နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ သတိထားဆက်ဆံသင့်တဲ့ အချက်များ

နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ သတိထားဆက်ဆံသင့်တဲ့ အချက်များ google.com

နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံဆက်ဆံတဲ့အခါမှာ အဆင်ပြေစေဖို့ သတိထားရမယ့် အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

 

လင်မယားရယ်လို့ ဖြစ်လာပြီဆိုရင် နှစ်ဖက်မိဘ ဆွေမျိုးဆိုတာလည်း ပေါင်းသင်းဆက်ဆံရမယ့်သူတွေပါပဲ။ နှစ်ဖက်မိဘဆွေမျိုး အချင်းချင်းတည့်ဖို့၊ ကိုယ့်အိမ်ထောင်ဘက်ရဲ့ ဆွေမျိုးတွေနဲ့ တည့်ဖို့လည်း ကြိုးစားရမှာပါ။ နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံဆက်ဆံတဲ့အခါမှာ အဆင်ပြေစေဖို့ သတိထားရမယ့် အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

 

စကားပြောတဲ့အခါဆွေမျိုးတွေပဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး စကားပြောမယ်ဆိုတဲ့ စိတ်တော်တော်များများမှာ ရှိပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် စိတ်မခုသွားအောင် ပြောတတ်ဖို့တော့ လိုပါတယ်။ စနောက်တဲ့အချိန်မှာလည်း ယောင်းမ၊ ယောက်ဖ၊ ယောက္ခမတွေ စိတ်ဆိုးသွားစေမယ့် စကားတွေမပြောမိဖို့ လိုပါတယ်။ ဒါမှ နှစ်ဖက်မိဘဆွေမျိုးတွေ တည့်ကြမှာပါ။

 

လင်မယားကြားမှာ ဖြစ်တဲ့အကြောင်းအရာတွေ အကုန်လုံး ဆွေမျိုးတွေကို မပြောပြပါနဲ့။ လင်မယားဆိုတာက နောက်ကျရင် ပြန်တည့်သွားမှာဖြစ်ပြီး ဆွေမျိုးတွေကြတော့ စိတ်ဆိုးကြရင် လွယ်လွယ်ကူကူ ပြန်ခေါ်ဖို့ အချိန်ကြာနေတတ်တာကြောင့်ပါ။ ဒီအချက်တွေ သတိထားဖို့ လိုပါတယ်။

 

အိမ်ထောင်ဘက် မကောင်းကြောင်း အလွန်အကျွံမပြောပါနဲ့။ ဒီအချက်ကတော့ နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ ဆက်ဆံတဲ့အခါမှာ အလွန်သတိထားရမယ့် အချက်ပါ။ အိမ်ထောင်ဘက်ဆိုတာ သူတို့အတွက်တော့ ဆွေမျိုးအရင်းအချာလေနော်။ ဒီတော့ မကောင်းကြောင်း ပြောမယ်ဆိုရင် ပြဿနာ တက်နိုင်ပါတယ်။ မကောင်းတာကို ရင်ဖွင့်မယ်ဆိုရင်လည်း တိုင်ပင်ဆွေးနွေးတဲ့ သဘောနဲ့ပဲ ပြောပါ။ တိုင်တာမျိုး မလုပ်ပါနဲ့နော်။

 

နှစ်ဖက်မိဘဆွေမျိုးတွေကိုလည်း ကိုယ့်ဆွေမျိုးအရင်းတွေလို အတတ်နိုင်ဆုံး ချစ်ခင်ပြီး ဆက်ဆံပေးပါ။ မချစ်ဘူးဆိုရင်တောင် သူတို့ကို မကြိုက်တဲ့ပုံစံမျိုးတွေ မပြောပါနဲ့။ မကြိုက်တဲ့ အမူအယာတွေ မပြပါနဲ့နော်။ ဆွေမျိုးတွေနဲ့ စကားအချေအတင် ပြောရမယ့် ကိစ္စ ဒါမှမဟုတ် စိတ်ဆိုးရမယ့် ကိစ္စတွေ ရှိတဲ့အခါမှာ အလောတကြီး မဖြေရှင်းမိဖို့ သတိပြုရပါမယ်။ စိတ်လိုက်မာန်ပါနဲ့ စကားပြောမိတဲ့အခါ ဆွေမျိုးတွေကြား အဆင်မပြေ ဖြစ်တတ်ပါတယ်။

 

ဆွေမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါမှာ တချို့ကိစ္စတွေကို မသိချင်ယောင်ဆောင်ပါ။ နေရာတကာ ကိစ္စတိုင်း ဝင်ပါနေမယ်ဆိုရင် ဆွေမျိုးတွေကြား စိတ်ဆိုးစရာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဖြေရှင်းပေးလို့ ကူညီပေးလို့ရတဲ့ ကိစ္စတွေမှာပဲ ကူညီပေးပြီး ကျန်တာတွေမှာ မသိချင်ယောင်ဆောင်စရာရှိတာ ဆောင်ပါ။

 

 

Credit;Marry

Read times Last modified on Monday, 17 December 2018 10:04
Rate this item
(1 Vote)