စနေသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း(၁) နှစ်စာ ဗေဒင် ဟောစာတမ်း
စနေသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း(၁) နှစ်စာ ဗေဒင် ဟောစာတမ်း google
မိမိတို့ မိသားစု မှာ အလုူပွဲ မင်္ဂလာပွဲများ ပြုလုပ်ရမယ့်နှစ်ဖြစ်ပါတယ်။ဆုံးရုံးပြီထင်ထားတဲ့ငွေတွေလည်း ပြန်ရပါမယ်။
လူမျိုးခြားဘာသာခြားများအဆက်အသွယ်ကောင်းအကူအညီကောင်းတွေလည်းရလာပါမယ်။နိုင်ငံရပ်ခြားနှင့်ပတ်သက်ပြီးအလုပ်အကိုင်ရလာပါမယ်။
နိုင်ငံရပ်ခြားခရီးတွေလည်းမကြာခဏသွားလာရပါမယ်။နိုင်ငံရပ်ခြားနှင့်ပတ်သက်ပြီး လုပ်ကိုင်နေသူများကတော့အထူးအကျိုးပေးသောနှစ်လို့ဆိုရမှာပါ။
နိုင်ငံရပ်ခြား သွားလာဖို့လုပ်ထားသူများ အမြန်ဆုံးသွားလာရပါမယ်။ငယ်ရွယ်သူများအရမ်းစန်းပွင့်သောနှစ်ဖြစ်ပါတယ်။ချစ်သူတွေများကာ ပြာယာခတ်နေရတတ်တယ်။
လက်ထပ်ထိမ်းမြားမင်္ဂလာပြုရပါမယ်။ အိမ်ထောင်ကျမယ့်နှစ်ဖြစ်ပါတယ်။ (အရေးကြီးသောကြောင့်ထိန်းပါ) ထိုသို့မထိမ်းသိမ်းပါက ပြဿနာမျိုးစုံတက်တတ်တယ်။
ရန်အတိုက်အခိုက်ပါများပြီး အမှုအခင်း ဖြစ်သွားတတ်ပါတယ်။ဒီလိုနှစ်ထဲထီဆုကြီးပေါက်ခြင်း၊အမွေများရခြင်း၊ကားသစ်ရခြင်း၊ကွန်ပျူတာရခြင်း၊ငွေဝင်ကြမ်းသောနှစ်ဖြစ်ပါတယ်။
ဝင်သမျှငွေထဲက အလုူပွဲ လုပ်ဖို့မမေ့ပါနဲ့။ငွေဝင်ကောင်းလေမို့ပါ။
ဒီနှစ်ထဲကတော့ အိမ်ထောင်ရှင်များကတော့ သတိထားပါ။
အရမ်းစန်းပွင့်သောနှစ်ဖြစ်တာကြောင့်လွတ်လပ်သူထင်ပြီးနှစ်သက်သူများစွာတွေ့ရတတ်ပါတယ်။နောက်အိမ်ထောင်ပြုသွားရတာမျိုးတောင်ဖြစ်တတ်တော့ သတိထားပေါ့။
(အရေးကြီးသော ကံများထိန်းပါ)ထိုသို့စိတ်အလိုလိုက်မိပါက အိမ်ထောင်ပျက်ခြင်း စီးပွားပျက်ခြင်း အမှုအခင်းတရားတဘောင်များပါ ကြုံတွေ့ရတတ်ပါတယ်။
အကောင်းတွေပျောက်ပြီး အဆိုးတွေချည်းပဲ ဖြစ်လာတတ်ပါတယ်။အိမ်မှာအရွယ်ရောက်ပြီးသားသမီး များရှိရင်တော့သတိထားပါ။
အိမ်ကနေဆင်းသွားတာမျိုး ခိုးရာလိုက်ပြေးတာမျိုးဖြစ်တတ်ပါတယ်။သားသမီး ရှိသူများ ဒီနှစ်ထဲမှာ သားသမီးများ အတွက်စိတ်ပင်ပန်းခြင်း စိတ်သောကရောက်ခြင်းများ ကြုံတွေ့ရမည်။
ဆရာသမားလို အိမ်ရောက်လာပြီး ဒုက္ခ ပေးတတ်ပါတယ်။အထက်လူကြီးနဲ့အောက်လက်ငယ်သားများကြောင့်တော့ဒုက္ခတွေ့ရတတ်ပါတယ်။
အလုပ်မှာလည်းမပျော် အလုပ်ပြောင်းလိုခြင်း အလုပ်ထွက်လိုခြင်းများဖြစ်တတ်ပါတယ်။(အလုပ်မပြောင်းသင့်ပါ)
အလုပ်ပြောင်းပါက ပိုဆိုးမည်။အလုပ်ပြန်ရရန်မလွယ်ကူပါ။လက်ရှိနေရာတည်မြဲအောင်နေပါ။အလုပ်မှာ မနာလိုသူရန်လိုသူများ ပေါများနေလိမ့်မယ်။
ဝန်ထမ်းများကတော့ ရာထူးတိုးခြင်း နာမည်ဂုဏ်သတင်းကျော်ဇောခြင်းများဖြစ်မယ်။အများလေးစားမူရရှိမယ်။
အနုပညာ ရှင်များကတော့ ကံကောင်းတဲ့နှစ်လို့ဆိုရမှာပါပဲ။မိမိရည်ရွယ်ချက် ရည်မှန်းချက်တွေ အောင်မြင်မယ် ။အများချစ်ခင်အားပေးမူတွေရရှိမယ်။
အဆက်အသွယ် အကူအညီကောင်းတွေရမယ် ။မိမိမဖြစ်တော့ဘူးလို့ထင်ထားတဲ့အရာကအခုဖြစ်လာတော့မယ်။မာန်မာနတော့လျှော့ပါ။
ဒီနှစ်ထဲ ကတော့ မကြာခဏ ဆိုသလို ခရီး များသွားလာရမယ်။ချစ်သူနဲ့လည်းအတူခရီးသွားလာရမယ်။
အလုပ်အကိုင် အကြောင်းပြုပြီးလည်း ခရီးသွားရမယ်။မိမိနေအိမ်မှာ ကိုယ်ဝန်ဆောင်သည် (သို့မဟုက်) ကိုယ်ဝန်ဆောင်သည် ညအိပ်လာရင် ထီဆုကြီးပေါက်တတ်ပါတယ်။
အတော်ကောင်းတဲ့နှစ်လို့ဆိုရမှာပါပဲ။ဆင်းရဲ မွဲတေနေတဲ့သူတွေတောင် ဒီလိုနှစ်မျိုးမှာ ချမ်းသာသွားတတ်ပါတယ်။
အိမ်ပိုင် ကားပိုင် မရရှိဘူးသေးသော အသစ်အဆန်းများပါရလာတတ်ပါတယ်။သူဌေးဖြစ်ကိန်းလို့ဆိုရမှာပါပဲ။
ရိုးသားကြိုးစားပြီး အောင်မြင်မူ ချမ်းသာသုခများ ရရှိအောင် ကြိုးစားလုပ်ဆောင်သွားပါ။
မိမိအိမ်မှာ အဖိုးမတန်ဘူးဆိုပြီး ပစ်ထားတဲ့ ကျောက်လေးရှိနေတတ်ပါတယ်။ဘာကျောက်ပဲဖြစ်ဖြစ် အရောင်ကတော့ခပ်ဖျော့ဖျော့ပါပဲ။ထိပ်မှာလည်း အနာလေးပါနေတတ်ပါတယ်။
အဲ့ဒီကျောက်လေးကို ရှာပြီး ငွေလက်စွပ်လေးကွင်းပြီးမိတ်ဆွေ ရဲ့လက်မှာ ဝတ်ထားလိုက်ပါ။အဲ့ဒါအလွန်
ကောင်းတဲ့ အဆောင်ဖြစ်ပါလိမ့်မယ်။အရမ်းအကျိုးထူးများပေးသွားပါလိမ့်မယ်။
ကျန်းမာရေး တော့အနည်းငယ်ဂရုစိုက်ပါ။ဦးခေါင်းနဲ့ဝမ်းဗိုက်ဒုက္ခ ပေးတတ်ပါတယ်။ခေါင်းမူးတတ်
တယ်။ဗိုက်အောင့်တတ်တယ်။ရေချိုးမှားခြင်း၊ဝမ်းပျက်ခြင်း၊မျက်စိ အားနည်းတတ်တယ်။မျက်မှန်တပ်ရမယ်။
မိတ်ဆွေ မောင်နှမများ အဆိုးအညံ့ပြေပျောက်ပြီးကောင်းကျိုးချမ်းသာများ ပိုမိုရရှိစေ အတွက်
မြန်မာ-နှစ်ဆန်းတစ်ရက်နေ့ (17-4-2020) ရက်နေ့သောကြာနေ့ မှာ
ကံဆင့် ကံမြင့် ကံကောင်း လာဘ်ရွှင် ငွေရစေရန်တစ်နှစ်လုံး ကံကောင်းစေရန် အောင်မြင်စေရန် ဘုန်းတန်ခိုး
ကြီးစေရန် အကြံအစည်အောင်စေရန် အတွက်တန်ခိုးကြီး ဘုရားတစ်ဆူ၏ မိမိမွေးနံထောင့်မှာ
ကန်တော့ပွဲအစုံ - ၁ ပွဲ
နှင်းဆီပန်း - ၁၀ ပွင့်
ရွှေပန်း -၁၇ ကုံး
မေမြို့ပန်း -၁၉ ပွင့်
အုန်းညွှန့် - ၆ ညွှန့်
အမွှေးတိုင် - ၁၀ တိုင်
အလင်းတိုင် - ၁၀ တိုင်
ရေသပ္ပါယ်ပြီး မိမိ ဘဝ အတွက် လိုရာကို အလေးအနက်ဆုတောင်းပါ။
အောက်ဖော်ပြပါ ယတြာ (၁) လ တစ်ကြိမ် ပြုလုပ်ပါ။ဘုရား တစ်ဆူမွေးနံထောင့်မှာ
ကန်တော့ပွဲ နှင့် ကံ့ကော် (15) ညွှန့် ရွက်လှ (17) ညွှန့်လှူဒါန်းပြီးအလေးအနက် ဆုတောင်းပါ။
အညံ့များ ပြေပျောက်စေရန်မိမိဒူးအောက်ကနေ တနင်္ဂနွေညနေမှာ (အုန်းရည်) နဲ့ဆေးကြောပါ။
မိမိမွေးနေ့တိုင်းမှာ ဘုရား ရင်ဘက်တော်ကို ရွှေသင်္ကန်းကပ်လုူခြင်း ရေလှူခြင်း ပြုလုပ်ပါ။ဆုတောင်းပါ။
ဆရာ လင်းမြတ်ဘုန်းအောင်
Air Ticketing/Airlines လေယာဉ်လက်မှတ်အရောင်းဌာန ၈၉၀ ကိုရှာရန်နှိပ်ပါ။
ig
Zawgyi ဖြင့်ဖတ်ရန်...