စကင်ဒီနေးဗီးယား ကို ဟန်းနီးမွန်းခရီးသွားရောက်မယ်ဆို....

စကင်ဒီနေးဗီးယား ကို ဟန်းနီးမွန်းခရီးသွားရောက်မယ်ဆို.... google

အာလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ ဟန်းနီးမွန်းသွားဖို့ နေရာရွေးချယ်နေကြတဲ့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက်စကင်ဒီနေးဗီးယားလို့ခေါ်တဲ့နေရာလေးအကြောင်းဖော်ပြပေးချင်ပါတယ်နော်။

စကင်ဒီနေးဗီးယားဟာဥရောပမြောက်ပိုင်းမှာတည်ရှိပြီး အအေးဓာတ်ပိုတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။

တစ်နေ့မှာ အလုပ်ချိန် ၆ နာရီရှိပြီး ကျန်တဲ့အချိန်နဲ့ အားလပ်ရက်များကို မိသားစုဝင်တွေ၊ သူငယ်ချင်းများကိုအချိန်ပေးခြင်း၊

ပျော်ပွဲစားထွက်ခြင်းအစရှိတာများကိုလုပ်ဆောင်ကြတာဖြစ်လို့ဒီေဒသကလူေတြကအေပ်ာ္ဆုံးလူသားတွေဖြစ်နေတယ်ဆိုတာ အဆန်းမဟုတ်ဘူးလို့တော့ထင်ပါတယ်။

ဟန်းနီးမွန်းသွားရောက်လည်ပတ်နိုင်မယ့်နေရာတွေကတော့ မြို့လည်ရှိ ဘုရားကျောင်း၊ အစိုးရအဆောက်အဦးများ၊ တက္ကသိုလ်များနှင့်

ရှေးဟောင်းအဆောက်အဦးများဝန်းရံလျက်ရှိတဲ့ Senate ရင်ပြင်၊၁၈၆၈ ခုနှစ်တွင် တည်ဆောက်ခဲ့တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဖြစ်တဲ့ Uspenski Cathedral,

သဘာဝကျောက်သားကို ထွင်းပြီးတည်ဆောက်ထားတဲ့ နာမည်ကျော် Rock Church ဘုရားကျောင်း၊လူသုံးကုန်ပစ္စည်းများကို ဝယ်ယူရရှိနိုင်မယ့် Stockmann Department Store

ခရီးသွားဧည့်သည်များ အလည်ပတ်များဆုံးနေရာဖြစ်တဲ့ The Vasa Museum ၊စတော့ဟုမ်းတစ်မြို့လုံးကို အပေါ်မှ ကြည့်ရှုခံစားနိုင်မယ့် view point နေရာဖြစ်တဲ့ Fjallgate၊

ဆွီဒင်နိုင်ငံဘုရင် ဧကရာဇ်အဆက်ဆက်နေထိုင်ရာဖြစ်ပြီး စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ Bar များနှင့် ကုန်တိုက်များစွာရှိတဲ့ Gamla Stan

၊ရှေးယခင် အော်စလိုတော်ဝင်မိသားစုအတွက် ခံတပ်နန်းတော်အဖြစ် အသုံးပြုခဲ့ပြီး ပြတိုက်အဖြစ်ပြောင်းလဲထားတဲ့ Akershus ခံတပ်ကုန်း၊

UNESCO မှ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားရှိတဲ့ ရောင်စုံသစ်သားအိမ်လေးများ

၊နော်ဝေနိုင်ငံရဲ့ ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ Mt.Floyen တောင်ကုန်းကိုလည်း Funicular ရထားနှင့် တက်ကြမယ်၊

သာယာလှပလွန်းတဲ့ ဘာဂျန်တောင်တန်းနှစ်ခုကြားမှ စီးဆင်းနေတဲ့ ရေခဲမြစ် Fjord ကိုလည်း တောင်ထိပ်ပေါ်မှ Panoramic View နဲ့ ကြည့်ရှုခံစားမယ်။

Scenic Train Ride ဟု ထင်ရှားကျော်ကြားတဲ့ ရေခဲတောင်နှင့် ရေခဲမြစ်များကြား ဥမင်လှိုင်ခေါင်းများကြားတွင် ရထားစီးနှင်းပြီး Flam(ဖလမ်း) ရွာလေးကိုလည်း သွားရောက်လည်ပတ်မယ်။

UNESCO မှ သဘာဝအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ထားရှိတဲ့ Sognefjord ရေခဲမြစ်အတွင်း ကမ္ဘာကျော် Norway Fjord Boat Trip သင်္ဘောစီးရင်း

အလှတွေကို ကြည့်ရှုခံစားရင်းအမှတ်တရဓာတ်ပုံတွေရိုက်ကူးလို့ရမယ့်အပြင် Shopping ထွက်ဖို့ အကောင်းဆုံးနှင့် အစည်ကားဆုံးဖြစ်တဲ့ Stroget Pedestrain လမ်းမ အစရှိတဲ့ နေရာမျိုးစုံကို သွားရောက်လည်ပတ်လို့ရမှာပဲဖြစ်ပါတယ်။

 

Zawgyi ဖြင့်ဖတ်ရန်




ပျော်ပွဲစားထွက်ခြင်းအစရှိတာများကိုလုပ်ဆောင်ကြတာဖြစ်လို့ဒီဒေသကလူတွေကအပျော်ဆုံးလူသားတွေဖြစ်နေတယ်ဆိုတာ အဆန်းမဟုတ်ဘူးလို့တော့ထင်ပါတယ်။













 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Thursday, 30 January 2020 12:10
Rate this item
(0 votes)
Tagged under