မင်္ဂလာဆောင်မယ့်နေ့အလိုက် သုံးသင့်တဲ့ ပန်းများ

မင်္ဂလာဆောင်မယ့်နေ့အလိုက် သုံးသင့်တဲ့ ပန်းများ google

မင်္ဂလာပွဲ တစ်ပွဲရဲ့ လှပတင့်တယ်မှုနဲ့ ခမ်းနားထည်ဝါမှုတွေအတွက် ပန်းအပြင်အဆင်လေးတွေက အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုပါ။

ဒါကြောင့် ကိုယ့်ရဲ့ မင်္ဂလာပွဲ ပန်းအပြင်အဆင်မှာ ထည့်သွင်းအသုံးပြုတဲ့ ပန်းအမျိုးအစားတွေက အသင့်တော်ဆုံး အမျိုးအစားတွေ ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါပြင့် အတိတ်ကောင်း နမိတ်ကောင်းတွေနဲ့ ရှေ့လျှောက် ဘဝခရီးလမ်းကို ချောမွေ့အဆင်ပြေအောင် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်တဲ့ ပန်းမျိုး ဖြစ်ဖို့ အရေးကြီးပါတယ်။ မင်္ဂလာဆောင်မယ့် နေ့ရက်၊ အချိန်အခါ စတာတွေကို လိုက်ပြီး သုံးသင့်တဲ့ ပန်းအမျိုးအစားတွေလည်း ရှိပါတယ်။

 

ဒါကြောင့် စုံတွဲလေးတွေ အတွက်လည်း မင်္ဂလာဆောင်မယ့်နေ့ရက်ပေါ် မူတည်ပြီး သုံးသင့်တဲ့မင်္ဂလာပန်းတွေအကြောင်း ဝေမျှပေးချင်ပါတယ်။

 

တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

တနင်္ဂနွေနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ ကံ့ကော်ပန်း ကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

တနင်္လာနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

တနင်္လာနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ နှင်းဆီပန်း ကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

အင်္ဂါနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

အင်္ဂါနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ ဇလပ်ပန်း ကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

ဗုဒ္ဓဟူးနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

ဗုဒ္ဓဟူးနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ စံပယ်ပန်း ကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

ကြာသပတေးနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

ကြာသပတေးနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ သဇင်ပန်း၊ သစ္စာပန်း စတဲ့ပန်းတွေကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

သောကြာနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

သောကြာနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ ဒန်းပန်း၊ နှင်းပန်း ကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

စနေနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

စနေနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ အုန်းပန်း ကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

Credit : Marry

Read times Last modified on Friday, 08 February 2019 11:35
Rate this item
(1 Vote)