ဟန်းနီးမွန်းမှာ ဒါတွေ မလုပ်ပါနဲ့

ဟန်းနီးမွန်းမှာ ဒါတွေ မလုပ်ပါနဲ့ google.com

ဟန်းနီးမွန်းခရီးက စိတ်လက်အပန်းပြေဖို့ သက်တောင့်သက်သာရှိဖို့ လိုအပ်တာမို့ အရေအတွက်များတာထက် အရည်အသွေးကောင်းတဲ့ ခရီးစဉ်မျိုးကို ရွေးချယ်ပေးပါ။

 

ဟန်းနီးမွန်းဆိုတာ နှစ်ယောက်တစ်ဘဝအတွက် ပထမဆုံး ခြေလှမ်းတစ်ခုပါ။ အစကောင်းမှ အနှောင်းသေချာတယ်ဆိုတဲ့ စကားလည်းရှိတာမို့ ဟန်းနီးမွန်းခရီးမှာတောင် အဆင်ပြေပြေမဖြစ်နိုင်ခဲ့ရင် နှစ်ယောက်သား ဘဝခရီးရှည်ကြီးကို ဘယ်လိုရှေ့ဆက်လှမ်းကြမလဲ။ ဒီတော့ ပျော်စရာကောင်းတဲ့ ပျားရည်ဆမ်းကာလလေးကို ပိုင်ဆိုင်နိုင်ဖို့ ဒါတွေကို ရှောင်ရှားဖို့ လိုတယ်နော်။

 

 

အများကြီး သယ်ဆောင်သွားတာ

 

ခရီးတစ်ခါထွက်တာ အိမ်တစ်ခေါက်ပြောင်းသလောက် ရှုပ်ထွေးပွေလီနေလို့ မဖြစ်ဘူးလေ။ တစ်ချို့ စုံတွဲလေးတွေကတော့ ဟန်းနီးမွန်းခရီးအတွက် အဆင်မပြေမှာစိုးရိမ်ပြီး ပစ္စည်း ပစ္စယတွေ အများကြီး သယ်ဆောင်သွားတတ်ကြပါတယ်။ တကယ်တော့ သယ်ဆောင်ရမယ့်ပစ္စည်းတွေ အများကြီးနဲ့ ခရီးထွက်တာက ပိုပြီးအဆင်မပြေ ဖြစ်စေတာပါ။ သယ်ဆောင်ရတာ လေးလံခက်ခဲတဲ့အတွက် လူကို ပင်ပန်းစေပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ တာဝန်ပိုတဲ့အတွက်လည်း စိတ်ကိုကောင်းကောင်း အနားမရစေပါဘူး။ ဒါ့အပြင် အရေးပေါ်လိုအပ်လာတဲ့ ပစ္စည်းတွေကိုလည်း အများအပြား ထည့်ယူလာတဲ့ ပစ္စည်းတွေကြားမှာ အလွယ်တကူ ပြန်ရှာမရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

 

 

အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးခြင်း

 

ကုန်ပစ္စည်း ထုတ်လုပ်နေတာနဲ့ သဘောသဘာဝ မတူဘူးဆိုပေမယ့် ဟန်းနီးမွန်း ခရီးမှာလည်း အရည်အသွေးတွေ၊ အရေအတွက်တွေ ဆိုတာ ရှိပါတယ်။ နေရာမျာျးမာျး ရောက်တာ၊ ခရီးစဉ် ရှည်တာတွေက အရေအတွက်တွေ ဖြစ်ပြီးတော့ ဘယ်လိုနေရာမှာ နေမယ် ၊ ဘယ်လို ဟိုတယ်မှာတည်းမယ် ဆိုတာမျိုးတွေက အရည်အသွေး ဖြစ်ပါတယ်။ ဟန်းနီးမွန်းခရီးက စိတ်လက်အပန်းပြေဖို့ သက်တောင့်သက်သာရှိဖို့ လိုအပ်တာမို့ အရေအတွက်များတာထက် အရည်အသွေးကောင်းတဲ့ ခရီးစဉ်မျိုးကို ရွေးချယ်ပေးပါ။

 

 

စနစ်တကျ မစီစဉ်တာ

 

စနစ်ကျခြင်းဟာ အရာရာကို လွယ်ကူစေပါတယ်။ စိတ်ပင်ပန်း လူပင်ပန်းလည်း သက်သာစေပါတယ်။ ဒါကြောင့် စိတ်အေးလက်အေး အပန်းဖြေ ဟန်းနီးမွန်းသွားချင်ရင်တော့ မသွားခင်ကတည်းက ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အဲ့လို မစီစဉ်ထားဘူးဆိုရင် အဆင်မပြေမှုတွေ စိတ်ရှုပ်ထွေးစရာတွေနဲ့ ဟန်းနီးမွန်းကာလကြီးက ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးနော်။

 

 

Credit;Marry

Read times Last modified on Wednesday, 03 October 2018 15:44
Rate this item
(1 Vote)
Tagged under