သောကြာသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း...
သောကြာသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း... google
ယခုနှစ်တွင်စွန့်စွန့်စားစားလုပ်ကိုင်ရမည်။မိမိကိုယ်ယုံကြည်မှုအပြည့်အဝထားရှိသူသူဖြစ်ပါကဘဝအတွက်အောင်မြင်ခြင်းပန်းတိုင်ကလက်ကမ်းကြိုဆိုလျက်ရှိနေပါသည်။
မထင်မှတ်ဘဲငွေကြေးအစုလိုက်အပြုံလိုက် ဝင်ကိန်းရှိသည်။ထီပေါက်ကိန်းရှိသည်။အသက်အရွယ်ကြီးသူများရှိပါကကျန်းမာရေးဂရုစိုက်ရမည်။
နေရာသစ်၊ဝန်းကျင်သစ်များသို့ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။လူသစ်၊မိတ်သစ်များနှင့်ပူးတွဲလုပ်ခြင်းများအကျိုးပေးမည်။ဇိမ်ခံပစ္စည်းများဝင်မည်။
မမျှော်လင့်ဘဲဘာသာရေးကိစ္စ၊အလှူအတန်းကိစ္စများထူးခြားစွာအောင်မြင်လာလိမ့်မည်။သောကြာနေ့ဖွားသားသမီးများထီထိုးပါ။
အက္ခရာက(စ၊ဇ၊လ၊ယ)(၆)အစ(ဝ)အဆုံးဖြင့်ထီထိုးပါ။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၃)ရက်၁၃၈၁-ခု ပြာသိုလဆန်း(၉)ရက် သောကြာနေ့နတ်ပြည်ပြဿဒါး
ယနေ့ နံနက်(ရး၅၁)နာရီလွန် ဘုရားတည်၊ နားသ၊ ပဉ္စင်းခံ၊ဧည့်ခံပွဲဖွင်လှစ်ခြင်း၊ အာမခံ၊ ရေကြောင်း၊ လေကြောင်းခရီးသွားခြင်း တို့ကောင်း၏။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၁၇)ရက်၁၃၈၁-ခု ပြာသိုလဆုတ်(၈)ရက် သောကြာနေ့နတ်ပြည်ပြဿဒါး
ယနေ့ နေ့စက်(၁၂)နာရီအတွင်း ပန္နက်ရိုက်၊ ကျင်းတူ၊အုတ်မြစ်ချ တိုင်ထူ၊ လှေကားတင်၊ စေ့စပ်၊ လက်ထပ်၊
သတ္တုတွင်းစူးစမ်းရှာဖွေခြင်း၊ အစုရှယ်ယာဝင်၊ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ ငွေကြေးချေးငှားခြင်း၊ ဆေးဖော်၊ ဆေးဝါဖြန့်ခြင်း၊ ရေကြောင်းခရီးသွားခြင်းတို့ကောင်း၏။
၂၀၂၀-ခုနှစ် ဇန်နဝါရီလ(၂၄)ရက်၁၃၈၁-ခုပြာသိုလဆုတ်(၁၅)ရက်သောကြာနေ့လကွယ်နေ့ နတ်ပြည်ပြဿဒါး
ယနေ့ နံနက်(၈း၇)နာရီ မိနစ်လွန် ဘုရားအနေကဇာတင်၊မြေသန့်မင်္ဂလာ၊ အိမ်ပြောင်း၊ ဆိုင်းဘုတ်တင်ခြင်း၊
နည်းပညာသစ်တီထွင်ခြင်း၊ ခရီးသွားခြင်း၊ ဘာသာရေးစကားပြောဆိုခြင်းကောင်း၏။
သောကြာသားသမီးတို့သည်ယခုနှစ်တွင်JanuaryလမှMarchလအထိစီးပွားရေးများသတိနှင့်ဆောင်ရွက်ရမည်။
စကားအပြောအဆို မှားယွင်းမှုကြောင့် ဘာမဟုတ်ကိစ္စပြောဆိုမှုလေအစပြဿနာပုံကြီးကြဲထိ ဖြစ်ပွားနိုင်၏။
စက်ပစ္စည်းနှင့်ထိခိုက်ဒဏ်ရာရတတ်သည်။
လူမှုရေး...ဘာသာရေးနှင့်လူမှုရေး၊အဖွဲ့အစည်းသက်ဆိုင်သူသောကြာနေ့ဖွားအပေါင်းတို့သည်လည်းမိမိသြဇာအာဏာလွှမ်းမိုးနိုင်ရန်အဖက်ဖက်မှရုန်းကန်လှုပ်ရှားရန်ကြိုတင်အသိပေးအပ်သည်။
၂၀၂၀-ခုနှစ် မတ်လ (၆)ရက်၁၃၈၁-ခု တပေါင်းလဆန်း(၁၃)ရက် သောကြာနေ့
ယနေ့ နံနက်(၈း၁၅)နာရီလွန် ရှင်ပြု၊နားသ၊ လက်ထပ်၊နာမည်မှည့်၊ ရေတွင်းတူး၊ တိုင်ထူ၊ ငွေကြေးချေးငှားခြင်း
တို့ကောင်း၏။
၂၀၂၀-ခုနှစ် မတ်လ (၂၇)ရက်၁၃၈၁-ခု နှောင်းတန်ခူးလဆန်း(၄)ရက် သောကြာနေ့ရက်ရာဇာ
ယနေ့ နံနက်(၁၀း၂)နာရီ မိနစ်အတွင်း ဘုရားအနေကဇာတင်၊ ရှင်ပြု နားသ၊ စေ့စပ်၊ ရေတွင်း၊ရေကန်နှင့်အဝီစိတွင်းတူးဖော်ခြင်း၊ ပန္နက်ရိုက်၊ အုတ်မြစ်ချ ၊ ကုမ္ပဏီထူထောင်ခြင်း၊ အသင်းဖွဲ့စည်းခြင်း၊ စူးစမ်းရှာဖွေခြင်း၊ ခွဲစိတ်ကုသခံယူခြင်း တို့ကောင်း၏။
သောကြာသားသမီးများ August, February လများတွင်ညီအစ်ကိုမောင်နှမဆွေမျိုးများနှောက်ယှက်မှုကြောင့်
မိမိလုပ်ငန်းတွင်အကျိုးအမြတ်များပျက်စီးတတ်သည်။တစ်ဦးထက်ပိုသောအချစ်ရေးမျိုးခံစားရလိမ့်မည်။
အပေါင်းအသင်းများနှင့်တွဲဖက်၍ အောင်သွယ်ခြင်းများကြောင့်အိမ်ထောင်ကျတတ်သွားသည်။
အိမ်ထောင်ရေးတွင်အသိုင်းအဝိုင်း၊ဆွေမျိုးစကားများကြောင့်အိမ်ထောင်ရေးအထင်အမြင်လွှဲမှုများ
ပေါ်ပေါက်တတ်သည်။စက်ပစ္စည်းများကိုင်တွယ်ရာတွင်အထူးဂရုစိုက်ပြီးဆောင်ရွက်ရမည်။ဘုရားဖူးခရီးသွားလာခြင်း၊ခရီးတိုခရီးရှည်များသွားရကိန်းရှိသည်။
၂၀၂၀-ခုနှစ် ဧပြီလ (၁၇)ရက်၁၃၈၂-ခုနှစ် ဦးတန်ခူးလဆုတ်(၁ဝ)ရက် သောကြာနေ့ရက်ရာဇာ
ယနေ့ ဘုရားပင့်ဆောင်ခြင်း၊ အနေကဇာတင်ခြင်း၊ထီးထင်၊ ဘုရားကျောင်းရေစက်ချ၊ တိရိစ္ဆာန်များဘေးမဲ့
လွတ်ခြင်း၊ အိမ်သစ်၊ အိမ်တတ်၊ ဆိုင်းဘုတ်တင်၊ နာမည်မှည့်၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ စေတီပုထိုးများသန့်ရှင်းရေးလုပ်ခြင်း၊ သင်္ကန်းကပ်လှူ ခြင်း၊ လူမှုရေးနှင့်ဘာသာရေးစကားပြောဆိုခြင်းတို့ ကောင်း၏။(နှစ်ဆန်းတစ်ရက်နေ့)
၂၀၂၀-ခုနှစ် ဧပြီလ (၂၄)ရက်၁၃၈၂-ခုနှစ် ကဆုန်လဆန်း(၃)ရက် သောကြာနေ့နတ်ပြည်ပြဿ ဒါး
ယနေ့ နံနက်(၁၀း၅၆)နာရီ မိနစ်လွန် ကြေးသွန်းလောင်းခြင်း၊ စက်မှုလက်မှုပညာသင်ယူခြင်း၊ မြေသန့်မင်္ဂလာ၊
ကျောက်မျက်ရတနာရောင်းဝယ်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊တံတားမြောင်းပြု ၊ဆည်ပြုပြင်ခြင်း၊ ခရီးသွာခြင်း
တို့ကောင်း၏။(စလွယ်တင် နက္ခတ်မရပါ)
စီးပွားရေး...တရားရှေနေ့၊ ကုန်သွယ်လုပ်ငန်း၊ သစ်လုပ်ငန်း၊ အသီးဝံလံလုပ်ငန်း၊ ကုန်စိမ်း၊ ကုန်ခြောက် ကုန်သွယ်ရေးအရောင်အဝယ်များ အကျိုးသက်ရောက်မှုများသည်။
ထိုအပြင် ရွှေသန့်စင်လုပ်ငန်း၊ စားသောက်ဆိုင်၊မိတ္တူ၊စာစီစာရိုက်၊ဓာတ်ပုံလုပ်ငန်းအကျိုးပေးကောင်း၏။ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူဆိုလျှင်ရင်းနှီးမြှင်နှံမှုအစုစုကိုရဲရဲဝံ့ဝံ့ပြုလုပ်နိုင်ပါသည်။
လုပ်ငန်းကိစ္စများအတွက် ရာဟုနှင့်တနင်္လာသားသမီးများတွဲဖက်ဆောင်ရွက်ခြင်းများဂရုစိုက်ပေးပါ။ကြာသပတေးနှင့်စနေသားသမီးများ အကျိုးပေးကောင်း၏။
မိမိရင်းနှီးမြှပ်နံှမှုရှိသလောက်အကျိုးအမြတ်ဖြစ်ထွန်းနိုင်သောနှစ်ဖြစ်သည်။ရည်ရွယ်ချက်ထားတိုင်းအတိုက်အခံများနှင့်ကြုံတွေ့ရမည်။
၂၀၂၀-ခုနှစ်၊မေလ (၁)ရက်၁၃၈၂-ခုနှစ် ကဆုန်လဆန်း(၁ဝ)ရက်၊သောကြာနေ့နတ်ပြည်ပြဿဒါး
ယနေ့ နံနက်(၉း၃၅)နာရီအတွင်း ဘုရားပင့်ဆောင်ခြင်း၊ပန္နက်ရိုက်၊ တိုင်တူ၊ အုတ်မြစ်ချ ရေကြောင်းခရီခြင်းတို့
ကောင်း၏။
ပညာရေး...ပညာစာပေသင်ကြားနေသူများမိမိတို့၏ဆုံးဖြတ်ချက်ခိုင်မာစွာထားရှိရန်လိုအပ်ပါသည်။
နိုင်ငံတကာအဆင့်မြင့်ပညာရေးအတွက်မျှော်လင့်ချက်ထားရှိသူများအလိုဆန္ဒပြည့်ဝပါမည်။
မိမိတို့၏ ကံတရားက ရှေဆောင့်ပြီး အကျိုးရှိသော ပညာရေးဆိုင်ရာနှင့် အကြီးအကဲများ၏ ယုံကြည်အားထာပြီး အကြီးအကဲနေရာကနေကိုယ်စားလှယ်အနေနှင့်သော်လည်းကောင်း၊အလုပ်စီးပွားအတွက်ပြည်တွင်း၊ပြည်ပ ခရီးသွာရကိန်းကြုံတွေ့ရအံ့။
ကျန်းမာရေးကြောင့်ပညာရေးတွင်အနှောင့်အယှက်အနည်းငယ်ရှိနိုင်သည်။
၂၀၂၀-ခုနှစ် ဇွန်လ (၁၉)ရက်၁၃၈၂-ခုနှစ် နယုန်လဆုတ်(၁၄)ရက် သောကြာနေ့
ယနေ နေ့စက်(၁၂)နာရီအတွင်း ဘုရားအနေကဇာတင်၊ထီးထင်၊ စေတီပုထိုးပြုပြင်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊
ကုန်ပစ္စည်းသိုလှောင်ခြင်း။ စာပေကျမ်းဂန်ပြုစုခြင်း၊ကျောက်ဆစ်ထုခြင်း၊ လူမှုရေးစကားပြောခြင်း
တို့ကောင်း၏။
၂၀၂၀-ခုနှစ် ဇွန်လ (၂၆)ရက်၁၃၈၂-ခုနှစ် ပ-ဝါဆိုလဆန်း(၇)ရက် သောကြာနေ့
ယနေ့ နံနက်(ရး၄၅)နာရီအတွင်း ရှင်ပြု နားသ၊ စေ့စပ်၊လက်ထက် နာမည်မှည့် သတ္တုတွင်းစူးစမ်းရှာဖွေခြင်း၊
ထီထိုး၊ ဆေးဝါးဖော်ခြင်း၊ ခရီးသွားခြင်းကောင်း၏။
အချစ်ရေးနှင့်အိမ်ထောင်ရေး...သောကြာသားသမီးများကပျိုရွယ်သူများ နှလုံးသားချစ်ရေးရာ ဦးစာမပေးဘဲ ပညာရေးကို ဦးစားပေးကြိုးစားပါက အထူးအောင်မြင်မည်။
ပျိုရွယ်သူများအချစ်ကိုဖွင့်ပြောရန်ဝန်လေးပြီးနှုတ်နှေးခြင်းကြောင့်တစ်ပါးသူလက်သို့ချစ်သူပါသွားတတ်သည်။
အချစ်ရေးသမားအတွက်မိမိတို့ရရှိလာသောအခွင့်အရေးများကိုပိုင်နိုင်စွာအသုံးချတတ်မှသာလျှင်ပန်းပန်နိုင်သူဖြစ်ပါမည်။
အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးသာယာပြီးစည်းစိမ်ဥစ္စာတိုးပွားသောနှစ်ဖြစ်သည်။
သို့သော်တစ်ဦးနှင့်တစ်ဦးယုံကြည်မှုကောင်းစွာရရှိသူများအတွက်အကျိုးပေးကောင်းမွန်ပါမည်။
အိမ်ထောင်ရေး၊ အချစ်ရေး နှင့်ပတ်သက်၍ မိမိအိမ်ထောင်ဖက်ကို အထူးချစ်ခင်၊ အနစ်နာခံ အနွံအတာခံလိုစိတ်ရှိကြလိမ့်မည်။
ကံကြမ္မာဇာတာအိမ်ထောင်ရေးမှာ မကြာခဏဆိုသလိုအထင်လွဲမှားမှု ကြုံတွေ့ရတတ်သလို တစ်ခုလပ်၊ မုဆိုးမများနှင့် ဆုံရတတ်၍ အိမ်ထောင်ရေး ကွဲကိန်းများ ဖြစ်လာနိုင်သည်မို့ အထူးဂရုပြုပါ။
လူယုံလွယ်မှုကို သတိဆင်ခြင်သင့်၏။
အမွေအနှစ်ကိစ္စအတွက်ဆွေမျိုးများနှင့်အငြင်းပွားပြီးဥပဒေနှင့်ရင်ဆိုင်ရတတ်သည်။
၂၀၂၀-ခုနှစ် ဇူလိုင်လ (၃)ရက်၁၃၈၂-ခုနှစ် ပ-ဝါဆိုလဆန်း(၁၄)ရက် သောကြာနေ့
ယနေ့ ၊ နေစက်(၁း၅၂)နာရီမိနစ်လွန် ဘုရားအနေကဇာတင်၊ ကြေးသွန်းလောင်းခြင်း၊ ရှင်ပြု၊ နားသ၊ ရတနာစူးစမ်းရှာဖွေခြင်း၊ ဆိုင်သစ်ဖွင့်၊ ကုမ္ပဏီထူထောင်ခြင်း ခရီးသွားခြင်းကောင်း၏။
သောကြာသားသမီးများ၏ အိမ်ထောင်ဘက် တနင်္လာ၊စနေ ထိုနေနံသားသမီးနှင့် ပြုထားသူနှင့် ချစ်သူ၊ရည်းစား
အိမ်ထောင်ရှင်များတွေကတော့ အထူးသတိထားသင့်အထူးညံ့ပါလိမ့်မည်။
အသက်ပိုင်းခြားကတော့ အိမ်ထောင်ဘက် အသက် ၁၉၊၂၇၊၃၅၊၄၃၊၅၁၊နှစ်တွေ့က အထူးသဖြင့် ညံ့မည်။
လူငယ်လူရွယ်များ ချစ်သူပေါ် သံသယာစိတ်ဝင်လာတတ်လို့ နှစ်ဖက်မိဘများ သဘောထား ကွဲလွဲမှုကြောင့်မိမိအချစ်ရေးများကျန့်ကြာနှောင့်နည်းတတ်သည်။
အိမ်ထောင်ရှင်များရံဖန်ရံခါစကားငြင်းဆိုမှုများပတ်ဝန်းကျင်ကြောင့်ပေါ်လာမည်။မိသားစုအတွင်းပြင်ပပြဿနာများဝင်လာပြီးအပြောအဆိုခံရတတ်သည်။
စိတ်အနှောက်အယှက်ဖြစ်နေမည်။အိမ်ထောင်ဘက်နှင့်ချစ်ရေးရာကိစ္စများတွင် ဆုတ်ကံစန်းထပြီး မိမိတို့ဘဝလက်တွဲဖို့ ကြင်ဖက်ရွေးချယ်မှန်ရန်အရေးကြီးသောနှစ်ကာလပင်ဖြစ်သည်။
အလောတကြီးလုပ်ဆောင်မှု၊ ဒေါသအလိုအလျှောက်စိတ်မြန်လုပ်ဆောင်ခြင်း ရှောင်ကြဉ်၍ မိမိတို၏ စိတ်ကိုတည်ငြိမ်စွာနှင့်စိတ်လေလွင့်မှုကို အကောင်းဆုံးထိန်းချုပ်ပြီး
 ကြိုးစားအားထုတ်လျှင် အောင်မြင်မှုကို လက်ဆုတ်လက်ကိုင်ရလဒ်ကောင်းများ ရရှိမည်။
၂၀၂၀-ခုနှစ် စက်တင်ဘာလ (၁၈)ရက်၁၃၈၂-ခုနှစ် တော်သလင်းလဆန်း(၂)ရက် သောကြာနေ့
ယနေ့ ၊ နံနက်(၁၀း၇)နာရီမိနစ်အတွင်း အနေကဇာတင်ခြင်း၊ ဂါထာမန္တာန်သိဒ္ဓိတင်ခြင်း၊ ဖက်ရှင်ဒီဇိုင်းသစ်များထွင်ခြင်း၊ လက်မှတ်ရေးထိုး၊ အင်တာဗျူး ၊ စာရေးသားခြင်းတို့ကောင်း၏။
အသက် ၆၊၇၊၁၅၊၁၄၊၂၂၊၂၃၊၃၀၊၃၁၊၃၈၊၃၉၊၄၆၊၄၇၊၅၄၊၅၅၊၆၂၊၆၃၊၇၀၊၇၁၊၇၈၊၇၉နှစ်တွေစီးပွားရေး၊ လူမှုရေး၊ပညာရေးနှင့် အချစ်ရေး၊အိမ်ထောင်ရေး ဘာသာရေအလှူတန်း ပေးရခြင်း ကံကောင်း၍ အကျိုးခံစားမှုရရှိမည်။
ဘာသာရေးကိစ္စ၊အလှူအတန်းကိစ္စများထူးခြားစွာအောင်မြင်လာလိမ့်မည်။မထင်မှတ်ထားသော နေရာဒေသ၊ ပြည်ပရပ်ခြားခရီးတို ခရီးရှည် များသွားရကိန်းရှိသည်။
ပြည်ပခရီးသွားလုပ်ငန်းနှင့် ခေတ်မီအပန်းဖြေဝန်ဆောင်မှုလုပ်ငန်းများ အထူးအကျိုးပေးနှစ်ဖြစ်သည်။မိတ်ဆွေအဟောင်းများတွေ့တတ်ပြီး လုပ်ငန်းသစ်များလုပ်ရမည်။
ယခုနှစ်တွင် မမျှော်လင့်ထားသော စည်းစိမ်ဥစ္စာ ရရှိခံစားရမည်။မိမိတို့၏ ဂုဏ်သတင်းများလည်း ကျော်ဇောမည်။
မိမိအလိုရှိရာကို ကြိုးဆွဲ၍ ဖန်းတီးခြင်း ရယူပိုင်ဆိုင်နိုင်သည့်နှစ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများတွင်ယုံကြည်စိတ်ချစွာရင်းနှီး မ,တည်မှု ရဲရဲဝံ့ဝံ့ ပြုလုပ်ပါ။
ဒါပေမယ့် ခိုင်မာတိကျတဲ့လုပ်ငန်း၊ ဥပဒေနှင့်ညီညွတ်စွာ လုပ်ကိုင်ဖို့တော့လိုအပ်ပြီး ကြိုးစားလုပ်ကိုင်ပါ ။အောင်မြင်မှုရပါလိမ့်မည်။
၂၀၂၀-ခုနှစ် အောက်တိုဘာလ (၂)ရက်၁၃၈၂-ခုနှစ် တော်သလင်းလဆုတ်(၁)ရက် သောကြာနေ့
ယနေ့ ၊ နံနက်(၁၀း၂)နာရီမိနစ်လွန် ရေတွင်းရေကန်၊အဝိစီတူးဖော်ခြင်း၊ မြေသန့်မင်္ဂလာ၊ ဆေးဖော်၊ ဆေးခန့်ဖွင့် ဆိုင်းဘုတ်တင်၊ ဒီဇိုင်းတီထွင်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ခရီးသွားလာခြင်း၊ လူမှုရေးစကားပြောခြင်းကောင်း၏။
ဤနှစ် အသက်ပိုင်းခြားအထူး ၃နှစ်, ၁၁နှစ်, ၁၉နှစ်,၂၇နှစ်, ၃၅နှစ်, ၄၃နှစ်, ၅၁နှစ်, ၅၉နှစ်, ၆၇နှစ်, ၇၅နှစ်တွေမှာ သတိနှင့်လုပ်ဆောင်ရမည်။
စီးပွားကူးသန်း ကုန်သွယ်ရေးလုပ်ငန်း၊ ရောင်းဝယ်ဖောက်မှုများ အထူးအကျိုးရလဒ်ရရှိမည်။
သို့သော် ကုန်သွယ်မှု ဥပဒေများ ပြောင်းလဲမှု အခက်တွေ့ရခြင်း၊ တရားမဝင် ကုန်သွယ်ခြင်း၊ ပြည်တွင်းကုန်စည် အစိုးရအကြီးအကဲပုဂ္ဂိုလ်များ အရေးယူဆောင်ရွက်ခြင်း ထိန်းသိမ်း ယာယီပိတ်ပင်ခြင်းနှင့်ရပ်စဲခံရခြင်းများ ဖြစ်လာတတ်သည်။
အကောင်းအဆိုး ဒွန်းစဏ္ဍား ဒွန်တွဲနေသော်လည်း မိမိတို၏ ကံ၊ဉာဏ်၊ဝိရိယ အားဖြင့် နည်းလမ်းမှန်ကန်စွာလုပ်ဆောင်သွားမယ် ဆိုလျှင်
မိမိတို့၏ လုပ်ငန်းစီးပွားရေး အောင်မြင်ဖြစ်ထွန်း၍ ငွေကြေးဥစ္စာများစွာရရှိနိုင်လိမ့်မည်။ပညာရေးတွင်အရှေ့ပိုင်းတွင်ကြိုးစားမှုအားကောင်းပြီ
းနောက်ပိုင်းတွင်အပေါင်းအသင်းများကြောင့်မိမိရည်မှန်းချက်များနှင့်ဝေးကွာတတ်သည်။ပြည်ပသို့ပညာသင်ယူခွင့်အခွင့်အရေးများဝင်လာမည်။
မကောင်းမှုများရှောင်ပြီး ကောင်းမူ့ကုသိုလ် များများလုပ်ပါ။ ရတနာသုံးပါး နှင့် မိဘ ဆရာ တို့ကို ဦးထိပ်ထားပါ။
ဘာသာရေး ဘုရားတရားများများ လုပ်ပါ။ အဓိဌာန်ဝင်ခြင်း တရားစခန်းဝင်ခြင်းများ ပြုလုပ်ပါ။
၂၀၂၀-ခုနှစ် နိုဝင်ဘာလ (၂၇)ရက်၁၃၈၂-ခုနှစ် တန်ဆောင်မုန်းလဆန်း(၁၃)ရက် သောကြာနေ့
ယနေ့ ဘုရားအနေကဇာတင်၊ နံနက်(၁၀း၂)နာရီမိနစ်အတွင်း ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထပ်၊ ရတနာစူးစမ်းရှာဖွေခြင်း၊
ကုမ္ပဏီထူထောင်ခြင်း၊ အစုရှယ်ယာဝင်၊ မိတ်ဆွေဖွဲ့ခြင်း၊ ကလေးထမင်းခွံ့၊ နာမည်မှည့် ကင်ပွန်းတပ်၊ အာမခံလက်မှတ်ရေးထိုးခြင်းတို့ကောင်း၏။
၂၀၂၀-ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်၁၃၈၂-ခုနှစ် နတ်တော်လဆန်း(၁၁)ရက် သောကြာနေ့
ယနေ့ နံနက်(၁၀း၁၃)နာရီ မိနစ်အတွင်း ဘုရားအနေကဇာတင်၊ ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထပ်၊
ရေတွင်းရေကန်၊အဝိစီတူးဖော်ခြင်း၊ ပန္နက်ရိုက်၊ တိုင်ထူ၊ အုတ်မြစ်ချ ထီထိုး၊ ဆိုင်ဘုတ်တင်ခြင်း၊ ခွဲစိတ်ကုသခံယူခြင်း ခရီးသွာခြင်းကောင်း၏။
ကျန်မားရေး...ကျန်းမာရေးအတွက်သောကြာနေ့ဖွားဂရုစိုက်ရပါမည်။
သွား၊ ခံတွင်းဝေဒနာ အရိုးနှင့်ပတ်သတ်သော ဝေဒနာ၊ မီးယပ်၊ ဝမ်းဗိုက်ဝေဒနာတို့ဖြစ်တတ်သည်။
အနာရောဂါရှိသူများဖြစ်ပါကဆေးဝါးကုသခံယူခြင်းဖြင့်၎င်း၊တရားဓမ္မနည်း၊ယောဂကျင့်စဉ်နည်းတို့ဖြင့်ကုသသောနည်းများပါကျင့်သုံးရန်သင့်တော်ပါသည်။
ဆေးဝါးကုသဆေးဖိုးဝါးခအကုန်ခံနိုင်ပါသော်လည်းရောဂါပျောက်ကင်းမှုမရှိပေ။
ဆောင်ရွက်စရာကိစ္စ ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအတွက်အရှေ့အရပ်မျက်နာမူ၍(မေတ္တာသုတ်)ရွတ်ဆိုပြီးခရီးသွားပါ။
အနီရောင်၊အဖြူရောင်၊လိမ္မော်ရောင်အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။တောင်အရပ်သို့ရေလမ်းခရီးသွားခြင်းရှောင်ကြဉ်ပေးပါ။
စိုးမိုးသောအကျိုးပေးအက္ခရာနှင့်ဂဏန်းများမှာ (စ၊ဇ၊လ၊ယ)၊(၆၃၊၈၊ဝ)။
အကျိုးပေးအရောင် - အနီရောင်၊အဖြူ ရောင်၊လိမ္မော်ရောင်
ဆောင်ရန် - စိန်ရတနာ
ယတြာမိမိအိမ်ဘုရားစင်မှာမိမိမွေးနေ့တွင်အဖြူရောင်သစ္စာပန်း၊အဖြူရောင်နှင်းဆီပန်း၊သဇင်ပန်း၊ဇီးညွန့်(၁၁)ညွှန့်ဘုရားတွင်လှူပေးပါ။
မိမိမွေးနေ့တွင်ဆီမီး(၅)ခွက်လှူပေးပါ။
ပဲပြုတ်၊ငချိတ်ပေါင်း၊ ဘရာကြော် ဆွမ်းကပ်လှူပေးပါ။
တန်ခိုးကြီးဘုရားမှာ မွေးနေ့ နံနက်(၉)အချိန် ကြာသပတေးနံဘုရားတွင် ခဲရောင်ဝတ်ဆင်ပြီး တောင်ဇလပ်ပန်း(၅)ပွင့် ကပ်လှူ ပါ။ရွှေထီး၊ငွေထီး၊တံခွန်၊ကုက္ကားများလှူပေးပါ။
ဆရာမင်းသူရ ဗေဒင်ယတြာ 09751089826
Car,Truck Rental (669) ခုကို သိရှိလိုပါက နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
တို့ကောင်း၏။
တို့ကောင်း၏။(စလွယ်တင် နက္ခတ်မရပါ)
ကောင်း၏။
တို့ကောင်း၏။