ကိုယ့်ချစ်သူကို ပြဿနာတွေ မရှာပါနဲ့ - ၂

ကိုယ့်ချစ်သူကို ပြဿနာတွေ မရှာပါနဲ့ - ၂

ဒေါသမကြီးမိစေခြင်း

 

ဒေါသဆိုတာကတော့ တစ်ခါတစ်လေဖြစ်တတ်ပါတယ်။ ကိုယ်ကသူ့ကို သိပ်စိတ်တိုနေပြီ အဲ့တာကို သူက မချော့၊ မဖြေရှင်း၊ ဂရုမစိုက်သလိုလုပ်တဲ့ အခါ အရမ်း ဒေါသထွက်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

 

တချို့ အမျိုးသမီး တွေဆိုမကြာခဏ ဆိုသလိုတောင် ဖြစ်ပါတယ် ။ တကယ်တော့ အဲ့တာက ကိုယ့် image ကိုယ့်ဘာသာ ပြန်ဖျက်စီးနေတာပါပဲ။

 

သိပ်ပူလောင်ပြီး ပြဿနာရှာတတ် တဲ့ လူတွေကို ဘယ်သူမှ တကယ်မချစ်ချင် ကြပါဘူး။ ချစ်နေမိရင်တောင် တစ်ရက်ရက်တော့ စိတ်ပျက် စိတ်ကုန် သွားကြမှာပါ။

 

စိတ်အေးအေးထားခြင်း
 

ကိုယ့်ချစ်သူ က တခြားမိန်းကလေး ကိုချစ်မိသွားတာ၊ ကိုယ့်ကို မချစ်တော့တာ၊ ကိုယ့်ကို ထားသွားတာ ဆိုတာ မျိုးတွေက သိပ်ထူးဆန်းပြီး ကိုယ့်မှကွက်ဖြစ်နေတဲ့ ကိစ္စ တွေ မဟုတ်ပါဘူး။


စုံတွဲ ၁၀ တွဲမှာ ၈ တွဲလောက် ဖြစ်ကြတဲ့ ကိစ္စမျိုးပါ။ လူတွေရဲ့ သဘောသဘာဝကိုက ဒီလိုပဲ မလို့ အရမ်းကြီးဆောက်တည်ရာ မရ ဖြစ်တာမျိုး မဖြစ်ပါနဲ့။


ပြတ်ကြဆဲကြ မယ်ဆိုရင်လည်း စိတ်ကို အတတ်နိုင်ဆုံး လျော့ပြီး ဖြစ်ချိန်တန်လို့ ဖြစ်တာပဲလေဆိုတာမျိုးကို သိထားပါ။

 

နားလည်မှုရှိခြင်း


တစ်ခါတစ်လေတစ်ဖက်ယောက်ျားလေးရဲ့ အလွဲလေးတွေ အမှားလေးတွေ ရှိတတ်ပါတယ်။ တချို့ တွေက တကယ်ချစ်ပါတယ်၊ မချစ်တာ မဟုတ်ပါဘူး။


ဒါပေမယ့် ပြုမူဆက်ဆံပုံတွေ မမှန်ကန်တဲ့အခါ ကိုယ့်အနေနဲ့ စိတ်ကသိကအောက်ဖြစ်စရာ မျိုးတွေ ရှိတတ်ပါတယ်။


ဥပမာ ချိန်းထားတဲ့ အချိန်ကို ၁ နာရီကျော်လောက် နောက်ကျပြီးမှ ရောက်လာတာမျိုး၊ anniversary ကိုမေ့နေတာမျိုး တွေက သိပ်ပြီး အရေးတကြီး ပြဿနာ ရှာစရာမဟုတ်ပါဘူး။

 

ချစ်တယ်ဆို ပြီးတာပါပဲ ကျန်တာတွေက အသေးအဖွဲပါ။  အလေးအနက်မထားလို့ ဘာညာ အစရှိတဲ့ စကားလုံးတွေနဲ့ထိုးနှက် ဖို့ ကြိုးစားတာမျိုးကို အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။

 
တကယ်တော့ဒီလောက်လေးပဲ ကျင့်သုံးမယ်ဆိုရင်တောင် တစ်ဖက်လူရော ကိုယ့်အတွက်ပါ တော်တော် အဆင်ပြေပါတယ်။

 

တည်တည်ငြိမ်ငြိမ် ချစ်တတ်တဲ့ အမျိုးသမီးတွေဟာ ပိုဆွဲဆောင်မှုရှိပြီး၊ အေးအေးချမ်းချမ်းနေကြတဲ့ စုံတွဲတွေဟာ ပိုကြာရှည် ခံတယ် ဆိုတာကိုလည်းအမျိုးသမီးတွေ အထူးသတိပြုသင့်ပါတယ်။

Read times
Rate this item
(1 Vote)
Tagged under