ချစ်သူကို ပျော်ရွှင်စေရန် နည်းလမ်းများ

ချစ်သူကို ပျော်ရွှင်စေရန် နည်းလမ်းများ

ကိုယ်ချစ်ရတဲ့ချစ်သူရည်းစား ဖြစ်ဖြစ် မိသားစုဝင်ဖြစ်ဖြစ် သူငယ်ချင်း တစ်ယောက်ယောက် ဖြစ်ဖြစ် စိတ်ဓာတ်ကျနေတယ်၊

စိတ်ညစ်နေတယ်၊ ဝမ်းနည်းနေတယ်ဆို ဒီနည်းလမ်းလေးတွေနဲ့ သူတို့ကိုပျော်ရွှင်အောင်လုပ်ပေးလိုက်ပါ။

 

 
ချီးမွမ်းပါ

 
သူ ရဲ့ကောင်းကွက်လေးတွေ၊ စိတ်ထား ကောင်းမွန်ပုံ လေးတွေနဲ့ အပြုအမူ ကောင်းလေးတွေကို ထုတ်ဖော်ပြောဆိုပေးပါ။  သူ နဲ့ အတူ ရှိရတာ ဘယ်လိုပျော်စရာကောင်းကြောင်းလည်း ပြောပြလိုက်ပါ။

 

မုန့်လုပ်ကျွေး

 

ကိုယ် ကျွမ်းကျင်ပြီးသေချာ လုပ်တတ်တဲ့ မုန့်တစ်ခုခု လုပ်ကျွေးပါ။ ဆိုင်မှာသွားစားတတ်ထက် သူ့ကို ကိုယ်ကအပင်ပန်းခံပြီး စေတနာပါပါ ချက်ပြုတ်ပေးတယ် ဆိုတာ သူသိပါစေ။

 

ဟာသ တွေပြောပါ

 

နှစ်ယောက်အတူကြုံခဲ့ဖူးတဲ့ အလွဲလေးတွေ၊ ရယ်စရာ အကြောင်းတွေ ပြန်ပြောပြပါ။ ဒီအချက်က စိတ်ညစ်နေတဲ့သူအတွက်ဆို သူဝမ်းနည်းနေတာတွေမေ့ပြီး ခဏတဖြုတ်ဖြစ်ဖြစ်တော့ ပျော်ရွှင်သွားမှာပါ။

 

မက်ဆေ့လေးတွေပို့ပါ

 

တကယ်လို့  နှစ်ယောက်က အတူ မရှိနိုင်တဲ့ အနေအထားဆို messenger ကနေ မက်ဆေ့လေး တွေပို့ပါလေ။

 

နားထောင်ပေးပါ

 

တစ်ဖက်လူစိတ်ညစ်နေတဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ personal ကိစ္စတွေကို အလွံအကျွံ မပြောပါနဲ့ ။ သူပြောတာပဲ ဂရုတစိုက် နားထောင်ပေးပါ။ ငိုရင်လည်း ယုယုယယ ချော့လိုက်ပါ။

 

Secret notes!

 

သူ နဲ့ အတူရှိနေတဲ့အချိန်မှာ သူ့ လွယ်အိတ်ထဲ ကို ဖြစ်ဖြစ်၊ ပိုက်ဆံ အိတ်ထဲကို ဖြစ်ဖြစ် စာတိုလေးတစ်စောင်ခိုးထည့်ပေးလိုက်ပါ။ ပြီးမှ သူတို့ အဲ့ဒီအိတ်ကို ဖွင့်ကြည့်မှ သိပါစေ။

 


စာထဲမှာတော့သူတို့ကို ဘယ်လောက်ချစ်ကြောင်း ဘာညာ ရေးပေးလိုက်ပါနော်။

 

ဒီလောက်ဆိုစိတ်ညစ်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဘယ်လို ပျော်သွားအောင်၊ စိတ်ချမ်းသာအောင်ပြုလုပ်ပေးရမလဲ သိလောက်ပါပြီနော်။

Read times Last modified on Friday, 07 December 2018 15:14
Rate this item
(1 Vote)
Tagged under