ချစ်သူက ကိုယ့်အပေါ်ချစ်လာစေမည့်အချက်များ - ၂

ချစ်သူက ကိုယ့်အပေါ်ချစ်လာစေမည့်အချက်များ - ၂ google.com

မိန်းကလေးအများစုကတော့ ကိုယ့်ချစ်သူ၏ အရမ်းချစ်ပြီး ကြင်နာယုယတဲ့

အချစ်ကိုခံရတာလောက် ကြည်နူးစရာကောင်းတာမရှိတော့ဘူးဟု မြင်တတ်ကြပါတယ်။

 

သို့ပေမယ့် အဲဒီလို အချစ်ခံရဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

လေးစားမှုရှိခြင်း

 

မိန်းကလေးအများစုကတော့ အချစ်ခံချင်တယ်၊ ယောက်ျားလေးတွေကတော့ လေးစားတာ ခံချင်ကြပါတယ်။

 

ထို့ကြောင့် သင့်ချစ်သူကို လူတွေရှေ့မှာ လေးစားသမှုကို ပြသင့်ပါတယ်။

 

တကယ်လို့ သင်တို့နှစ်ယောက်တည်းရှိတဲ့အချိန်မှာ သင့်ကို သည်းခံပေးခြင်း၊ သင့်အကြိုက်လိုက်ပေးခြင်း၊ သင့်အနွံတာကို ခံပေးခြင်း စတာတွေက သူအလို လိုက်လျောပေးခြင်းပဲ ဖြစ်ပါလိမ့်မယ်။

 

သို့ပေမယ့် လူအများရှေ့ရောက်ရင်တော့ သူ့ကို လေးစားပြဖို့ လုံးဝ မမေ့သင့်ပါဘူး။ ဒီနည်းလမ်းတွေကတော့ သူ့ဆီက အချစ်တွေအားလုံးကို အပိုင်သိမ်းနိုင်မယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။

 

ထိတွေ့မှုရှိခြင်း

 

သင့်ချစ်သူကို များများထိတွေ့ပေးသင့်ပါတယ်။ ဘယ်လိုအချိန်မျိုးမှာလဲဆိုတော့ သင်တို့နှစ်ယောက် လျှောက်လည်တဲ့အခါ လက်တွဲတာ၊ တစ်ယောက်နဲ့တစ်ယောက် မှီပြီးထိုင်တာ၊ ဆော့ကစားတာ၊ ပွေ့ဖက်တာ၊ နမ်းတာတွေ များများ လုပ်ပေးသင့်ပါတယ်။

 

တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုများ များလာတဲ့အခါ သံယောဇဉ်များ ပိုမိုခိုင်မာလာတာကြောင့် ကြာလာရင် သင့်ကို မျက်စိအောက်ကနေတောင် အပျောက်ခံတော့မှာ မဟုတ်တော့ပါဘူး။

 

လှပအောင်ပြင်ဆင်ခြင်း

 

ယင်းအချက်ကတော့ အရမ်းကို အရေးကြီးပါတယ်။ သင့်ချစ်သူက သင့်ကို မပြင်ပဲနေလည်း လှပါတယ်လို့ ပြောချင်ပြောလိမ့်မယ်။

 

သို့ပေမယ့် ကိုယ့်အကြောင်း ကိုယ်သိတာကောင်းပါတယ်။ ပြင်တာနဲ့၊ မပြင်တာနဲ့ ရွေးမယ်ဆိုရင် ပြင်တာကိုပဲ ရွေးမှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:08
Rate this item
(4 votes)