြောပေးပါ။ သူ့ကိုသင်ချစ်တယ်ဆိုတာကို မကြာခဏသတိပေးသင့်ပါတယ်။

အဲဒီစကားလေးတစ်ခွန်းက သင်တို့ရဲ့ချစ်ခြင်းတွေကို ပိုမိုခိုင်မာစေပြီး ကြည်နူးစရာအခိုက်အတန့်လေးတွေ ဖြစ်နိုင်ပါတယ်။

၈။ အတူတူ လမ်းဝေးဝေးလျှောက်ပါ

တစ်နေရာရာမှာထိုင်ပြီး မုန့်စားလိုက်၊ စကားပြောလိုက်နဲ့ပဲ အချိန်ကုန်နေမယ့်အစား တစ်ခါတရံမှာ ခပ်ဝေးဝေး တစ်နေရာကို အတူတူလမ်းလျှောက်ကြည့်ပါ။

အတူတူလက်တွဲပြီး လမ်းဝေးဝေးလျှောက်ခြင်းဟာ သင်တို့ကို စိတ်ဖိစီးမှုလျှော့ကျစေပြီး စိတ်ကို လန်းဆန်းစေပါတယ်။ သင်တို့ကိုလည်း ပိုမိုရင်းနှီးနွေးထွေးမှု ရစေပါတယ်။

၉။ အတူတူရယ်မောပါ

ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေသလို စိတ်ခံစားချက်ကိုလည်း ကောင်းစေတာကြောင့် နှစ်ယောက် အတူ ရယ်မောခြင်းဟာ အချစ်တွေကို ပိုတိုးစေတယ်ဆိုတာ မယုံမရှိပါနဲ့။

သင်ကိုယ်တိုင် ရယ်စရာပြောတာပဲ ဖြစ်ဖြစ်၊ ရယ်စရာဇာတ်လမ်းတွေ အတူကြည့်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်

ဆိုရှယ်မီဒီယာက ရယ်စရာအကြောင်း အရာတွေကို အတူမျှဝေတာပဲဖြစ်ဖြစ်၊ သူ့နဲအတူ ရယ်မောဖြစ်အောင် ကြိုးစားပါ။

၁၀။ သူရှိနေတာ သင့်အတွက်ကံကောင်းမှုဖြစ်ကြောင်း မကြာခဏသတိပေးပါ

သူ့ကို အမြဲချစ်မယ့်အကြောင်း၊ သူ့ကိုပိုင်ဆိုင်ရခြင်းက သင့်အတွက်ကံကောင်းမှုတစ်ခုဖြစ်ကြောင်း သူသိအောင် ပြောပေးပါ။

သင့်ဘေးမှာ သူရှိနေတဲ့အတွက် သင်ဘယ်လောက်ပျော်ရွှင်ကြောင်းကိုလည်း မကြာခဏပြောပြဖို့ မမေ့ပါနဲ့။

၁၁။ သင့်လျှို့ဝှက်ချက်တချို့ကို ပြောပြပါ

သမီးရည်းစားဆက်ဆံရေးမှာ ပွင့်လင်းမှုရှိဖို့ အရေးကြီးပါတယ်။ ဖြစ်နိုင်ရင် သင့်လျှို့ဝှက်ချက်တွေ သူ့ကို ပြောပြဖို့ မမေ့ပါနဲ့။

သင့်ဘက်ကပြောရင် သူ့ဘက်ကလည်း ပြောပါလိမ့်မယ်။ နှစ်ယောက်အတူ လျှို့ဝှက်ချက် တွေ ဝေမျှခြင်းက သင်တို့ကို ပိုမိုရင်းနှီးနွေးထွေးစေပါတယ်။

ဒါ့ပြင် သူဟာ သင့်အတွက် သူများတွေနဲ့မတူဘဲ ထူးခြားတဲ့သူတစ်ယောက်ဆိုတာကိုလည်း ပေါ်လွင်စေပါတယ်။

၁၂။ သူ့အတိတ်ကို မေ့ထားလိုက်ပါ

လူတိုင်းမှာ အတိတ်က ကောင်းတာတွေရော မကောင်းတာတွေရော ဖြစ်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိမှာ အတိတ်က ကိစ္စတွေက အကျူံးမဝင်တော့ပါဘူး။

သင်တို့တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့ပဲ လိုပါတယ်။ သူ့ရဲ့အရင်ကိစ္စတွေကို ပြန်ပြန်မတူးဖော်ပါနဲ့။ အတိတ်ကိုမေ့ပြီး သင်တို့နှစ်ယောက်ရဲ့ အနာဂတ်ကိုပဲ ရှေ့ရှုထား ပါ။

၁၃။ သင့်မိဘတွေကို သူ့အကြောင်းပြောပြထားပါ

သင့်မိဘတွေကို သူ့အကြောင်းပြောပြပြီး သင်တို့မိသားစုရဲ့ ပျော်စရာအချိန်တွေမှာ သူလည်း အတူရှိနေအောင် ကြိုးစားပါ။

သင်တို့ကြားမှာ ပိုမိုရင်းနှီးမှုရစေသလို သင်တို့အချစ်ရေးဟာလည်း ပိုမိုခိုင်မာနေပြီဆိုတဲ့ ခံစားချက် ကို ရရှိစေမှာ ဖြစ်ပါတယ်။

၁၄။ သူ့ကို ဟင်းချက်ကျွေးပါ

အိမ်မှာ အတူတူချက်ပြုတ်စားခြင်းဟာ သင်တို့အတွက် ပျော်စရာအချိန်လေး ရရှိစေသလို သင်တို့ကိုလည်း ပိုမို ရင်းနှီးမှုရစေပါတယ်။

သူကြိုက်တဲ့ဟင်းတွေကို ချက်ပြုတ်ပေးပြီး သူ့ကိုဂရုစိုက်ကြောင်း ပြသပါ။

၁၅။ မကြာခဏ ဖုန်းဆက်ပါ

သင်အလုပ်ရှုပ်နေချိန်မှာတော့ သူ့ကို ခဏတဖြုတ်ဖုန်းဆက်ဖို့ အချိန်လေးသုံးလေးငါးမိနစ်စာလောက် ပေးပါ။

သင်ထမင်းစားချိန် အပြင်ထွက်ရချိန်တွေနဲ့ ညနေအလုပ်ပြန်ချိန်တွေမှာ သူ့ဆီကို ခဏလေးဖြစ်ဖြစ် ဖုန်းဆက်ဖို့ မမေ့ပါနဲ့။

အဲဒီလိုမကြာခဏဖုန်းဆက်ခြင်းက သင်တို့အတူရှိမနေပေမဲ့ တစ်ယောက်ဘာလုပ်နေတယ်ဆိုတာကိုတစ်ယောက်က သိနေနိုင်တာကြောင့်

အတူရှိနေသလို ခံစားချက်မျိုး ရရှိစေပါတယ်။ သင်တို့ကြားက ယုံကြည်မှု ကိုလည်း ပိုတိုးစေပါတယ်။

Zawgyi ျဖင့္ဖတ္ရန္....

သမီးရည္းစားဆက္ဆံေရးမွာ ဒီအတိုင္းထိုင္ခ်စ္ေန႐ုံနဲ႔ မရပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ ဆြဲေဆာင္ထားဖို႔၊ တစ္ေယာက္အေပၚ တစ္ေယာက္က လႊမ္းမိုးမႈရွိေနဖို႔ လိုပါတယ္။

အဲဒါမွ ေရရွည္ျမဲတဲ့ ဆက္ဆံေရးျဖစ္မွာပါ။ ကိုယ့္ခ်စ္သူကိုဆြဲေဆာင္မႈဖို႔ ဘာမွႀကီးႀကီးက်ယ္က်ယ္ေတြ၊ အပိုစားသားေတြ လုပ္ျပေနစရာမလိုပါဘူး။

ဘာမွ မဟုတ္ဘူးလို႔ထင္ရတဲ့ ခပ္ရိုးရိုးရွင္းရွင္း အျပဳအမူ၊ အေျပာအဆိုေလးေတြကပဲ ဆြဲေဆာင္မႈေတြ ျဖစ္ေနတတ္ပါ တယ္။

၁။ သူ႔လက္ကို ဆုပ္ကိုင္ဖို႔ မေမ့ပါနဲ႔

လူၾကားသူၾကားထဲမွာ ႏွစ္ေယာက္အတူသြားလာတဲ့အခါ သူ႔လက္ကိုဆုပ္ကိုင္ထားျခင္းက သူ႔အေပၚ သင့္ရဲ့ ခ်စ္ျခင္းနဲ႔ ေႏြးေထြးမႈကို ခံစားရေစပါတယ္။

ခ်စ္စခင္စဆိုရင္ အဲဒီလိုအတူလက္တြဲထားျခင္းက သင္တို႔ရဲ့ ခ်စ္ခရီးကို ပိုအဆင္ေျပေစနိုင္ပါတယ္။

ဒါ့ျပင္ အဲဒီလိုရိုးရွင္းတဲ့အျပဳအမူေလးတစ္ခုက သင္တို႔ရဲ့အခ်စ္ေရးမွာ လုံျခဳံစိတ္ခ်ရမႈကိုလည္း ခံစားရရွိေစပါတယ္။

၂။ သင္သြားေလ့ရွိတဲ့ေနရာဆီ သူ႔ကိုေခၚသြားပါ

သင္သြားေလ့ရွိတဲ့ သင့္အတြက္ေပ်ာ္စရာေနရာ တစ္ခုမဟုတ္တစ္ခုေတာ့ ရွိမွာပါ။

အဲဒီလိုေနရာမ်ိဳးကို သြားတဲ့ အခါ သူ႔ကိုပါ ေခၚသြားၿပီး ေပ်ာ္ရႊင္မႈေတြကို ႏွစ္ေယာက္အတူ မၽွေဝခံစားပါ။ သင္တို႔ကို ပိုမိုရင္းႏွီးမႈရရွိေစၿပီး အခ်စ္ေတြလည္း ပိုတိုးလာေစနိုင္ပါတယ္။

၃။ သင္ကိုယ္တိုင္ သူ႔အတြက္လုပ္ထားတဲ့ လက္ေဆာင္မ်ိဳးေပးပါ

လက္ေဆာင္တစ္ခုခုကို ဝယ္ၿပီးေပးတာထက္ သူ႔အတြက္ရည္ရြယ္တဲ့ ကဗ်ာေလးတစ္ပုဒ္ကို သင့္လက္ေရးနဲ႔ ေရးေပးတာမ်ိဳး

ဒါမွမဟုတ္ သူ႔အတြက္ ပုံဆြဲေပးတာမ်ိဳးလို သင္ကိုယ္တိုင္ဖန္တီးထားတဲ့ လက္ေဆာင္မ်ိဳးေပးပါ။

ဒါမွမဟုတ္ သင္လုပ္တတ္တဲ့ handmade တစ္ခုခုကိုလည္း သူ႔အတြက္လက္ေဆာင္ေပးနိုင္ပါတယ္။ ရိုးရွင္း ေပမဲ့ သူ႔အေပၚ အေလးအနက္ထားတာကို ပိုမိုေပၚလြင္ေစတဲ့ အျပဳအမူတစ္ခု ျဖစ္ပါတယ္။

၄။ သူ႔အေပၚယုံၾကည္မႈ ျပသပါ

သမီးရည္းစားႏွစ္ေယာက္ၾကားမွာ သစၥာတရားထက္ ပိုတန္ဖိုးႀကီးတဲ့ လက္ေဆာင္မရွိပါဘူး။

ဒါေပမဲ့ သူ႔အေပၚ သံသယပြားမေနဘဲ သင္ယုံၾကည္မႈရွိေၾကာင္းကို ျပသဖို႔ လိုပါတယ္။ အဲဒီအခါ သူ႔ဘက္ကလည္း သင့္ကို ယုံၾကည္မႈ ျပန္ေပးပါလိမ့္မယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ ယုံၾကည္မႈရွိေနျခင္းက သမီးရည္းစားဆက္ဆံေရး မွာ အေရးႀကီးပါတယ္။

၅။ သူ႔ကို အထူးလက္ေဆာင္ေပးပါ

သူ႔ရဲ့ေမြးေန႔၊ သင္တို႔ရဲ့အထိမ္းအမွတ္ေန႔ေတြနဲ႔ တျခားအထူးေန႔မ်ိဳးေတြမွာ သူ႔အတြက္ သီးျခားရည္ရြယ္ထား တဲ့ လက္ေဆာင္ေပးပါ။ တန္ဖိုးႀကီးဖို႔ မလိုပါဘူး။ သင့္ရင္ထဲက ေစတနာစစ္မွန္ဖို႔ပဲ လိုပါတယ္။ ပစၥည္းမွ မဟုတ္ပါဘူး၊ သူ႔ဆႏၵတစ္ခုခုကို ျဖည့္ဆည္းေပးတာမ်ိဳးဆိုရင္လည္း ရပါတယ္။

၆။ သူ႔ကို ေငးစိုက္ၾကည့္ပါ

သူ႔ဆံပင္သပ္တာပဲျဖစ္ျဖစ္၊ အကၤ်ီဆြဲခ်တာျဖစ္ျဖစ္၊ သူ႔ရဲ့အေသးစိတ္လႈပ္ရွားမႈေလးေတြကို မၾကာခဏ ေငးစိုက္ ၾကည့္ပါ။

အဲဒီလိုေငးၾကည့္တာေၾကာင့္ သူမေနတတ္မထိုင္တတ္ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဒါေပမဲ့ အဲဒီလို ခ်စ္သူက ကိုယ့္ကိုေငးေနတဲ့ အျပဳအမူကို သေဘာမက်တဲ့သူ မရွိသေလာက္ပါပဲ။

အဲဒီအျပဳအမူေလးက သင္တို႔ ႏွစ္ေယာက္ကို ရင္ခုန္စိတ္လႈပ္ရွာေစၿပီး ႏွလုံးသားခ်င္း ရင္းႏွီးေႏြးေထြးမႈကိုလည္း ရရွိေစပါတယ္။

၇။ ခ်စ္တယ္လို႔ မၾကာခဏေျပာေပးပါ

ကိုယ့္ခ်စ္သူကို ခ်စ္တယ္လို႔ ေျပာရမွာ မရွက္ပါနဲ႔။ ခ်စ္တာသိေနတယ္ဆိုၿပီး မေျပာဘဲမေနသင့္ပါဘူး။ အဲဒီ ခ်စ္တယ္ဆိုတဲ့ စကားေလးဟာ အင္မတန္ခြန္အားႀကီးပါတယ္။

ခဏတိုင္းမဟုတ္ေပမဲ့ မၾကာခဏေတာ့ ေျပာေပးပါ။ သူ႔ကိုသင္ခ်စ္တယ္ဆိုတာကို မၾကာခဏသတိေပးသင့္ပါတယ္။

အဲဒီစကားေလးတစ္ခြန္းက သင္တို႔ရဲ့ခ်စ္ျခင္းေတြကို ပိုမိုခိုင္မာေစၿပီး ၾကည္ႏူးစရာအခိုက္အတန႔္ေလးေတြ ျဖစ္နိုင္ပါတယ္။

၈။ အတူတူ လမ္းေဝးေဝးေလၽွာက္ပါ

တစ္ေနရာရာမွာထိုင္ၿပီး မုန႔္စားလိုက္၊ စကားေျပာလိုက္နဲ႔ပဲ အခ်ိန္ကုန္ေနမယ့္အစား တစ္ခါတရံမွာ ခပ္ေဝးေဝး တစ္ေနရာကို အတူတူလမ္းေလၽွာက္ၾကည့္ပါ။

အတူတူလက္တြဲၿပီး လမ္းေဝးေဝးေလၽွာက္ျခင္းဟာ သင္တို႔ကို စိတ္ဖိစီးမႈေလၽွာ့က်ေစၿပီး စိတ္ကို လန္းဆန္းေစပါတယ္။ သင္တို႔ကိုလည္း ပိုမိုရင္းႏွီးေႏြးေထြးမႈ ရေစပါတယ္။

၉။ အတူတူရယ္ေမာပါ

ရယ္ေမာျခင္းဟာ စိတ္ဖိစီးမႈကို သက္သာေစသလို စိတ္ခံစားခ်က္ကိုလည္း ေကာင္းေစတာေၾကာင့္ ႏွစ္ေယာက္ အတူ ရယ္ေမာျခင္းဟာ အခ်စ္ေတြကို ပိုတိုးေစတယ္ဆိုတာ မယုံမရွိပါနဲ႔။

သင္ကိုယ္တိုင္ ရယ္စရာေျပာတာပဲ ျဖစ္ျဖစ္၊ ရယ္စရာဇာတ္လမ္းေတြ အတူၾကည့္တာပဲျဖစ္ျဖစ္ ဒါမွမဟုတ္

ဆိုရွယ္မီဒီယာက ရယ္စရာအေၾကာင္း အရာေတြကို အတူမၽွေဝတာပဲျဖစ္ျဖစ္၊ သူ႔နဲအတူ ရယ္ေမာျဖစ္ေအာင္ ႀကိဳးစားပါ။

၁၀။ သူရွိေနတာ သင့္အတြက္ကံေကာင္းမႈျဖစ္ေၾကာင္း မၾကာခဏသတိေပးပါ

သူ႔ကို အျမဲခ်စ္မယ့္အေၾကာင္း၊ သူ႔ကိုပိုင္ဆိုင္ရျခင္းက သင့္အတြက္ကံေကာင္းမႈတစ္ခုျဖစ္ေၾကာင္း သူသိေအာင္ ေျပာေပးပါ။

သင့္ေဘးမွာ သူရွိေနတဲ့အတြက္ သင္ဘယ္ေလာက္ေပ်ာ္ရႊင္ေၾကာင္းကိုလည္း မၾကာခဏေျပာျပဖို႔ မေမ့ပါနဲ႔။

၁၁။ သင့္လၽွို႔ဝွက္ခ်က္တခ်ိဳ႕ကို ေျပာျပပါ

သမီးရည္းစားဆက္ဆံေရးမွာ ပြင့္လင္းမႈရွိဖို႔ အေရးႀကီးပါတယ္။ ျဖစ္နိုင္ရင္ သင့္လၽွို႔ဝွက္ခ်က္ေတြ သူ႔ကို ေျပာျပဖို႔ မေမ့ပါနဲ႔။

သင့္ဘက္ကေျပာရင္ သူ႔ဘက္ကလည္း ေျပာပါလိမ့္မယ္။ ႏွစ္ေယာက္အတူ လၽွို႔ဝွက္ခ်က္ ေတြ ေဝမၽွျခင္းက သင္တို႔ကို ပိုမိုရင္းႏွီးေႏြးေထြးေစပါတယ္။

ဒါ့ျပင္ သူဟာ သင့္အတြက္ သူမ်ားေတြနဲ႔မတူဘဲ ထူးျခားတဲ့သူတစ္ေယာက္ဆိုတာကိုလည္း ေပၚလြင္ေစပါတယ္။

၁၂။ သူ႔အတိတ္ကို ေမ့ထားလိုက္ပါ

လူတိုင္းမွာ အတိတ္က ေကာင္းတာေတြေရာ မေကာင္းတာေတြေရာ ျဖစ္ခဲ့နိုင္ပါတယ္။ ဒါေပမဲ့ အခုလက္ရွိမွာ အတိတ္က ကိစၥေတြက အက်ဴံးမဝင္ေတာ့ပါဘူး။

သင္တို႔တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနဖို႔ပဲ လိုပါတယ္။ သူ႔ရဲ့အရင္ကိစၥေတြကို ျပန္ျပန္မတူးေဖာ္ပါနဲ႔။ အတိတ္ကိုေမ့ၿပီး သင္တို႔ႏွစ္ေယာက္ရဲ့ အနာဂတ္ကိုပဲ ေရွ႕ရႈထား ပါ။

၁၃။ သင့္မိဘေတြကို သူ႔အေၾကာင္းေျပာျပထားပါ

သင့္မိဘေတြကို သူ႔အေၾကာင္းေျပာျပၿပီး သင္တို႔မိသားစုရဲ့ ေပ်ာ္စရာအခ်ိန္ေတြမွာ သူလည္း အတူရွိေနေအာင္ ႀကိဳးစားပါ။

သင္တို႔ၾကားမွာ ပိုမိုရင္းႏွီးမႈရေစသလို သင္တို႔အခ်စ္ေရးဟာလည္း ပိုမိုခိုင္မာေနၿပီဆိုတဲ့ ခံစားခ်က္ ကို ရရွိေစမွာ ျဖစ္ပါတယ္။

၁၄။ သူ႔ကို ဟင္းခ်က္ေကၽြးပါ

အိမ္မွာ အတူတူခ်က္ျပဳတ္စားျခင္းဟာ သင္တို႔အတြက္ ေပ်ာ္စရာအခ်ိန္ေလး ရရွိေစသလို သင္တို႔ကိုလည္း ပိုမို ရင္းႏွီးမႈရေစပါတယ္။

သူႀကိဳက္တဲ့ဟင္းေတြကို ခ်က္ျပဳတ္ေပးၿပီး သူ႔ကိုဂ႐ုစိုက္ေၾကာင္း ျပသပါ။

၁၅။ မၾကာခဏ ဖုန္းဆက္ပါ

သင္အလုပ္ရႈပ္ေနခ်ိန္မွာေတာ့ သူ႔ကို ခဏတျဖဳတ္ဖုန္းဆက္ဖို႔ အခ်ိန္ေလးသုံးေလးငါးမိနစ္စာေလာက္ ေပးပါ။

သင္ထမင္းစားခ်ိန္ အျပင္ထြက္ရခ်ိန္ေတြနဲ႔ ညေနအလုပ္ျပန္ခ်ိန္ေတြမွာ သူ႔ဆီကို ခဏေလးျဖစ္ျဖစ္ ဖုန္းဆက္ဖို႔ မေမ့ပါနဲ႔။

အဲဒီလိုမၾကာခဏဖုန္းဆက္ျခင္းက သင္တို႔အတူရွိမေနေပမဲ့ တစ္ေယာက္ဘာလုပ္ေနတယ္ဆိုတာကိုတစ္ေယာက္က သိေနနိုင္တာေၾကာင့္

အတူရွိေနသလို ခံစားခ်က္မ်ိဳး ရရွိေစပါတယ္။ သင္တို႔ၾကားက ယုံၾကည္မႈ ကိုလည္း ပိုတိုးေစပါတယ္။

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 25 February 2020 16:05
Rate this item
(1 Vote)
Tagged under