ဖူးခက်ကိုဟန်းနီးမွန်းထွက်ရင်စိုးရိမ်စရာမရှိပဲအဆင်ပြေအောင်စီစဉ်နိုင်ဖို့

ဖူးခက်ကိုဟန်းနီးမွန်းထွက်ရင်စိုးရိမ်စရာမရှိပဲအဆင်ပြေအောင်စီစဉ်နိုင်ဖို့ google.com

စိတ်လက်ပေါ့ပါးပြီး ပျော်စရာကောင်းတဲ့ ဟန်းနီးမွန်းခရီးစဉ်ကို ဖူးခက်ရွေးထားတယ်ဆိုရင်တော့ စီစဉ်လို့ရမယ့် အချက်အလက်လေးတွေကို ပြောပြပေးချင်ပါတယ်။

သတို့သား သတို့သမီးလေးတို့ မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်းထွက်တာက စိတ်လက်ပေါ့ပါးစေသလို အချစ်တွေလည်း နှစ်ဆတိုးစေပါတယ်။ အတူတူခရီးထွက်ခြင်းက နားလည်မှုတွေ ဆောင်ကျဉ်းပေးသေးတာမို့ အတူလျှောက်လှမ်းမယ့် တူနှစ်ကိုယ် အိမ်ထောင်ရေးလမ်းမှာ အချစ်၊နားလည်မှုနဲ့ ပျော်စရာတွေ ပြည့်နှက်နေတော့မှာပါ။

 

စိတ်လက်ပေါ့ပါးတဲ့ ဟန်းနီးမွန်းလေးဖြစ်ဖို့ဆိုရင်တော့ သေသေချာချာလေး ကြိုတင်စီစဉ်သွားဖို့ လိုပါတယ်။ ဒါမှ ခရီးမှာ အကုန်အဆင်ပြေပြီး ပျော်စရာကောင်းမှာပါ။ စိတ်လက်ပေါ့ပါးပြီး ပျော်စရာကောင်းတဲ့ ဟန်းနီးမွန်းခရီးစဉ်ကို ဖူးခက်ရွေးထားတယ်ဆိုရင်တော့ စီစဉ်လို့ရမယ့် အချက်အလက်လေးတွေကို ပြောပြချင်ပါတယ်။

 

 

လေယာဉ်လက်မှတ်နဲ့ ဟိုတယ်

 

ပထမဆုံး ဟန်းနီးမွန်းအတွက် လေယာဉ်လက်မှတ် ဝယ်ယူခြင်းပါ။ လေယာဉ်လက်မှတ် ဝယ်တဲ့အခါ travel & tour လိုမျိုး ဝန်ဆောင်မှုနေရာကနေ ဝယ်ယူမယ်ဆိုရင်တော့ လေယာဉ်လက်မှတ်(အသွားအပြန်)နဲ့ ဟိုတယ် တခါတည်း ဝယ်ရင် ဈေးနှုန်းသက်သာနိုင်ပါတယ်။ ရန်ကုန်ကနေ ဘန်ကောက်ကို သွားပြီး ဘန်ကောက်ကနေ ဖူးခက်ကို သွားတဲ့ ခရီးစဉ်လဲ ရှိသလို တိုက်ရိုက်သွားလည်း ရပါတယ်။ လေယာဉ်လက်မှတ် ဈေးနှုန်းကတော့ရန်ကုန်ကနေ ဖူးခက်ကို အသွားအပြန်ဆိုရင် (၁၅၀၀၀၀) ဝန်းကျင်လောက် ရှိနိုင်ပါတယ်။ ဘန်ကောက်ကနေ ဖူးခက်ကို သွားတာဆိုရင်တော့ ထိုင်းငွေ ဘတ်(၁၃၀၀) လောက် ကျနိုင်ပါတယ်။ ကြာချိန်ကတော့ တစ်နာရီနီးပါးပါ။

 

 

လေဆိပ်ရောက်ပြီဆိုရင်

 

လေဆိပ်ရောက်ပြီဆိုရင် တက္ကစီတွေ ရှိပါတယ်။ ကိုယ်သွားတည်းမယ့် ဟိုတယ်အထိ တက္ကစီ ငှားနိုင်ပါတယ်။ အကယ်လို့ ကိုယ်က ဟိုတယ်ကို ချိတ်ထားပြီးသားဆိုရင်တော့ လာကြိုတာမျိုး ရှိပါတယ်။ ဒီနေရာမှာ အကြံပြုချင်တာကတော့ လေဆိပ်အထိ လာကြိုပေးနိုင်တဲ့ ဟိုတယ်ကို ချိတ်ဖို့ပါ။ လေယာဉ်ပျံပေါ်က ဆင်းတာနဲ့ အေးဆေးပဲလေနော်။ ဟိုတယ်ရောက်ပြီဆိုရင်တော့ ဟိုတယ်ရဲ့ အလှအပလေးတွေ ခံစားပါ။

 

 

လည်ကြပတ်ကြမယ်

 

ဖူးခက်ရောက်ပြီဆိုရင်တော့ ကျွန်းတွေဆီသွားဖို့ စဉ်းစားပါ။ ကျွန်းတွေဆီ သွားနိုင်ဖို့အတွက် ဟိုတယ်မှာ မေးမြန်းတာတွေ လုပ်နိုင်ပါတယ်။ ကျွန်းတွေ ရွေးချယ်တဲ့အခါမှာ ရေကူးလို့ရလား ၊ လူအရမ်းရှုပ်လားတွေ မေးဖို့ လိုပါတယ်။ တချို့ဟိုတယ်တွေမှာတော့ free shuttle bus ရှိပါတယ်။ James Boom Island ဆီလည်း သွားလို့ ရပါတယ်။ အရမ်းလှတဲ့ နေရာလေး တစ်ခုပါပဲ။ ဖူးခက်မှာ Big Buddha နဲ့ Chalong Temple လည်း ရှိပါတယ်။ ဟန်းနီးမွန်းမှာ အလှဆုံး ပုံလေးတွေ ရိုက်လို့ရမယ့် နေရာလေးပေါ့။ Big Buddha နဲ့ Chalong Temple တွေကို လည်ပတ်ဖို့ တက္ကစီ ငှားမယ်ဆိုရင်တော့ ဘတ်(၁၂၀၀) ဝန်းကျင်လောက် ကျနိုင်ပါတယ်နော်။ ဖူးခက်က အပြန် ဘန်ကောက်ကို ဝင်ရင်တော့ ဝယ်စရာတွေ အများကြီးက ဟန်းနီးမွန်းစုံတွဲလေးတွေကို စောင့်ကြိုနေမှာပါ။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 16:10
Rate this item
(1 Vote)