မြန်မာနိုင်ငံအတွင်း Honeymoon သွားဖို့ရေပန်းအစားဆုံးနေရာများ

မြန်မာနိုင်ငံအတွင်း Honeymoon သွားဖို့ရေပန်းအစားဆုံးနေရာများ google

ဒီနေ့မှာတော့မင်မင်က စုံတွေတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း Honeymoon သွားဖို့အများဆုံးရွေးချယ်ကြတဲ့နေရာတွေကိုဖော်ပြပေးချင်ပါတယ်။

မန္တလေးနဲ့ဦးပိန်တံတား

မန္တလေးဟာမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့အပြင် ယဉ်ကျေးမှုထွန်းကားရာမြို့တော်လည်း

ဖြစ်တဲ့အတွက် ပြည်တွင်းခရီးသွားများသာမက ပြည်ပနိုင်ငံတွေက ခရီးသွားတွေကိုပါ

ဆွဲဆောင်နိုင်လွန်းပါတယ်။။မန္တလေးကို Honeymoon သွားဖို့ရွေးချယ်မယ်ဆို ရှေးဟောင်းမြို့တော်တွေဖြစ်တဲ့

အမရပူရနဲ့စစ်ကိုင်းမြို့တို့ကိုပါ သွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

ma

မန္တလေးလို့ပြောလိုက်တာနဲ့အရင်ဆုံးတွဲမြင်မိကြတာက ဦးပိန်တံတားဖြစ်မယ်ထင်ပါတယ်နော်။

ကြီးမားတဲ့ကျွန်းတိုင်ကြီးတွေနဲ့တည်ဆောက်ထားတဲ့ဦးပိန်တံတားဟာ တောင်တမန်အင်းကို

ဖြတ်သန်းတည်ဆောက်ထားတာဖြစ်လို့ညနေခင်းချစ်သူနဲ့လမ်းလျှောက်ထွက်ရင် အရမ်းအေးချမ်းသာယာမှာပါနော်။

ဦးပိန်တံတားပေါ်ထိုင်ကာ ဆည်းဆာကြည့်ရတဲ့အရသာကလည်း မန္တလေးကို Honeymoon ထွက်ပြီးကြတဲ့စုံတွဲတိုင်

း နှစ်သက်သဘောကျကြတဲ့ အရာဖြစ်ပါတယ်။

u

ပုဂံ

ဒီနှစ်မှ ပူပူနွေးနွေး UNESCO စာရင်းဝင်ထားတဲ့ မြန်မာလူမျိုးတွေရဲ့နှလုံးသားမြို့တော်ပုဂံဟာဆိုရင်

Honeymoon ထွက်ကြတဲ့စုံတွဲတွေသာမက လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရဲ့စိတ်ဝင်စားမှုကို ခံနေရတာပါ။

သိကြတဲ့အတိုင်း ပုဂံဟာ မြန်မာနိုင်ငံဆိုပြီးစတင်ဖြစ်တည်လာဖို့အခြေခံအုတ်မြစ်ဖြစ်ခဲ့တဲ့အတွက်

နိုင်ငံသားတိုင်းတစ်သက်မှာတစ်ခါတော့ရောက်အောင်သွားကြတဲ့နေရာဖြစ်ပါတယ်။E- bike လေးတွေစီးပြီး

ပုဂံတစ်မြို့လုံးအနှံ့လျှောက်လည်မလား။ပုဂံရဲ့အလှအပမှန်သမျှကို မိုးပျံလေပူဖောင်းကြီးစီးပြီး

အပေါ်စီးကနေကြည့်ရှုခံစားမလား၊။ပုဂံဟာ Honeymoon အနေနဲ့သာမက ချစ်ခွင့်ပန်ဖို့

အကောင်းဆုံးနေရာတစ်ခုအဖြစ်နဲ့လည်းခရီးသွားများအကြားရေပန်းစားပါသေးတယ်။

မိုးပျံလေပူဖောင်းပေါ်မှာ ချစ်ခွင့်ပန်တာကလည်း အရမ်းအရမ်း rometic ဆန်ပါတယ်နော်။

bg

အင်းလေး

ရှမ်းအစားအစာလေးတွေကိုကြိုက်နှစ်သက်ပြီး ရာသီဥတုအေးချမ်းတဲ့နေရာလေးတွေကို သဘောကျတတ်တဲ့

စုံတွဲလေးတွေကတော့ အင်းလေးကို Honeymoon သွားဖို့ရွေးချယ်တတ်ကြပါတယ်နော်။

အင်းလေးဖောင်တော်ဦးနဲ့ရေပေါ်ဈေးဟာ အင်းလေးရဲ့အထိမ်းအမှတ်ဖြစ်ပြီး ရှမ်းအစားအစာတွေကလည်း

ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်လွန်းတာကြောင့်ပါ။ဒါ့အပြင်ခြေထောက်နဲ့လှော်တဲ့ လှေတွေကို

အင်းလေးတစ်နေရာတည်းမှာမြင်ခွင့်ရမှာဖြစ်ပြီး ကြာသင်္ကန်းရက်လုပ်တဲ့လက်မှုအနုပညာကိုလည်း

လေ့လာနိုင်တဲ့အတွက် မြေပြန့်က ခရီးသွားစုံတွဲတွေနှစ်ခြိုက်သဘောကျကြတာလည်းဖြစ်ပါတယ်နော်။

in

အခုဖော်ပြပေးတဲ့နေရာ(၃)နေရာက လက်ရှိအချိန်ထိ Honeymoon ထွက်တဲ့ စုံတွဲတွေအကြားရေပန်းအစားဆုံးနေရာတွေ

ဖြစ်ပါတယ်နော်။

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under