ကိုယ့်ချစ်သူ စိတ်ချမ်းသာအောင် လုပ်နိုင်တဲ့အချက်များ

ကိုယ့်ချစ်သူ စိတ်ချမ်းသာအောင် လုပ်နိုင်တဲ့အချက်များ google.com

ကိုယ့်ချစ်သူစိတ်ချမ်းသာအောင်ဆိုတဲ့ အချက်များက နှစ်ဦးသား အရင်ကထက် ပိုမိုပျော်ရွှင်လာမယ်လို့ ဆိုလိုချင်ပါတယ်။

တစ်ယောက်တည်းပြုလုပ်နေရုံနဲ့ အဆင်မပြေနိုင်ပါဘူး။ ယခုအချက်များက နှစ်ဦးစလုံး လုပ်ဆောင်သင့်တဲ့ အချက်များဖြစ်ပါတယ်။

 

တစ်ဦးအပေါ်တစ်ဦးသစ္စာရှိခြင်း

 

တစ်ဦးအပေါ်တစ်ဦးသစ္စာမရှိလို့ရှိရင် အချစ်ရေးက ဘယ်တော့မှ ရေရှည်မခံနိုင်ပါ။ ကိုယ်ကိုယ်တိုင်က သစ္စာမရှိရင် ချစ်သူဆီက ယုံကြည်မှုကိုလည်း မရရှိနိုင်ပါဘူး။

 

ယုံကြည်မှုမရှိတော့ရင် တစ်ယောက်အပေါ်တစ်ယောက် သံသယတွေ ကြီးထွားလာပြီး ပြဿနာတွေဖြစ်နိုင်ပါတယ်။

 

ဖြစ်ပေါ်လာတဲ့ အခြေအနေကို ရင်မဆိုင်နိုင်ရင်တော့ ချစ်သူနှစ်ဦး လမ်းခွဲကြတဲ့အထိ အခြေအနေဆိုးရွား သွားနိုင်ပါတယ်။ ထို့ကြောင့် သင့်ချစ်သူအပေါ် သစ္စာရှိဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။

 

ချစ်သူကို ကြင်နာခြင်း

 

ကိုယ့်ချစ်သူနဲ့ ပေါင်းဖက်ချင်ရင်တော့ ချစ်သူကို ချစ်နေပေးဖို့ လိုအပ်ပါတယ်။ သင့်ချစ်သူကို သေသေချာချာ ဂရုတစိုက်နဲ့ ချစ်ခင်ယုယကြင်နာစွာ မယ်ဆိုရင်တော့ သင့်အချစ်တွေကို သူက အမှန်တကယ် ခံစားမိလာစေမှာပါ။

 

လေးစားမှုရှိခြင်း

 

ချစ်သူအများစုက ကိုယ့်ရဲ့မိတ်ဆွေကြား၊ လုပ်ဖော်ကိုင်ဖက်ကြားမှာတော့ လေးစားမှုတွေရှိတတ်ကြသော်လည်း ကိုယ့်ချစ်သူနဲ့ပတ်သက်လာရင်တော့ လေးစားမှုမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ နှစ်ဦးအတူ လေးစားမှုတွေ အပြန်အလှန်ရှိရင်တော့ ပတ်ဝန်းကျင်က အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

 

စိတ်ဓာတ်ကောင်းအောင်ကြိုးစားခြင်း

 

အချစ်ရေးတွင်မှ မဟုတ်ဘဲ ဘယ်နေရာမှာပဲဖြစ်ဖြစ် မကောင်းတဲ့စိတ်ကို ထိန်းချုပ်နိုင်မှ အောင်မြင်မှုကို ရရှိမှာဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူကို စိတ်ဆင်းရဲစေမယ့်အလုပ်မျိုးဆိုရင် အစကတည်းက မလုပ်မိပါစေနဲ့။ လုပ်ပြီးခါမှ ပြဿနာဖြေရှင်းရတာထက် မလုပ်ခင်ကြိုတင် ဆင်ခြင်လိုက်ရင် ပိုကောင်းသွားပါလိမ့်မယ်။

 

ချစ်သူမသိအောင် နောက်ထပ် ရည်းစားတစ်ယောက်ယောက်ထားလို့ ရချင်ရပါလိမ့်မယ်။ ကိုယ့်လို အကျင့်ဆိုးရှိတဲ့လူကို တစ်သက်လုံး ယုံကြည်မှုနဲ့ လက်တွဲချင်တဲ့သူ ရှားသွားပါလိမ့်မယ်။

 

 

Read times Last modified on Wednesday, 19 September 2018 15:21
Rate this item
(1 Vote)