ကြင်စဦးဇနီးမောင်နှံ အမှတ်တရ ပျားရည်ဆမ်းခရီးစဉ် ကြိုတင်စီစဉ်ခြင်း

ကြင်စဦးဇနီးမောင်နှံ အမှတ်တရ ပျားရည်ဆမ်းခရီးစဉ် ကြိုတင်စီစဉ်ခြင်း google.com

ပျားရည်ဆမ်းခရီးစတင်ခြင်း

 

ပျားရည်ဆမ်းခရီးဆိုတာ မင်္ဂလာပွဲဆင်ယင်ကျင်းပပြီးနောက် အရေးအကြီးဆုံး အချိန်လို့ ဆိုနိုင်ပါတယ်။

 

သင်နှင့် သင့်ချစ်သူ တူနှစ်ကိုယ် သီးသန့်ဖြတ်သန်းရမယ့် အချိန်လေးလည်း ဖြစ်ပါတယ်။

 

သင့် ပျားရည်ဆမ်းခရီးစဉ်ရဲ့ ပျော်ရွှင်မှုတွေက နောင်နှစ်ပေါင်းများစွာတိုင် သတိရနေရမှာ ဖြစ်ပါတယ်။

 

ပျားရည်ဆမ်း ခရီးစဉ်ကာလမှာ ကြုံတွေ့ရမယ် အဆိုးအကောင်း အဖြစ်အပျက်များက ရှေ့ဆက်ရမယ့် ဘ၀များအတွက် အလှည့် အပြောင်း ဖြစ်သွားနိုင်ပါတယ်။

 

ခရီးသွားမည့်ရက်ရွေးခြင်း

 

ချစ်သူနှင့် ပျားရည်ဆမ်း ခရီးအကြောင်း တိုင်ပင်သင့်ပါတယ်။ တူနှစ်ကိုယ် ခရီးစဉ်အတွက် အကြိုက်တူဖို့ လိုပါတယ်။

 

သို့မှသာ ကိုယ်ခန့်မှန်ထားတဲ့ ကုန်ကျငွေနှင့် ပြန်ရလိုက်တဲ့ ပျော်ရွင်မှုက အတိုင်းထက် အလွန်ဖြစ်မှာ သေချာပါတယ်။

 

ကိုယ်သွားမယ့် ခရီးစဉ်ရဲ့ ဈေးအသက်သာဆုံး ကာလကို ရွေးချယ်တတ်ရပါမယ်။ သတင်းအချက်အလက် အလွယ်တကူရနိုင်တဲ့ ကာလမို့ ခက်ခဲတဲ့ အလုပ်တော့ မဟုတ်တော့ပါဘူး။

 

သက်ဆိုင်ရာဒေသရဲ့ နေထူးနေ့မြတ်တွေ၊ အလုပ်ပိတ်ရက်တွေကို ရှောင်ရှားနိုင်ရင် အကောင်းဆုံးပါပဲ။ မင်္ဂလာပွဲ ကျင်းပမယ့်ရက်နဲ့တိုက်ပြီး အကောင်းဆုံးခရီးစဉ်ကို တိုင်ပင်နိုင်မှာ ဖြစ်ပါတယ်။

 

သွားမည့်နေရာရွေးချယ်ခြင်း

 

သင် အခြားသူတွေထက် ထူးထူးခြားခြား ပျားရည်ဆမ်းခရီး သွားချင်တယ်ဆိုရင် သင်ရွေးချယ်တဲ့နေရာဟာ သွားဖို့ အလှမ်းကွာပြီး ရက်ကြာကြာနေမှ အဆင်ပြေတဲ့ နေရာမျိုး ဖြစ်တတ်ပါတယ်။

 

ကိုယ်တကယ်ပဲ သွားချင်တဲ့ နေရာလားဆိုတာ သေချာစဉ်းစားသင့်ပါတယ်။ လေယာဉ်တစ်ဆင့်စီးဖို့၊ ခရီးလမ်းကြာချိန်တို့ကို ထည့်သွင်း စဉ်းစားထားပါ။ တိုက်ရိုက် အချိန်တိုအတွင်း ရောက်နိုင်တဲ့နေရာမျိုးက ချစ်သူနှစ်ဦးအတွက် ပိုအဆင်ပြေနိုင်ပါတယ်။

 

ပျားရည်ဆမ်း ခရီးစဉ်တွင် ချစ်သူစုံတွဲများ သွားလေ့သွားထမရှိတဲ့ နေရာမျိုးကို မစဉ်းစားသင့်ပါ။ အဆင့်ဆင့်သွားရပြီး၊ သွားရေးလာရေးခက်ခဲတဲ့ နေရာမျိုးတွေကိုလည်း မရွေးချယ်သင့်ပါ။

 

ကျွန်း၊ အပန်းဖြေစခန်းတွေကတော့ သာယာလှပပေမယ့် သွားမယ်ဆိုရင် စပိဘုတ်၊ စက်လှေတို့ ဖြင့်သာ သွားလာနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 16:39
Rate this item
(1 Vote)