ဒီဇိုင်နာကောင်းမြတ်ပြောပြထားတဲ့ မင်္ဂလာဝတ်စုံမအပ်ခင်သိသင့်သောအချက်များ

ဒီဇိုင်နာကောင်းမြတ်ပြောပြထားတဲ့ မင်္ဂလာဝတ်စုံမအပ်ခင်သိသင့်သောအချက်များ google.com

မင်္ဂလာဆောင်တော့မယ့်သတို့သမီးလောင်းတွေအတွက် မင်္ဂလာဝတ်စုံမဝယ်ခင်သိထားသင့်တဲ့အချက်တွေကို ဒီဇိုင်နာကောင်းမြတ်မှ အကြံဉာဏ်ပေးထားတာကို ပြောပြပါ့မယ်နော်။

မင်္ဂလာဝတ်စုံရွေးတဲ့အခါမှာ ဒီဇိုင်နာကိုပဲ အားလုံးပုံအပ်လိုက်လို့ မရပါဘူး။ သတို့သမီးဘက်ကသူလိုချင်တဲ့ပုံစံ၊ သူလိုချင်တဲ့ vision နဲ့ ဒီဇိုင်နာဘက်က ဒီဇိုင်နာရဲ့ vision တို့ ပေါင်းစပ်လိုက်တဲ့အခါမှသာ ပြီးပြည့်စုံတဲ့ မင်္ဂလာဝတ်စုံတစ်ခု အသက်ဝင်လာမှာဖြစ်ပါတယ်။

 

ဝတ်စုံအတွက် သီးသန့် budget ချထားပါ

အရင်ဆုံး မင်္ဂလာပွဲတစ်ခုလုံးအတွက် budget ချပြီးရင် ဝတ်စုံအတွက် ကိုယ်ဘယ်လောက်သုံးမယ်ဆိုပြီး budget ချထားသင့်ပါတယ်။ ဒါမှ သင့်မှာရွေးချယ်စရာတွေ နည်းသွားပြီး ကိုယ်လိုချင်တဲ့ဝတ်စုံကို ကိုယ်ချထားတဲ့ budget အတွင်းမှာ ရှာနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ မင်္ဂလာပွဲတစ်ခုလုံးစာအတွက် budget ရဲ့ 10% က ဝတ်စုံအတွက် ဖြစ်သင့်ပါတယ်။

 

အိမ်စာကြိုလုပ်ထားပါ

Online ပေါ်မှာပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းတွေမှာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့မင်္ဂလာဝတ်စုံပုံစံတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး စာအုပ်ထဲမှာသိမ်းထားတာဖြစ်ဖြစ် Pinterest မှာ mood board လုပ်ထားတာပဲဖြစ်ဖြစ်လုပ်ပါ။ တွေ့သမျှအကုန် save လုပ်၊ ပြီးရင် ဘယ်မှာပြန်ရှာလို့ရှာရမှန်းမသိတာထပ်စာရင် mood board လေးထားပြီး တစ်နေရာထဲမှာ တစ်စုတစ်စည်းလေးရှိနေတာကပိုသက်သာပါတယ်။

 

ကိုးလ (သို့) တစ်နှစ်လောက် ကြိုတင်ပြင်ဆင်ထားပါ

ပြီးပြည့်စုံတဲ့မင်္ဂလာဝတ်စုံလေးတစ်ခု ဖြစ်တည်လာဖို့ဆိုတာ အချိန်တော်တော်ယူမှရတာပါ။ ဒါကြောင့် မင်္ဂလာပွဲမစမှီ ကိုးလ၊ တစ်နှစ်လောက်ကတည်းကစပြီး ဝတ်စုံအတွက်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ တစ်ခါတစ်လေ မင်္ဂလာပွဲရက်နားနီးကပ်လာတဲ့အခါမှာ သတို့သမီးကဝိတ်ကျတာတို့၊ ဝိတ်တက်တာတို့ ဖြစ်လာတဲ့အခါမှာ ဝတ်စုံကိုပြန်ပြီး alter လုပ်ရပါတယ်။ အဲဒီအတွက်လည်း အချိန်ကိုကြိုတင်ပြီးတော့ စီစဉ်ထားဖို့လိုအပ်ပါတယ်။

 

ပွဲနေ့ဝတ်မယ့်ဖိနပ်တွေကို fitting day ကျရင်ယူလာပါ

ပွဲနေ့ဝတ်မယ့်ဖိနပ်ယူဆောင်လာမှ ဒီဇိုင်နာက သတို့သမီးသက်တောင့်သက်သာရှိစေဖို့အတွက် ဝတ်စုံရဲ့ veil နဲ့ train တို့ရဲ့အရှည်ကို ခန့်မှန်းလို့ရမှာပါ။

 

လူအများကြီး မခေါ်လာပါနဲ့

သူငယ်ချင်းတွေ၊ မိသားစုတွေ အများကြီးခေါ်လာပြီး ပျော်ပျော်ပါးပါးဝတ်စုံတွေ တစ်ခုပြီးတစ်ခုဝတ်ကြည့်တာ ရုပ်ရှင်ထဲမှာပဲပျော်ဖို့ကောင်းတာပါ။ တကယ်တမ်းကျတော့ အဲဒါဟာကိုယ်လိုချင်တဲ့ပုံစံကို မရတော့ဘဲ အချိန်ပိုကြာစေပါတယ်။ အနည်းဆုံး ကိုယ်တကယ် opinion လိုချင်တဲ့ ရင်းနှီးတဲ့သူ နှစ်ယောက်၊ သုံးယောက်လောက်ပဲခေါ်လာပြီးတိုင်ပင်ဆွေးနွေးပါ။

 

ဈေးပေါတယ်ဆိုပြီး online shopping ကနေမဝယ်ပါနဲ့

Online မှာတွေ့တဲ့ဝတ်စုံတွေဆိုတာ reference လောက်ပဲယူပြီး အတတ်နိုင်ဆုံးမဝယ်ပါနဲ့။ Reliable shop မဟုတ်ဘူးဆိုရင် ဓာတ်ပုံထဲကဝတ်စုံနဲ့တကယ်တမ်းရောက်လာတဲ့ဝတ်စုံဟာမတူတာတွေ၊ ရောင်ကွဲနေတာတွေ၊ cutting မကောင်းတာတွေဖြစ်နေတတ်ပါတယ်။

 

အခုဆိုရင် မင်္ဂလာဆောင်တော့မယ့် သတို့သမီးအချောအလှလေးတွေ မင်္ဂလာဝတ်စုံမဝယ်ခင်သိထားသင့်တဲ့အချက်တွေကို ပြည့်ပြည့်စုံစုံသိရှိပြီလို့ ထင်ပါတယ်။ အားလုံးပဲ အိပ်မက်ကမ္ဘာထဲကလိုမျိုး ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး ကျင်းပနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

 

 

Credit ; KaungMyatCouture

Myanmar Wedding Guide

Read times Last modified on Thursday, 21 March 2019 16:07
Rate this item
(1 Vote)