မင်္ဂလာပွဲမှာ လက်ကိုင်အိတ် ကိုင်သင့်တဲ့အကြောင်း

မင်္ဂလာပွဲမှာ လက်ကိုင်အိတ် ကိုင်သင့်တဲ့အကြောင်း google

လက်ကိုင်အိတ်လေးတွေရဲ့ အဓိက အားသာချက် တစ်ခုကတော့ လက်ကိုင်အိတ်ဖြစ်တာကြောင့် သတို့သမီးအတွက် လိုအပ်နိုင်တဲ့ ပစ္စည်းလေးတွေကို ထည့်ထားလို့ရတာပါပဲ

 မင်္ဂလာဧည့်ခံပွဲဆိုတာနဲ့ သတို့သမီးလေးက ထိုင်မသိမ်းနဲ့ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အနောက်တိုင်း ဂါဝန်လေးနဲ့ ဖြစ်မယ်။ သေချာတာ တစ်ခုကတော့ လက်ထဲမှာ သတို့သမီး လက်ကိုင်ပန်းကို ကိုင်ထားမယ်။ လက်ကိုင်ပန်းဟာ သတို့သမီးလေးကို ပိုလှစေတဲ့ အဆင်တန်ဆာ တစ်ခုဖြစ်ပေမယ့် ပွဲတိုင်းမှာ လက်ကိုင်ပန်းကိုပဲ ကိုင်ရမယ်လို့ မသတ်မှတ်ထားစေချင်ပါဘူး။

 

 

Related image

 

 

မင်္ဂလာပွဲကို နှစ်ပွဲသုံးပွဲ လုပ်မယ့် သတို့သမီးလေးတွေအနေနဲ့ အမြင်လေးလည်း တစ်မျိုးဆန်းအောင်၊ မှတ်တမ်းတင်ပုံရိပ်တွေထဲမှာလည်း အသွင်မတူတဲ့ ပုံမျိုးလေးတွေရနေအောင် တစ်ပွဲတစ်လေတော့ လက်ကိုင်ပန်းအစား လက်ကိုင်အိတ်လေးတွေ ပြောင်းကိုင်ဖို့ အကြံပေးချင်ပါတယ်။လက်ကိုင်အိတ်လေးတွေဟာ ပန်းလေးတွေနည်းတူပဲ သတို့သမီးလေးတွေရဲ့ အလှအပကို ပိုပြီးတင့်တယ်စေပါတယ်။ မင်္ဂလာဧည့်ခံပွဲတွေအတွက် လက်ကိုင်အိတ်လေးတွေက သေးသေးလေးတွေနဲ့ မိန်းမဆန်ဆန် လှလှပပလေးတွေ ဖြစ်တာကြောင့်မို့လည်း ကာယကံရှင် သတို့သမီးလေးကို ပိုပြီး နုပျိုစေပါတယ်။ များသောအားဖြင့် မင်္ဂလာလက်ကိုင်အိတ်တွေက အဖြူသက်သက် ဆိုရင်တောင် ပိုမိုလင်းလက်တောက်ပအောင် ကျောက်အဖြူတွေ၊ ပုလဲတွေ စီခြယ်ထားလေ့ရှိတာမို့လည်း လက်ဝတ်ရတနာ တစ်ခုခု ဆင်မြန်းထားသလို သတို့သမီးလေးကို ခန့်ထယ်စေပါတယ်။ အဓိက အားသာချက် တစ်ခုကတော့ လက်ကိုင်အိတ်ဖြစ်တာကြောင့် သတို့သမီးအတွက် လိုအပ်နိုင်တဲ့ ပစ္စည်းလေးတွေကို ထည့်ထားလို့ရတာပါပဲ။ သတို့သမီးလေးအတွက်ဘာတွေ လိုအပ်နိုင်သလဲဆိုတော့ တစ်ရှူး၊ ချွေးထွက်လာတဲ့အခါ မိတ်ကပ်တွေမပျက်အောင် သုတ်လို့ရတဲ့ ချွေးစုပ်ဆီစိမ်စက္ကူ၊ နှုတ်ခမ်းနီ အစရှိတဲ့ တိုတိုထွာထွာ ပစ္စည်းလေးတွေပါပဲ။ အဲ့ပစ္စည်းလေးတွေရဲ့ အရေးပါမှုတွေကိုတော့ သတို့သမီးလေးတို့ အသိဆုံးဖြစ်မှာပါနော်။

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under