မင်္ဂလာမဆောင်မီ ကြိုတင်ပြင်ဆင်စို့

မင်္ဂလာမဆောင်မီ ကြိုတင်ပြင်ဆင်စို့

ဝါမ၀င်ခင် မင်္ဂလာမောင်နှံတို့ ရွှေလက်တွဲဖို့ ကြိုတင်ပြင်ဆင်နေကြတဲ့ သူတွေအတွက်

အသုံးကျမည့် စာသားလေးတွေကို ဖော်ပြလိုက်ပါတယ်။


ကြိုတင်ပြင်ဆင်ခြင်း

ပထမဦးဆုံး ကိုယ့် မင်္ဂလာဆောင်မှာ ဘယ်လိုပုံစံနဲ့ ဘယ်လိုနေရာမှာ ဆောင်ချင်တာလဲဆိုတာ စဉ်းစားရမယ်။ ဟိုတယ်မှာ ဧည့်ခံပွဲလုပ်မှာလား၊ ဘုန်းကြီးကျောင်းမှာလား၊ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ဆောင်မှာလား၊ အနောက်တိုင်းစတိုင်ဆောင်မှာလား၊ စုလျားရစ်ပတ်ပုံစံဆောင်မှာလား စဉ်းစားသင့်ပါတယ်။ ညစာကျွေးမယ်ဆိုရင်လည်း ဟိုတယ်ရဲ့ အပြင်မှာလား၊ အတွင်းမှာလား အပေါ်မူတည်ပြီး လိုအပ်ချက်တွေကတော့ မတူနိုင်ပါဘူး။

 

စဉ်းစားသင့်တဲ့ အမျိုးအစားတွေကတော့ မင်္ဂလာနေရာ၊ မင်္ဂလာဝတ်စုံ၊ မိတ်ကပ်၊ မင်္ဂလာဖိတ်စာ၊ ဓာတ်ပုံရိုက်ကူးရေးတို့နှင့် အရင်ဆုံး ချိတ်ဆက်ထားရပါမယ်။

 

မင်္ဂလာပွဲနေ့အတွက် ဘိတ်သိက်ဆရာ၊ အရံ၊ ပန်းကြဲ၊ ဗန်းကိုင်အတွက်ဝတ်စုံ၊ ပန်း၊ ကားအလှဆင်၊ လက်ဝတ်လက်စား၊ တီးဝိုင်း၊ ဗီဒီယို၊ Pre-wedding ဓာတ်ပုံ၊ လက်ကမ်း အစရှိသည်တို့ကို အနည်းဆုံး ၃ လလောက်ကြိုတင်၍ ပြုလုပ်ထားသင့်ပါတယ်။

 

တချို့မင်္ဂလာအဆောင်များတဲ့နေရာတွေဆိုရင် လိုချင်တဲ့ရက်ကို နှစ်နဲ့ချီပြီး ကြိုတင်လုပ်ထားရတာတွေ ရှိပါတယ်။

 

Pre-wedding ဓာတ်ပုံဆိုလည်း ပြင်ပြီး board ထောင်တဲ့ ဓာတ်ပုံထွက်ဖို့အတွက် အချိန်တစ်လခွဲလောက် ကြာပါတယ်။



ပွဲနေ့မတိုင်ခင် မိတ်ကပ်ဆရာနဲ့ ညှိပြီး ကိုယ့်စိတ်ကြိုက်ပုံထွက်အောင် ကြိုပြီး ပြင်ကြည့်မှ တကယ့်နေ့မှာ လိုချင်တာက တခြား၊ ထွက်လာတာ တစ်မျိုး မဖြစ်အောင် ကြိုတင် ပြင်ဆင်ရပါတယ်။



ဝတ်စုံဆိုရင်တော့ ပွဲနေ့မတိုင်ခင် တစ်ပတ်မှာ Fitting ပြန်ချဖို့ လိုပါလိမ့်မယ်။ ဘယ်လောက် ကြိုတင်ချုပ်ထားချုပ်ထား ခန
ာကိုယ်က ဝလာတာတို့၊ ပိန်သွားတာတို့လည်း ရှိသေးတာကြောင့် ကြိုတင်ပြင်ဆင်သင့်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 16:44
Rate this item
(3 votes)