သွေးအမျိုးအစားတွေအလိုက် အချစ်အပေါ် သဘောထားများ

သွေးအမျိုးအစားတွေအလိုက် အချစ်အပေါ် သဘောထားများ google

သွေးအမျိုးအစားတွေကလည်း လူတစ်ယောက်ကို အများကြီးသက်ရောက်မှု ရှိပါတယ်။

 

သွေးအမျိုးအစားအလိုက် စိတ်နေစိတ်ထား၊ ခံယူချက်၊ ခံစားချက်တွေ ကွဲပြားနေပြီး လူတစ်ယောက်ရဲ့ အကြောင်းကို သွေးအမျိုးအစားကနေတစ်ဆင့်လည်း ခန့်မှန်းလို့ရပါတယ်။

 

ခုဖော်ပြပေးမှာကတော့ သွေးအမျိုးအစားအလိုက် အချစ်အပေါ် သဘောထားနဲ့ ခံယူချက်တွေပဲဖြစ်ပါတယ်။ သင်ရော ဘယ်သွေးအမျိုးအစားလဲ၊ မှန်ရဲ့လား ကြည့်လိုက်ပါဦး။

 

(၁) O သွေး

 

အိုသွေးပိုင်ရှင်လေးတွေဟာ ကျန်တဲ့နေရာမှာတော့ သိပ်ပြီး ပြောစရာမရှိလောက်အောင် ပြည့်စုံကြပေမယ့် အချစ်ရေးမှာတော့ သိမ်ငယ်စိတ်လေးတွေ ရှိနေတတ်တဲ့သူတွေပါ။

 

ဒီသိမ်ငယ်စိတ်လေးတွေဟာ မသိစိတ်ထဲကနေ ဖြစ်နေတာကြောင့် တစ်ခါတလေ သူတို့ကိုယ်သူတို့တောင် သိမ်ငယ်နေမှန်းမသိကြပါဘူး။ အချစ်ကြီးသလောက် မာနလည်း ကြီးတဲ့သူတွေပါ။

 

ဘယ်လောက်ချစ်ချစ် ကိုယ့်ကို ထားခဲ့ချင်နေတဲ့သူတစ်ယောက်ကို အောက်ကျခံပြီး ဆွဲထားမယ့်သူမျိုးတွေ မဟုတ်ပါဘူး။ ကွယ်ရာမှာသာ ကြိတ်ငိုရင်ငိုမယ်၊ လူရှေ့မှာတော့ အမြဲတမ်းခေါင်းမော့နေမယ့် သူမျိုးတွေဖြစ်ပါတယ်။

 

(၂) B သွေး

 

B သွေးပိုင်ရှင်လေးတွေဟာ စိတ်နှလုံးအင်မတန် နူးညံ့သိမ်မွေ့သူတွေဖြစ်ပါတယ်။ သည်းခံရင် အဆုံးစွန်ထိ သည်းခံပြီး သည်းမခံနိုင်တော့ရင် ဘာဖြစ်ဖြစ် လှည့်မကြည့်တတ်တဲ့သူတွေဖြစ်ပါတယ်။

 

အချစ်ကို ၁၀၀% နီးပါး ကိုးကွယ်တဲ့သူတွေဖြစ်ပြီး အချစ်ကြီးလွန်းလို့ အမြဲတမ်း စိတ်ပင်ပန်းရတဲ့သူတွေပါ။ချစ်သူအပေါ် သစ္စာရှိပြီး ချစ်သူကလွဲရင် ကျန်တဲ့သူတွေကို စိတ်နဲ့တောင် မပြစ်မှားတတ်တဲ့သူတွေပါ။

 

စိတ်ကောက်လွယ်သလို၊ စိတ်လည်း ချက်ချင်းပြန်ပြေတတ်တဲ့သူလေးတွေပါ။ စိတ်ထိခိုက်လွယ်လွန်းတဲ့သူတွေဖြစ်တာကြောင့် တစ်ခါတလေ အတွေးတွေလွန်ပြီး တစ်ယောက်တည်း ဝမ်းနည်းနေတတ်သူတွေပါ။

 

(၃) A သွေး

 

A သွေးလေးတွေဟာ ပင်ကိုယ်အားဖြင့် အားနာတတ်ပြီး အရမ်းအလိုက်သိတဲ့သူတွေဖြစ်ပါတယ်။ အချစ်နဲ့ပတ်သက်လာရင် သူတို့က သူရဲကောင်းတွေပါ။ အချစ်အရမ်းကြီးသလောက် ခေါင်းလည်း အရမ်းမာကြပါတယ်။ ချစ်လို့ ငြိမ်ခံနေမယ့်သူတွေတော့ မဟုတ်ပါဘူး၊

 

သူတို့ကို တစ်ခုခုလုပ်ရင် ပြန်လုပ်ရမှ ကျေနပ်တဲ့သူတွေပါ။ တစ်ခါတလေ ဝမ်းနည်းနေရင်တောင် တစ်ဖက်သား စိတ်မကောင်းဖြစ်မှာစိုးလို့ ပျော်ချင်ယောင်ဆောင်နေတတ်တာလည်း သူတို့ပါပဲ။

 

အစွဲအလန်းကြီးပြီး တစ်ယောက်တည်းကိုပဲ ရူးရူးမူးမူးချစ်တဲ့သူတွေဖြစ်ပါတယ်။

 

(၄) AB သွေး

 

AB သွေးလေးတွေဟာ ခေါင်းမာပြီး တစ်ဇွတ်ထိုးလုပ်တတ်ကြပါတယ်။ အများကြီးကို မချစ်တတ်သလို၊ ချစ်ပြီဆိုရင်လည်း တော်တော်နဲ့ မမေ့နိုင်တော့ပါဘူး။ အစွဲအလမ်းကြီးပြီး အချစ်ကို ကိုးကွယ်တဲ့သူတွေဖြစ်ပါတယ်။

 

အချစ်အရမ်းကြီးသလို ကိုယ်တိုင်လည်း အရမ်းသစ္စာရှိသလို၊ ကိုယ့်ကို သစ္စာဖောက်တာကိုလည်း လုံးဝခွင့်မလွှတ်နိုင်ကြပါဘူး။ အရမ်းစိတ်ရှည်သလို၊ ချစ်သူအပေါ်ကို အမြဲတမ်းအလျှော့ပေး အလိုလိုက်တတ်တဲ့သူတွေဖြစ်ပါတယ်။

 

တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်ပြီး ကျန်တဲ့သူတွေကို လုံးဝမမြင်တော့တဲ့သူတွေဖြစ်ပါတယ်။

 

Em Em

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

ေသြးအမ်ိဳးအစားေတြကလည္း လူတစ္ေယာက္ကုိ အမ်ားၾကီးသက္ေရာက္မႈ ရွိပါတယ္။

 

ေသြးအမ်ိဳးအစားအလိုက္ စိတ္ေနစိတ္ထား၊ ခံယူခ်က္၊ ခံစားခ်က္ေတြ ကြဲျပားေနျပီး လူတစ္ေယာက္ရဲ႕ အေၾကာငး္ကို ေသြးအမ်ိဳးအစားကေနတစ္ဆင့္လည္း ခန္႔မွန္းလို႔ရပါတယ္။

 

ခုေဖာ္ျပေပးမွာကေတာ့ ေသြးအမ်ိဳးအစားအလိုက္ အခ်စ္အေပၚ သေဘာထားနဲ႔ ခံယူခ်က္ေတြပဲျဖစ္ပါတယ္။ သင္ေရာ ဘယ္ေသြးအမ်ိဳးအစားလဲ၊ မွန္ရဲ႕လား ၾကည့္လိုက္ပါဦး။

 

(၁) O ေသြး

 

အိုေသြးပိုင္ရွင္ေလးေတြဟာ က်န္တဲ့ေနရာမွာေတာ့ သိပ္ျပီး ေျပာစရာမရွိေလာက္ေအာင္ ျပည့္စံုၾကေပမယ့္ အခ်စ္ေရးမွာေတာ့ သိမ္ငယ္စိတ္ေလးေတြ ရွိေနတတ္တဲ့သူေတြပါ။

 

ဒီသိမ္ငယ္စိတ္ေလးေတြဟာ မသိစိတ္ထဲကေန ျဖစ္ေနတာေၾကာင့္ တစ္ခါတေလ သူတို႔ကိုယ္သူတို႔ေတာင္ သိမ္ငယ္ေနမွန္းမသိၾကပါဘူး။ အခ်စ္ၾကီးသေလာက္ မာနလည္း ၾကီးတဲ့သူေတြပါ။

 

ဘယ္ေလာက္ခ်စ္ခ်စ္ ကုိယ့္ကို ထားခဲ့ခ်င္ေနတဲ့သူတစ္ေယာက္ကို ေအာက္က်ခံျပီး ဆြဲထားမယ့္သူမ်ိဳးေတြ မဟုတ္ပါဘူး။ ကြယ္ရာမွာသာ ၾကိတ္ငိုရင္ငိုမယ္၊ လူေရွ႕မွာေတာ့ အျမဲတမ္းေခါင္းေမာ့ေနမယ့္ သူမ်ိဳးေတြျဖစ္ပါတယ္။

 

(၂) B ေသြး

 

B ေသြးပိုင္ရွင္ေလးေတြဟာ စိတ္ႏွလံုးအင္မတန္ ႏူးညံ့သိမ္ေမြ႕သူေတြျဖစ္ပါတယ္။ သည္းခံရင္ အဆံုးစြန္ထိ သည္းခံျပီး သည္းမခံႏိုင္ေတာ့ရင္ ဘာျဖစ္ျဖစ္ လွည့္မၾကည့္တတ္တဲ့သူေတြျဖစ္ပါတယ္။

 

အခ်စ္ကို ၁၀၀% နီးပါး ကိုးကြယ္တဲ့သူေတြျဖစ္ျပီး အခ်စ္ၾကီးလြန္းလို႔ အျမဲတမ္း စိတ္ပင္ပန္းရတဲ့သူေတြပါ။ခ်စ္သူအေပၚ သစၥာရွိျပီး ခ်စ္သူကလြဲရင္ က်န္တဲ့သူေတြကို စိတ္နဲ႔ေတာင္ မျပစ္မွားတတ္တဲ့သူေတြပါ။

 

စိတ္ေကာက္လြယ္သလုိ၊ စိတ္လည္း ခ်က္ခ်င္းျပန္ေျပတတ္တဲ့သူေလးေတြပါ။ စိတ္ထိခိုက္လြယ္လြန္းတဲ့သူေတြျဖစ္တာေၾကာင့္ တစ္ခါတေလ အေတြးေတြလြန္ျပီး တစ္ေယာက္တည္း ဝမ္းနည္းေနတတ္သူေတြပါ။

 

(၃) A ေသြး

 

A ေသြးေလးေတြဟာ ပင္ကုိယ္အားျဖင့္ အားနာတတ္ျပီး အရမး္အလိုက္သိတဲ့သူေတြျဖစ္ပါတယ္။ အခ်စ္နဲ႔ပတ္သက္လာရင္ သူတို႔က သူရဲေကာင္းေတြပါ။ အခ်စ္အရမး္ၾကီးသေလာက္ ေခါင္းလည္း အရမ္းမာၾကပါတယ္။ ခ်စ္လုိ႔ ၿငိမ္ခံေနမယ့္သူေတြေတာ့ မဟုတ္ပါဘူး၊

 

သူတုိ႔ကုိ တစ္ခုခုလုပ္ရင္ ျပန္လုပ္ရမွ ေက်နပ္တဲ့သူေတြပါ။ တစ္ခါတေလ ဝမ္းနည္းေနရင္ေတာင္ တစ္ဖက္သား စိတ္မေကာငး္ျဖစ္မွာစိုးလုိ႕ ေပ်ာ္ခ်င္ေယာင္ေဆာင္ေနတတ္တာလည္း သူတို႔ပါပဲ။

 

အစြဲအလန္းၾကီးျပီး တစ္ေယာက္တည္းကိုပဲ ရူးရူးမူးမူးခ်စ္တဲ့သူေတြျဖစ္ပါတယ္။

 

(၄) AB ေသြး

 

AB ေသြးေလးေတြဟာ ေခါငး္မာျပီး တစ္ဇြတ္ထိုးလုပ္တတ္ၾကပါတယ္။ အမ်ားၾကီးကုိ မခ်စ္တတ္သလို၊ ခ်စ္ျပီဆိုရင္လညး္ ေတာ္ေတာ္နဲ႔ မေမ့ႏိုင္ေတာ့ပါဘူး။ အစြဲအလမ္းၾကီးျပီး အခ်စ္ကုိ ကိုးကြယ္တဲ့သူေတြျဖစ္ပါတယ္။

 

အခ်စ္အရမ္းၾကီးသလို ကုိယ္တိုင္လည္း အရမး္သစၥာရွိသလို၊ ကိုယ့္ကို သစၥာေဖာက္တာကိုလည္း လံုးဝခြင့္မလႊတ္ႏိုင္ၾကပါဘူး။ အရမး္စိတ္ရွည္သလို၊ ခ်စ္သူအေပၚကုိ အျမဲတမး္အေလွ်ာ့ေပး အလိုလိုက္တတ္တဲ့သူေတြျဖစ္ပါတယ္။

 

တစ္ေယာက္တည္းကိုပဲ စြဲစြဲျမဲျမဲခ်စ္ျပီး က်န္တဲ့သူေတြကို လံုးဝမျမင္ေတာ့တဲ့သူေတြျဖစ္ပါတယ္။

 

Em Em

 

Myanmar Wedding Guide

jjjj

Read times Last modified on Wednesday, 19 February 2020 17:11
Rate this item
(0 votes)
Tagged under