အိန္ဒိယရိုးရာမင်္ဂလာဆောင်တွေမှာဘာကြောင့်အနီရောင်အသုံးများကြတာလဲ…

အိန္ဒိယရိုးရာမင်္ဂလာဆောင်တွေမှာဘာကြောင့်အနီရောင်အသုံးများကြတာလဲ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့ခေတ်ရေစီးကြောင်းအရ ဘောလိဝုဒ်ရုပ်ရှင်တွေ၊အိန္ဒိယ ရုပ်သံဇာတ်လမ်းတွဲတွေ လူကြိုက်များလာတာနဲ့အမျှ အိန္ဒိယယဉ်ကျေးမှုတွေကို စိတ်ဝင်စားမှုမြင့်မားလာကြပါတယ်။

 

ဒါကြောင့် ဒီနေ့မှာ အိန္ဒိယ ရိုးရာမင်္ဂလာဆောင်တွေမှာ ဘာကြောင့် အနီရောင်အသုံးများကြတာလဲ၊ဘယ်လိုအသုံးအဆောင်တွေအတွက် အနီရောင်ကိုအဓိကထားပြီးရွေးချယ်အသုံးပြုကြသလဲဆိုတာကို Myanmar Wedding Guide ကဖော်ပြပေးချင်ပါတယ်။

 

(၁)အနီရောင်သတို့သမီးဝတ်စုံ

 

အိန္ဒိယယဉ်ကျေးမှုတွေမှာ အရောင်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပြီး အနီရောင်ကတော့ ချစ်ခြင်းမေတ္တာနဲ့စိတ်အားထက်သန်မှုုတို့ကိုကိုယ်စားပြုပါတယ်။

 

အနီရောင်ဝတ်ဆင်ထားတဲ့သတို့သမီးဆိုတာဘဝသစ်တစ်ခုကိုစတင်တော့မယ့်အမျိုးသမီးလို့အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီးအိန္ဒိယနက္ခတ်ဗေဒင်အရလက်ထပ်ထိမ်းမြားမှုကိုကိုယ်စားပြုတဲ့အင်္ဂါဂြိုဟ်ရဲ့အရောင်ကလည်းအနီရောင်ဖြစ်ပါတယ်။

 

ဒါကြောင့် အိန္ဒိယ ရိုးရာမင်္ဂလာဆောင်တွေမှာသတို့သမီးလေးတွေဟာဂုဏ်သိက္ခာ၊လှပကြော့ရှင်းမှုနဲ့လွတ်လပ်မှုတို့ကိုအတိအကျဖော်ညွှန်းပေးနိုင်တဲ့အနီရောင်သတို့သမီးဝတ်စုံလေးတွေကိုပဲ ဆင်မြန်းကြတာဖြစ်ပါတယ်။

 

(၂)အနီရောင်ဘင်ဒီ၊

 

ဟိန္ဒူရိုးရာအရ အပျိုစင်မိန်းကလေးတွေအနေနဲ့ဘင်ဒီအနက်ရောင်နဲ့တန်ဆာဆင်ကြရပြီး လက်ထပ်ပြီးသားအမျိုးသမီးတွေကတော့ ဘင်ဒီအနီရောင်နဲ့တန်ဆာဆင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

 

(၃)အနီရောင်ဒန်းဆိုးဆေး

 

သတို့သမီးလေးတွေရဲ့လက်ဖဝါးမှာရေးဆွဲအလှဆင်ရတဲ့ဒန်းဆိုးဆေးအရောင်ကလည်းအနီရောင်ပဲဖြစ်ပါတယ်။

 

(၄)အနီရောင်လက်ဝတ်ရတနာ

 

အိန္ဒိယသတို့သမီးလေးတွေအနေနဲ့အနီရောင်သတို့သမီးဝတ်စုံကိုဝတ်ဆင်တဲ့အတွက် လက်ဝတ်ရတနာကို မိမိစိတ်ကြိုက်ဆင်ယင်နိုင်ပါတယ်။ဒါပေမယ့် အိန္ဒိယသတို့သမီးအများစုကတော့ အနီရောင်လက်ဝတ်ရတနာတွေဆင်မြန်းကြပါတယ်။

 

အိန္ဒိယ ရိုးရာမင်္ဂလာဆောင်တွေဟာ Mehendi အခမ်းအနား၊ Tilak အခမ်းအနား စသဖြင့် ရက်တော်တော်ကြာကျင်းပကြပြီး အနီရောင်က ပွဲအခမ်းအနားရဲ့အပြင်အဆင်တွေမှာ တစ်နည်းနည်းနဲ့ ပါဝင်နေတာကိုမြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။

 

Reference:bollywoodshaadis.com

 

 

Zawgyi ျဖင့္ဖတ္ရန္

 

အားလံုးပဲ မဂၤလာပါရွင္။ဒီေန႔ေခတ္ေရစီးေၾကာင္းအရ ေဘာလိဝုဒ္ရုပ္ရွင္ေတြ၊အိႏၵိယ ရုပ္သံဇာတ္လမ္းတြဲေတြ လူႀကိဳက္မ်ားလာတာနဲ႔အမွ် အိႏၵိယယဥ္ေက်းမႈေတြကို စိတ္ဝင္စားမႈျမင့္မားလာၾကပါတယ္။

 

ဒါေၾကာင့္ ဒီေန႔မွာ အိႏၵိယ ရိုးရာမဂၤလာေဆာင္ေတြမွာ ဘာေၾကာင့္ အနီေရာင္အသံုးမ်ားၾကတာလဲ၊ဘယ္လိုအသံုးအေဆာင္ေတြအတြက္ အနီေရာင္ကိုအဓိကထားၿပီးေရြးခ်ယ္အသံုးျပဳၾကသလဲဆိုတာကို Myanmar Wedding Guide ကေဖာ္ျပေပးခ်င္ပါတယ္။

 

de3

 

(၁)အနီေရာင္သတို႔သမီးဝတ္စံု

 

အိႏၵိယယဥ္ေက်းမႈေတြမွာ အေရာင္ေတြဟာ အေရးႀကီးတဲ့အခန္းက႑မွာပါဝင္ေနၿပီး အနီေရာင္ကေတာ့ ခ်စ္ျခင္းေမတၱာနဲ႔စိတ္အားထက္သန္မႈုတို႔ကိုကိုယ္စားျပဳပါတယ္။

 

အနီေရာင္ဝတ္ဆင္ထားတဲ့သတို႔သမီးဆိုတာဘဝသစ္တစ္ခုကိုစတင္ေတာ့မယ့္အမ်ိဳးသမီးလို႕အဓိပၸာယ္ဖြင့္ဆိုႏိုင္ၿပီးအိႏၵိယနကၡတ္ေဗဒင္အရလက္ထပ္ထိမ္းျမားမႈကိုကိုယ္စားျပဳတဲ့အဂၤါၿဂိဳဟ္ရဲ႕အေရာင္ကလည္းအနီေရာင္ျဖစ္ပါတယ္။

 

ဒါေၾကာင့္ အိႏၵိယ ရိုးရာမဂၤလာေဆာင္ေတြမွာသတို႔သမီးေလးေတြဟာဂုဏ္သိကၡာ၊လွပေၾကာ့ရွင္းမႈနဲ႔လြတ္လပ္မႈတို႔ကိုအတိအက်ေဖာ္ညႊန္းေပးနိုင္တဲ့အနီေရာင္သတို႔သမီးဝတ္စံုေလးေတြကိုပဲ ဆင္ျမန္းၾကတာျဖစ္ပါတယ္။

 

de7

 

(၂)အနီေရာင္ဘင္ဒီ၊

 

ဟိႏၵဴရိုးရာအရ အပ်ိဳစင္မိန္းကေလးေတြအေနနဲ႔ဘင္ဒီအနက္ေရာင္နဲ႔တန္ဆာဆင္ၾကရၿပီး လက္ထပ္ၿပီးသားအမ်ိဳးသမီးေတြကေတာ့ ဘင္ဒီအနီေရာင္နဲ႔တန္ဆာဆင္ရမယ္လို႔ သတ္မွတ္ထားပါတယ္။

 

de9

 

(၃)အနီေရာင္ဒန္းဆိုးေဆး

 

သတို႔သမီးေလးေတြရဲ႕လက္ဖဝါးမွာေရးဆြဲအလွဆင္ရတဲ့ဒန္းဆိုးေဆးအေရာင္ကလည္းအနီေရာင္ပဲျဖစ္ပါတယ္။

 

de6

 

(၄)အနီေရာင္လက္ဝတ္ရတနာ

 

အိႏၵိယသတို႔သမီးေလးေတြအေနနဲ႔အနီေရာင္သတို႔သမီးဝတ္စံုကိုဝတ္ဆင္တဲ့အတြက္ လက္ဝတ္ရတနာကို မိမိစိတ္ႀကိဳက္ဆင္ယင္နိုင္ပါတယ္။ဒါေပမယ့္ အိႏၵိယသတို႔သမီးအမ်ားစုကေတာ့ အနီေရာင္လက္ဝတ္ရတနာေတြဆင္ျမန္းၾကပါတယ္။

 

အိႏၵိယ ရိုးရာမဂၤလာေဆာင္ေတြဟာ Mehendi အခမ္းအနား၊ Tilak အခမ္းအနား စသျဖင့္ ရက္ေတာ္ေတာ္ၾကာက်င္းပၾကၿပီး အနီေရာင္က ပြဲအခမ္းအနားရဲ႕အျပင္အဆင္ေတြမွာ တစ္နည္းနည္းနဲ႔ ပါဝင္ေနတာကိုျမင္ေတြ႔ၾကရမွာပဲျဖစ္ပါတယ္။

 

Reference:bollywoodshaadis.com

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 06 February 2020 11:34
Rate this item
(0 votes)
Tagged under