အလှဆုံးသတို့သမီးလေးဖြစ်စေဖို့ အထူးဂရုစိုက်ရမယ့်အချက်များ

အလှဆုံးသတို့သမီးလေးဖြစ်စေဖို့ အထူးဂရုစိုက်ရမယ့်အချက်များ google

သတို့သမီးလေးတစ်ဦးအနေနဲ့ မင်္ဂလာပွဲလေးစီစဉ်တဲ့အခါ ကိုယ်တိုင်ဂရုစိုက်ရမယ့်အချက်တွေ အများကြီးပါပဲ။

ကိုယ့်ရဲ့မင်္ဂလာပွဲလေး ခမ်းနားလှပဖို့ ကိုယ်တိုင်ဂရုစိုက်ရမှာတွေရှိပါတယ်။ မင်္ဂလာပွဲလေးမှာ အစစအရာရာအဆင်ပြေပြီး လှပတဲ့သတို့သမီးလေးဖြစ်ဖို့အတွက် အထူးဂရုစိုက်ရမယ့်အချက်တွေရှိပါတယ်။ ဘာတွေလည်းဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

 

မိတ်ကပ်နဲ့အသားအရေ

သတို့သမီးလေးတစ်ဦး မင်္ဂလာပွဲနေ့မှာ လှနေဖို့အတွက် အထူးဂရုစိုက်ရမယ့် အချက်ကတော့ မိတ်ကပ်နဲ့ အသားအရေပါ။ မိတ်ကပ်ကောင်းဖို့လည်းလိုအပ်သလို အသားအရေကောင်းနေဖို့လည်း လိုအပ်ပါတယ်နော်။ မိတ်ကပ်ပြင်ဆင်တဲ့အခါမှာ ကိုယ်နဲ့ကိုက်ညီအောင်လိမ်းပေးနိုင်တဲ့ မိတ်ကပ်ဆရာကိုရှာဖို့လိုပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာအဆင်ပြေနေအောင်လည်း အသားအရေကောင်းမွန်ဖို့ အထူးဂရုစိုက်ဖို့လိုပါတယ်နော်။

 

လက်ဝတ်လက်စား

သတို့သမီးလောင်းလေးတို့ ဒုတိယဂရုစိုက်ရမယ့်အချက်ကတော့ လက်ဝတ်ရတနာပါပဲ။ ကိုယ့်ဝတ်စုံနဲ့ လိုက်ဖက်တဲ့လက်ဝတ်လက်စားဖြစ်ဖို့လိုသလို ကိုယ်တိုင်လည်းကြိုက်မှဖြစ်မှာပါ။ ဒီတော့လက်ဝတ်လက်စားကို ငှားမလား၊ ဝယ်မလား၊ အစစ်သုံးမလား ဒါမျိုးတွေဂရုတစိုက်စီစဉ်ထားပါနော်။

 

ဝတ်စုံဒီဇိုင်းနဲ့အရောင်

သတို့သမီးလေးတို့အနေနဲ့ အလှဆုံးသတို့သမီးလေးဖြစ်ဖို့ဆိုတာ ကိုယ်ရွေးချယ်တဲ့ ဝတ်စုံ၊ ဒီဇိုင်းနဲ့ အရောင်ပေါ်မှာမူတည်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ မင်္ဂလာဝတ်စုံရဖို့ဆိုတာ ကိုယ်တစ်ယောက်တည်းဆုံးဖြတ်ချက်ချပြီးဝတ်ရမှာပါနော်။ ကိုယ်ကြိုက်ဖို့လည်းလိုတယ်မလား၊ ဝတ်စုံနဲ့အရောင်ကို အထူးဂရုစိုက်ပြီးရွေးချယ်မှသာ အလှဆုံးသတို့သမီးဖြစ်မှာပါ။

 

Fitting

သတို့သမီးလောင်းလေးတို့ရေဝတ်စုံ ဘယ်လောက်ပဲလှလှ ကိုယ့်ခန္ဓာကိုယ်နဲ့ကွက်တိ ကိုက်ညီနေမှလှမှာပါ။ ဝတ်စုံရဲ့တစ်နေရာရာမှာချောင်နေတာ၊ ကျပ်နေတာ ဒါမှမဟုတ် သီဇာတွေ များနေတာကသတို့သမီးလေးအတွက် အဆင်မပြေနိုင်ပါဘူး။ လှဖို့လည်းရာခိုင်နှုန်းနည်းပါတယ်နော်။ ဒါကြောင့် အလှဆုံးသတို့သမီးလေး ဖြစ်ဖို့ဆိုတာဝတ်စုံရဲ့ fitting နဲ့ ဆိုင်လို့အထူးဂရုစိုက်ပါ။

 

ဖိနပ်

ဖိနပ်ကလည်း အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ သတို့သမီးလေးတို့ လှဖို့ဖိနပ်ကိုလည်းဂရုစိုက်ရမှာပါ။ ခြေထောက်မနာမယ့်ဖိနပ်၊ သတို့သားရဲ့အရပ်ကိုညှိဖို့ လိုသလို ကိုယ်ကြိုက်တဲ့ ဒီဇိုင်းအရောင် ဖြစ်ဖို့လိုပါတယ်နော်။

 

မင်္ဂလာပွဲနေ့မှာ လှပတဲ့ သတို့သမီးလေးတစ်ဦး ဖြစ်ဖို့ ကိုယ်ကိုယ်တိုင်ဂရုစိုက်ရမယ့်အချက်လေးတွေ သိပြီဆိုတော့ကြိုတင်ပြင်ဆင်ထားပါနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Monday, 04 March 2019 10:21
Rate this item
(0 votes)