အိမ်ထောင်ကျတဲ့ သူငယ်ချင်းကို မမေးသင့်တဲ့အချက်များ

အိမ်ထောင်ကျတဲ့ သူငယ်ချင်းကို မမေးသင့်တဲ့အချက်များ

အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတွေကို တွေ့တဲ့အခါ တစ်ခါတလေ ပြောစရာစကားတွေက နည်းပါးသွားသလို ခံစားရပါတယ်။

 

သူတို့ကလည်း မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီဆိုတော့ ဒီမိသားစု အရေးတွေနဲ့ အလုပ်တွေ ရှုပ်ရင်း သူငယ်ချင်း အပေါင်းအသင်းဆိုတာတောင် မေ့ပျောက်ချင် မေ့ပျောက်နေပါလိမ့်မယ်။


သူငယ်ချင်း အချင်းချင်းအခင်အမင်မပျက်ဖို့ ကြိုးစားခြင်း

 

ကိုယ့်သူငယ်ချင်းနဲ့ ဆက်ပြီး အရင်ကလိုပဲ ခင်နေချင်သေးတယ်ဆိုရင်တော့ ကိုယ့်ဘက်က အဆက်အသွယ် အမြဲတမ်း လုပ်နေဖို့ လိုပါတယ်။

 

ကိုယ့်အတွက်ကြောင့် တစ်ဖက်သားက ကလေးတစ်ဖက်နဲ့ စိတ်ပျက်သွားလောက်သည်ထိ အလွန်အကျွံတော့ ဒုက္ခမပေးပါနဲ့။

 

သတိရတဲ့အခါ ဖုန်းလေးဆက်ပြီး အားတဲ့အချိန်မှာ ခဏတစ်ဖြုတ် အလည်အပတ်သွားတာမျိုးလေးတွေ လုပ်ပေးရင်တော့ အမြဲ ခင်မင်နေမှာပါ။


ပြောင်းလဲသွားပြီဆိုတာကို လက်ခံခြင်း

 

အခင်ဆုံးသူငယ်ချင်းက ကလေးအမေဖြစ်သွားလို့မို့ မတွဲဖြစ်တော့ဘူး ဆိုတာမျိုး မလုပ်ပါနဲ့။

 

သူ့ဘဝနဲ့သူ ဆိုပေမဲ့ ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်း တစ်ယောက်ကိုတော့ အဆုံးရှုံး မခံလိုက်ပါနဲ့။

 

သူက အပြောင်းအလဲတစ်ခုထဲမှာ ကျင်လည်နေပြီဆိုရင် သူနဲ့တွေ့တဲ့အခါတိုင်း ကိုယ်လည်း ရေလိုက်ငါးလိုက်လေး နေသွားရင်၊ နားလည်ပေးလိုက်နိုင်ရင် ဒီသံယောဇဉ်တွေ မပျက်တော့ဘူးပေါ့။

 


သူ့ဘက်ကနေ ဖြည့်တွေးပေးခြင်း


တစ်ခါတလေ ဘယ်လောက်ပဲ သူငယ်ချင်းအပေါ်မှာ နားလည်တယ်ပြောပြော ကိုယ်စိတ်နဲ့ သဘောမတွေ့ချိန်မှာတော့ ငြိုငြင်ကြတာ ချည်းပါပဲ။

 

ကိုယ်က ချိန်းထားတယ် သူက အိမ်အလုပ်တွေနဲ့ မအားလို့ နောက်ကျနေတာမျိုးမှာ သူ့ကိုသွားပြီး ငြူစူနေမယ့်အစား သူ့အိမ်ကိုသွားပြီး အလုပ်တွေ မြန်မြန်ပြီးအောင် တစ်တပ်တစ်အား ဝိုင်းကူပေးတာမျိုးက သူ့အတွက်လည်း အထောက်အကူဖြစ်မှာပါ။

 

သူငယ်ချင်းက အိမ်မှုကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေချိန် ကိုယ်က ကလေးဝင်ထိန်းပေးလိုက်တာမျိုးဆိုရင်တော့ ကိုယ်က ကယ်တင်ရှင်ကြီးပေါ့။

 


အတင်းကြီး ဖိအားမပေးခြင်း

 

ကလေးအမေတစ်ယောက်ဖြစ်သွားပြီဆိုရင် အရင်တုန်းကလို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပျော်ပါးချိန်ဆိုတာ ရှားသွားပါပြီ။

 


ဒါကို လက်ခံထားမယ်ဆိုရင် သူက ငါတို့ကို ဦးစားမပေးဘူး ဘာညာ ဒေါသထွက်နေမယ့်အစား နားလည်မှု ပေးနိုင်သွားပြီပေါ့။

 

 

ဒါဆိုရင်တော့ စိတ်ကွက်တာ၊ ငြိုငြင်တာတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

 

 

Read times Last modified on Monday, 19 November 2018 17:36
Rate this item
(0 votes)
Tagged under