Wedding Planner နဲ့မင်္ဂလာပွဲအပ်မယ် စိတ်ကူးထားတဲ့ စုံတွဲလေးတွေအတွက်

Wedding Planner နဲ့မင်္ဂလာပွဲအပ်မယ် စိတ်ကူးထားတဲ့ စုံတွဲလေးတွေအတွက် google.com

မင်္ဂလာပွဲ အောင်မြင်ပြီးစီးဖို့ဆိုရင်ပေးရပါတယ်။ အချိန်မပေးနိုင်တဲ့ သတို့သား၊ သတို့သမီးလေးတွေကတော့ wedding planner နဲ့အပ်တာက ပိုကောင်းပါတယ်။မင်္ဂလာပွဲတစ်ပွဲ စီစဉ်ရတာဟာ ထင်ထားသလောက် မလွယ်ပါဘူး။

လူပင်ပန်း၊ စိတ်ပင်ပန်းရတာတွေ များပါတယ်။ ပွဲကြီးတစ်ပွဲလုံး အောင်မြင်ပြီးစီးဖို့ဆိုရင် အချိန်လည်းပေးရပါတယ်။ အချိန်မပေးနိုင်တဲ့ သတို့သား၊ သတို့သမီးလေးတွေကတော့ wedding planner နဲ့ အပ်တာက ပိုကောင်းပါတယ်။

 

Wedding Planner နဲ့ အပ်မယ်ဆိုရင်လည်း review လေးတွေ ဖတ်ကြည့်ဖို့ လိုပါတယ်။ စီနီယာသတို့သား၊ သတို့သမီးလေးတွေ ကြိုက်ကြ၊ အဆင်ပြေကြတဲ့ Planner နဲ့ အပ်ရင်ပိုကောင်းပါတယ်။ ဒါ့ကြောင့် တကယ်တတ်ကျွမ်းတဲ့ Planner ရအောင် စုံစမ်းဖို့လိုပါတယ်။ Planner ရှာတဲ့အခါမှာ Planner က မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ကိစ္စအစုံအလင်ကို နားလည်တတ်ကျွမ်းတဲ့သူ ဖြစ်ပြီးအတွေ့အကြုံများများရှိသူဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှအခက်အခဲမရှိစီစဉ်နိုင်မှာပါ။

 

 

ဘယ်လိုတွေ အကျိုးရနိုင်မလဲ

 

သတို့သား၊ သတို့သမီးလေးတို့ wedding planner နဲ့ အပ်မယ်ဆိုရင် ဘယ်နေရာမှာ ဆောင်မယ်၊ ဘယ်သူနဲ့ ပြင်မယ်၊ pre wedding ဘယ်သူနဲ့ ရိုက်မယ်၊ ပန်းအလှဆင်ဖို့ ဘယ်သူကကောင်းတယ်၊ ပြန်ကမ်းဘယ်လိုစီစဉ်မယ် စတာတွေ တစ်ခုမှ စိတ်ပူပြီး စဉ်းစားနေစရာ မလိုတော့ပါဘူး။ သတို့သား၊ သတို့သမီးလေးတို့ စိတ်ကြိုက် ပြောပြရုံပါပဲ။ planner က အားလုံး စီစဉ်ပေးမှာပါ။ သတို့သား၊ သတို့သမီးလေးတို့ အချိန်ကုန်ခံ စဉ်းစားစရာ မလိုတော့ပါဘူး။

 

Planner နဲ့ အပ်မယ်ဆိုရင် ရရှိနိုင်တဲ့ နောက်ထပ်အကျိုးကတော့ သတို့သား သတို့သမီးလေးတွေ အနေနဲ့ ဈေးနှုန်းကြီးကြီးပေးပြီး ဝယ်ယူတာတွေ မဖြစ်တော့ပါဘူး။ Planner တွေက ဈေးနှုန်းသိထားပြီးသားမို့ ကုန်ကျစရိတ် လျှော့ချနိုင်ပါတယ်။ သတို့သား၊ သတို့သမီးလေးတွေက planner လေးတွေ စီစဉ်ထားသမျှကို လိုက်ပြီးစစ်ဆေးကြည့်ရုံပါပဲနော်။ ဒါကြောင့် အချိန်ပို အများကြီး ထွက်လာမှာဖြစ်ပြီး တခြားကိစ္စတွေလည်း စိတ်ချလက်ချ စီစဉ်နိုင်မှာပါ။

 

Planner က ဆိုင်တော်တော်များများကိုလည်း သိထားပြီးသား ဖြစ်တာကြောင့်သတို့သား၊ သတို့သမီးတို့ အနေနဲ့ လစ်ဟင်းမှုတွေကို လျှော့ချနိုင်မှာပါ။ planner ငှားတာအတွက်ကုန်ကျစရိတ် ရှိတယ်ဆိုပေမယ့် planner တွေက ဘယ်ဆိုင်မှာဘယ်လို discount လေးတွေရှိတယ်ဆိုတာကအစ သိတာမို့ မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်နည်းမှာပါ။ မင်္ဂလာပွဲနေ့မှာလည်း အစအဆုံးစီစဉ်ပေးနိုင်တာကြောင့် သတို့သား၊ သတို့သမီးလေးတို့က ပွဲထွက်ဖို့ပဲ အာရုံထားရမှာဖြစ်ပြီးတခြားကိစ္စတွေမှာ planner ရှိနေမှာမို့ စိတ်ပူစရာမလိုဘဲမင်္ဂလာပွဲနေ့မှာအလှဆုံးလေး ဖြစ်နေမှာပါ။

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 16:04
Rate this item
(1 Vote)