နှစ်ဦး ရင်းနှီးမှု ရလာစေဖို့အချက်များ

နှစ်ဦး ရင်းနှီးမှု ရလာစေဖို့အချက်များ

ချစ်သူနှစ်ဦး ရင်းနှီးမှုတစ်ခု တည်ဆောက်ရာမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေပြေ ဆက်ဆံ နိုင်ရုံနဲ့ မပြည့်စုံပါဘူး။

 

တစ်ယောက် ဖြစ်တည်မှုမှာ တစ်ယောက် နေသားကျ ပျော်ရွှင်နေဖို့ လည်း လိုအပ်ပါတယ်။

 

 
ကိုယ်တိုင်းက ပျော်ရွှင်စွာနေထိုင်တတ်သူ တစ်ယောက်ဖြစ်ပါစေ။ စိတ်ဓါတ်ကျလွယ်၊ စိတ်ညစ် လွယ်တာမျိုးဖြစ်မယ်ဆိုကိုယ့်ချစ်သူ အနေနဲ့လည်း ပျော်ရွှင်ဖို့ ခက်ခဲပါလိမ့်မယ်။

 

တစ်ဖက်လူရဲ့ စိတ်ဆန္ဒ နဲ့ လိုအင်တွေကို သေချာ ဂရုစိုက်သတိပြုပါ ။

 

ပြဿနာတစ်ခု ရင်ဆိုင်ရတိုင်း တစ်ယောက်နဲ့ တစ်ယောက် အဖုအထစ်တွေ အဖြစ်မခံဘဲ သေချာစွာ နားလည်မှုရယူဖြေရှင်းပါ။

 

တစ်ဖက်လူကအမှားတစ်စုံတစ်ရာ ကျူးလွန်မိတဲ့ အခါ လိုတာထက်ပိုပြီး ဒေါသထွက်စိတ်ဆိုး မနေဘဲ နောက်ထပ်ဒါမျိုးမဖြစ်ဖို့ သူ့ကို သေချာနားဝင်အောင်ပြောဆိုပါ။

 

ကိုယ်သူ့ကို မည်မျှချစ်နှစ်သက်ကြောင်း ပြောဆိုဖို့ မတွန့်ဆုတ်နေပါနဲ့။ သူဟာ ကိုယ့်ကြောင့်ချစ်ခြင်းမေတ္တာကို ယုံကြည်လာသူတစ်ယောက် ဖြစ်လာဖို့ တာဝန်ယူပါ။

 

စကားပြောရာမှာ စိတ်လွတ်လက်လွတ် မပြောမိပါစေနဲ့။ ဒေါသထွက်လွန်းတဲ့ အချိန်တွေမှာ သူနဲ့ အဆက်အသွယ် မလုပ်ဘဲနေလိုက်ပါ။

 

ရည်းစားသက်တမ်းမည်မျှကြာရှည် လာသည်ဖြစ်စေ လေးစားသမှုနဲ့ ဆက်ဆံပါ။ သူ့ ဝါသနာ၊ သူ့မိသားစု ပတ်ဝန်းကျင်ကို ထိခိုက်စော်ကားတာမျိုး မပြောမိစေပါနဲ့။

Read times
Rate this item
(2 votes)
Tagged under