စိတ်ထားကောင်းလွန်းလို့ မကြာခဏ စိတ်ဒဏ်ရာရတတ်တဲ့ ရာသီခွင်များ

စိတ်ထားကောင်းလွန်းလို့ မကြာခဏ စိတ်ဒဏ်ရာရတတ်တဲ့ ရာသီခွင်များ Google

စိတ်ကောင်းရှိတဲ့သူတွေဟာ ဘယ်တော့မဆို သူများတွေထက် ပိုပြီး ဝမ်းနည်းစရာတွေကို ခဏခဏ ကြုံတွေ့ရသူတွေပါ။သစ္စာဖောက်ခံရတာ၊ နောက်ကျောဓားထိုးခံရတာ၊ လိုသုံးခံရတာမျိုးတွေဟာ စိတ်ရင်းကောင်းတဲ့သူတွေပဲ ကြုံရတာပါ။

ခုဖော်ပြပေးမှာကတော့စိတ်ထားကောင်းလွန်းလို့ မကြာခဏ စိတ်ဒဏ်ရာရရတဲ့ ရာသီခွင်များ ပဲဖြစ်ပါတယ်။

(1) Virgo (August 23 – September 23)

ဒီရာသီဖွားတွေဟာ သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ သူငယ်ချင်းအတွက်ဆိုရင် ဘာပဲလုပ်ပေးရပေးရ လုပ်ပေးဝံ့ကြတဲ့သူတွေပါ။ အရမ်းအားနာတတ်တဲ့သူတွေဖြစ်တာကြောင့် အမြဲလိုလို ဝမ်းနည်းရတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။

(2) Libra (September 23 – October 23)

ဒီရာသီဖွားတွေဟာ နှလုံးလှတဲ့ရာသီဖွားတွေဖြစ်ပါတယ်။ ဘယ်တော့မဆို ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် နေပြီး သူများတွေရဲ့ အကြိုက်ကို အမြဲလိုက်ပေးတဲ့သူတွေပါ။ ဒါကြောင့်ပဲ တစ်ခါတလေမှာ ကိုယ်ဖြစ်ချင်တာကို မြိုသိပ်ပါများပြီး အမြဲလိုလို ဝမ်းနည်းရတဲ့သူတွေပါ။

(3) Sagittarius (November 22 – December 22)

Sagittarius လေးတွေဟာ အရမ်းအားနာပြီး စိတ်ထားကောင်းတဲ့သူတွေပါ။ သူငယ်ချင်းတွေ၊ ချစ်သူ၊ မိသားစုအတွက်ဆိုရင် အမြဲလိုလို အနစ်နာခံချင်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့သူတွေပါ။ ဒါကြောင့်ပဲသူတို့တွေဟာ မကြာခဏ စိတ်ဒဏ်ရာရတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။

 

Zawgyi ဖြင့်ဖတ်ရန်....









 

Myanmar Wedding Guide

 

jjjj

Read times Last modified on Monday, 17 February 2020 15:33
Rate this item
(1 Vote)
Tagged under