မင်္ဂလာပွဲနေ့မှာ Snap လှလှလေးမိတဲ့ သတို့သား၊သတို့သမီးလေးဖြစ်ဖို့

မင်္ဂလာပွဲနေ့မှာ Snap လှလှလေးမိတဲ့ သတို့သား၊သတို့သမီးလေးဖြစ်ဖို့

ခုခေတ်မှာ Snap လှလှလေးလည်း ခေတ်စားတယ်မလား။ သတို့သား၊ သတို့သမီးလေးတို့ ပုံမှန်ရိုက်နေကျ မှတ်တမ်း ဓါတ်ပုံလေးတွေအပြင် Snap လေးလည်း ရှိသင့်တာပေါ့။

 

သတို့သား၊ သတို့သမီးလေးတို့ရေPre-wedding လေးတွေ အများကြီး ရိုက်ခဲ့ကြပြီး ဖြစ်မှာပါ။ ဓါတ်ပုံတွေဆိုတာက အမှတ်တရဖြစ်စေတဲ့အရာတွေပါပဲ။ စုံတွဲလေးတို့ မင်္ဂလာပွဲကျင်းပတဲ့နေ့မှာလည်း မင်္ဂလာဆောင်ပုံလေးတွေ မှတ်တမ်းတင်ကြမှာပါပဲ။ ခုခေတ်မှာ Snap လှလှလေးလည်း ခေတ်စားတယ်မလား။ ဒီတော့ မင်္ဂလာပွဲနေ့မှာလည်း သတို့သား၊ သတို့သမီးလေးတို့ ပုံမှန်ရိုက်နေကျ မှတ်တမ်း ဓါတ်ပုံလေးတွေအပြင် Snap လေးလည်း ရှိသင့်တာပေါ့။ Snap လေးတွေဆိုတော့ ပြန်ကြည့်ရင်လည်း ရယ်စရာကောင်းနေမှာ ဖြစ်ပြီး အမှတ်တရ ပြောကုန်မှာတောင် မဟုတ်ပါဘူးနော်။


နှစ်ယောက်စလုံး ပြုံးနေတဲ့ပုံလေး
ကင်မရာတည့်တည့် ကြည့်ပြီး သေသေချာချာ ပြုံးပြနေတာမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ရယ်မောနေတာမျိုးက နှစ်ယောက်စလုံးရဲ့ ပျော်ရွှင်မှုတွေကို သက်ဝင် ကြည်နူးစေတဲ့ ပုံလေးပါပဲ။ ဒီလိုပုံလေးတွေ ရလာတဲ့အခါ “ကိုယ်တို့ ဘာတွေ ရယ်မောနေတာပါလိမ့်”လို့တောင် ပြန်စဉ်းစားမိကြမှာပါ။ နောက်ပိုင်း ဓါတ်ပုံတွေ ပြန်ကြည့်တဲ့အခါမှာလည်း မင်္ဂလာဆောင်တဲ့နေ့မှာ အရမ်းကို ပျော်ရွှင်ခဲ့ပါလားဆိုတာ အမှတ်ရနေစေမှာပါ။


နှစ်ဖက်မိဘ ဆွေမျိုးတွေနဲ့
သတို့သား၊ သတို့သမီးလေးတို့ နှစ်ဖက်မိဘတွေနဲ့ မင်္ဂလာပွဲနေ့ ဓါတ်ပုံရိုက်တဲ့အခါ အခမ်းအနားဆင်မြင့်ပေါ်မှာ မတ်တပ်ရပ်ရိုက်တဲ့ ပုံလေးတွေပဲ များနေတယ်မလား။ အဲဒီလိုပုံတွေအပြင် နှစ်ဖက်မိဘတွေနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်နေတဲ့ ပုံလေးတွေလည်း ရှိသင့်တာပေါ့။ ဒီလို Snap လေး မိဖို့ အရမ်းအရေးကြီးတယ်နော်။


ခန်းမအဝင်
ခန်းမ အဝင်ဆိုရင် တော်တော်များများက မျက်နှာရှေ့ပုံလေးတွေပဲ ရိုက်ဖြစ်ကြတာ များပါတယ်။ ဘေးစောင်း snap လေးတွေလည်း လှပါတယ်။ စုံတွဲလေးတို့ ခန်းမထဲ ဝင်ဖို့ ရင်ခုန်နေတဲ့ အလှဆုံး ပုံလေးတွေ ရရှိမှာပါနော်။


မှတ်တမ်းတင်မှုတွေနဲ့အတူ
မင်္ဂလာပွဲနေ့မှာ ပျော်ရွှင်စရာတွေကို မှတ်တမ်းတင်မှုတွေ အများကြီး ရှိနေမှာပါ။ ဒါကို Behind the Scene အနေနဲ့ Snap ပုံလေးတွေ ရိုက်လို့ ရပါမယ်။


အမှတ်တမဲ့ အခိုက်အတန့်လေး
သတို့သား၊ သတို့သမီးလေးတို့ရေ အမှတ်တမဲ့လေးတွေက အမှတ်တရ ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။ စုံတွဲလေးတို့ မင်္ဂလာအခမ်းအနားမှာ တစ်နေရာရာကို စိတ်ဝင်တစား ငေးနေတဲ့ ပုံလေးက အလှဆုံး Snap တစ်ပုံ ဖြစ်မှာပါနော်။


သတို့သမီးလေးရဲ့ အဆုံးမရှိ ပျော်ရွှင်မှု
တစ်သက်မှာ တစ်ခါ ကျင်းပတဲ့ မင်္ဂလာပွဲလေးမှာ သတို့သားရော သတို့သမီးလေးပါ အဆုံးအစမရှိ ပျော်ရွှင်နေမယ်ဆိုတာ သေချာပါတယ်။ သတို့သမီးလေးတို့ကတော့ ပိုပြီး ပျော်ရွှင်ရမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မင်္ဂလာပွဲဆိုတာ သတို့သမီးလေးစိတ်ကူးထဲကအတိုင်း စီစဉ်ထားတဲ့ ပွဲလေး တစ်ပွဲလေး ဖြစ်တဲ့အပြင် ပွဲတစ်ခုလုံးမှာ အလှဆုံးမိန်းကလေး ဖြစ်နေလို့ပါပဲ။ ဒီလိုမျိုး တသက်မှာတစ်ခါသာ ရရှိတဲ့ အပျော်တွေကို အမိအရ Snap လေး ရိုက်နိုင်ဖို့တော့ လိုပါတယ်။


Snap လှလှလေး ရဖို့ဆိုရင်
Snap လှလှလေး ရဖို့ဆိုရင် မင်္ဂလာပွဲနေ့မှာ ဓါတ်ပုံရိုက်ပေးမယ့်သူ နှစ်ဖွဲ့ ထားဖို့ လိုပါတယ်။ အကယ်လို့ နှစ်ဖွဲ့မထားဘူးဆိုရင်လည်း ဓါတ်ပုံဆရာကို Snap လေးတွေ ရရင်လည်း ယူမယ်လို့ ကြိုတင်ပြောထားပါ။ ဒီလိုဆိုရင်တော့ ပုံလှလှလေးတွေ အများကြီး ရရှိမှာပါနော်။


Credit : Marry

Read times
Rate this item
(0 votes)
Tagged under