၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အခက်အခဲအနည်းငယ်ပေါ်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးမည်။ နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ ငွေအနည်းငယ်

အလဟဿဖြစ်မည်။ စက်ပစ္စည်းအဟောင်းအိမ်လာထားပါက လက်မခံရ။ ဆေးရုံသို့ လူနာမေးသွားရမည်။ မေးခဲ့သော် ကောင်း၏။ နေအိမ်သို့ သဘောၤသီးတစ်လုံး ရောက်လာပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တန့်နေပါသည်။ တိုးတက်မှု

မရှိပါ။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်မည်။ အချစ်ရေးညံ့၏။ ချစ်သူ၏ သဝန်တိုမှုကို ခံရမည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ သနပ်ခါးရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္ဂနွေနေ့တွင် တန်ခိုးကြီးဘုရား တနင်္ဂနွေထောင့်မှာ အုန်းရွက် ၁၄ ရွက်ကပ်လှူပါ။

 


တနင်္လာနေ့

ငွေအတွက် သောကရောက်မည်။ ဈေးရောင်းဈေးဝယ်မှာ အနှောင့်အယှက်ပေါ်မည်။ တယ်လီဖုန်းပျောက်မည်။ အိမ်ပြင်၊ အိမ်ဆောက်ရလိမ့်မည်။ ဆွေမျိုးထဲမှာ နာရေးပေါ်မည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ ဖိအား

များမည်။ လယ်ယာမြေကိစ္စအတွက် သတင်းကောင်းကြားရမည်။ ချေးငွေများရရှိမည်။ နွားနက် (သို့မဟုတ်) သိုးနက်တစ်ကောင်ကို မြင်ပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှု ရှိသည်။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်း ရောဂါ

ရမည်။ အချစ်ရေးညံ့၏။ ချစ်သူ၏ အရွဲ့တိုက်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆွေမျိုးများ ဒုက္ခပေးပေးမည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်း

ရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္လာနေ့တွင် နေအိမ်ဘုရားစင်မှာ ငှက်ပျော်ကြော် ၅ ခုကပ်လှူပါ။

 

 

အင်္ဂါနေ့

ငွေအတွက် ပူပန်သောကရောက်မည်။ အလုပ်အတွက် အင်တာဗျူးဝင်ရမည်။ နိုင်ငံခြားမှ ငွေရောက်မည်။ လယ်ယာသုံးစက်ပစ္စည်းပျက်မည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း (သို့မဟုတ်) အလုပ်နေရာပြောင်း ဖြစ်မည်။ မော်တော်ဆိုင်ကယ် အရောင်းအဝယ်

ဖြစ်မည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ မေးခဲ့သော် ကောင်း၏။ စာချုပ်စာတမ်းတစ်ခု ပြုလုပ်ရမည်။ နိုင်ငံရေးလုပ်ငန်းမှာ စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရလိမ့်မည်။ ပန်းပင်၊ ပန်းအိုး ရောက်ပါက ‘၅’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးအခြေအနေမှာ စိုးရိမ်

စရာမလိုပါ။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါအနည်းငယ် ဖြစ်မည်။ အချစ်ရေးညံ့၏။ ချစ်သူနှစ်ဦးကြားမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း သာယာမှုမရှိပါ။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်း

သောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။

 

ယတြာ - အင်္ဂါနေ့ အင်္ဂါထောင့်မှာ ဖယောင်းတိုင် ၂၁ တိုင် ထွန်းညှိပူဇော်ပါ။

 

 

ဗုဒ္ဓဟူးနေ့

အလုပ်သစ်၊ လုပ်ငန်းသစ် အရောင်းအဝယ်သစ်ပေါ်မည်။ ငွေကြေးကိစ္စအတွက် ကူညီမည့်သူပေါ်မည်။ ရွှေအရောင်းအဝယ်၊ ကျောက်မျက်ရတနာ အရောင်းအဝယ်ကိစ္စမှာ လူလိမ်ခံရမည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲ ဖြေရမည်။ အပြင်ဝန်ထမ်း

ဖြစ်ပါက လစာတိုးမည်။ တောင်ကုန်းတောင်တန်း (သို့မဟုတ်) နိုင်ငံခြားသို့ ခရီးထွက်ရလိမ့်မည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ ဆွေမျိုးတစ်ဦး၏ ကျန်းမာရေးကိစ္စကို ကူညီရမည်။ နေအိမ်သို့ နာနတ်သီးရောက်ပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုး

ပါ။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ အေးစက်စက် ဖြစ်နေပါသည်။ အိမ်ထောင်ရေးမှာလည်း သာယာမှုမရှိပါ။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၇၊ ၈ ဂဏန်များ ဖြစ်

ပါသည်။ ကံကောင်းသောအရောင်မှာ ကာကီရောင် ဖြစ်ပါသည်။

 

ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ အုန်း ၁၄ ရွက် ကပ်လှူပါ။

 

 

ကြာသပတေးနေ့

ဆန်၊ စပါး ရောင်းဝယ်ရေးကောင်းမည်။ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဆိုင်ကယ်အတွက် စိတ်ညစ်ရမည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း (သို့မဟုတ်) အလုပ်နေရာပြောင်း ဖြစ်မည်။ ကြွေးကိစ္စစကားပြောရ

မည်။ နိုင်ငံခြားမှ လက်ဆောင် (သို့မဟုတ်) သတင်းကောင်းရောက်မည်။ သူငယ်ချင်း၊ မိတ်ဆွေ တစ်ဦးဦး၏ လုပ်ငန်းကိစ္စ၊ စီးပွားရေးကိစ္စကို ကူညီရမည်။ နေအိမ်သို့ ဆွမ်းအုပ်တစ်လုံးရောက်လာပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်း

ပါသည်။ နိုင်ငံခြားမှာ ကျောင်းဝင်ခွင့်လျှောက်ထားပါက ရမည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ သာယာပါသည်။ အိမ်ထောင်ရေးလည်း စိုပြေပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ

ရွှေအိုရောင် ဖြစ်ပါသည်။

 

ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ နှင်းဆီနီ ၇ ပွင့် ကပ်လှူပါ။

 


သောကြာနေ့

ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ မော်တော်ဆိုင်ကယ် အသစ်ဝင်မည်။ မိသားစုအတွင်း မပြေလည်မှုများ ရှိပါက ယခုရက်အတွင်း ပြန်လည်ပြေလည်မှု ရရှိမည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ်မှာ အနှောင့်အယှက်ပေါ်မည်။ ငွေကြေးကိစ္စ

အတွက် ခရီးထွက်ရမည်။ နိုင်ငံခြားမှ အလုပ်သတင်းကောင်းဝင်မည်။ မြေ၊ အိမ်ဝိုင်း အရောင်းအဝယ်မှာ အနှောင့်အယှက်ပေါ်မည်။ စာချုပ်စာတမ်းပြုလုပ်ရမည်။ တယ်လီဖုန်းပျောက်မည်။ နေအိမ်သို့ နာရီတစ်လုံး ရောက်လာပါက ‘၂’ အစ ‘၉’ အဆုံး အစိုးရထီ

ထိုးပါ။ ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ခြေထောက်နာမည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အဖြူရောင် ဖြစ်ပါသည်။

 

ယတြာ - သောကြာနေ့ သောကြာထောင့်မှာ နှင်းဆီ ၁၀ ပွင့် ကပ်လှူပါ။

 

 

စနေနေ့

မိသားစုအတွင်းသို့ သတင်းကောင်းရောက်မည်။ ရရန်ရှိသောငွေများ ဝင်လာမည်။ ဆန်၊ စပါး ရောင်းဝယ်ရေး အိမ်ဆောက်ရန်ပန္နက်ရိုက်ရလိမ့်မည်။ ဆွေမျိုးအကြီးအကဲတစ်ဦးထံမှ အကူအညီရမည်။ စက်ပစ္စည်းအသစ်ဝင်မည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမည့်

သတင်း၊ လစာတိုးမည့်သတင်း ကြားရမည်။ ရွှေလုပ်ငန်း၊ ရွှေတူးဖော်သော လုပ်ငန်းအောင်မြင်မည်။ မော်တော်ကားအရောင်းအဝယ်မှာ စကားများရမည်။ နေအိမ်သို့ကုတင်တစ်လုံးရောက်လာပါက ‘၅’ အစ ‘၉’ အဆုံးအစိုးရထီထိုးပါ။ ပညာရေးနှင့်ပတ်သက်ပြီး

စိတ်သောကရောက်ရလိမ့်မည်။ ကျန်းမာရေးအနေဖြင့် ဇက်ကြောတက်မည်။ အချစ်ရေးမှာ အခြေအနေမကောင်းပါ။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဖက်နှင့် သင့်မြတ်မှုမရှိပါ။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်း

သောအရောင်မှာ ရေညှိစိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ - စနေနေ့တွင် နေအိမ်ဘုရားစင်မှာ ယို ၄ မျိုးကပ်လှူပါ။

 

 

 

Source: 1875

Read times Last modified on Monday, 19 October 2020 13:41
Rate this item
(1 Vote)