PREWEDDING အတွက်သင့်တော်တဲ့ ကလောမြို့နားက အလှဆုံးလမ်း ၅ လမ်း
PREWEDDING အတွက်သင့်တော်တဲ့ ကလောမြို့နားက အလှဆုံးလမ်း ၅ လမ်း google
၁- ရွာငံရေပြာအိုင်လမ်း
ဒီလမ်းလေးက ရွာငံရေပြာအိုင်သွားတဲ့ လမ်းမကြီးပါ ။ကလောရောက်ရင် ရေပြာအိုင်ကိုသွားကြပေမဲ့ ဒီလမ်းမကြီးကိုတော့ အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။
ဘေးကယူကလစ်ပင်အကြီးကြီးတွေက လမ်းကိုပိုလှစေတာတော့အမှန်ပါပဲ။ဒါကြောင့် PREWEDDING ရိုက်ကူးမယ်ဆိုလည်းလှပနေမှာပဲဖြစ်ပါတယ်။
၂- ဗျိုက်တောင်ရှေ့ကမီးရထားလမ်းလေး
လမ်းမကြီးပေါ်ကကြည့်ရင်ဒီလမ်းကိုမမြင်ရဘူး.. ဗျိုက်တောင်ရှေ့ကတောင်ကုန်းပေါ်ကိုတက်သွားမှတောင်ကြားမှာ
မီးရထားလမ်းလေးဆီရောက်ဖို့၅မိနစ်လောက်တက်ရင်ရောက်တယ်။
နေရိပ်ချိန်ဆို PRE WEDDING ရိုက်လို့အရမ်းလှမယ်.. ရထားလမ်းမို့ ရထားသံတော့နားစွင့်ပြီးရိုက်နော်။
၃- မှိုင်းလုံးတောင်ခြေလမ်း
ဒီလမ်းလေးကတော့ ကလောမြို့ထဲမှာပဲရှိတဲ့ လူသိပ်မသိတဲ့ HIDDEN GEM လေးပါ။
ဘယ်လိုသွားရမလဲဆိုတော့ KALAW PRINCESS HOTEL ဘေးလမ်းကနေတည့်တည့်သွား၊ မှိုင်းလုံးတောင်စာသင်တိုက်ဘက်ကိုကွေ့၊
အဲဒီကနေတောင်ပေါ်ကိုတက်၊ ပြီးရင်ဘယ်ဘက်မှာ ကျောက်လမ်းသေးသေးလေးတွေ့ရင်လမ်းလျှောက်တက်သွားရင် တောင်ပေါ်ကိုတက်တဲ့လှေကားလေးတွေကိုတွေ့ပါပြီ။
တကယ်ကိုအရမ်းလှတာပါ၊ ထင်းရှုးတောကြီးကနေ ကောင်းကင်ပေါ်ကိုတက်သွားရတဲ့ လှေကားထစ်တွေလိုပဲ။ အပေါ်မှာတော့ဘုရားလေးရှိပါတယ်။
၄- မြင်းမထိဂူသွားလမ်း
ဒီလမ်းကတော့ ကလောကနေ မြင်းမထိဂူသွားတဲ့လမ်းမှာ နာမည်ကြီး ဗျိုက်တောင်မရောက်ခင်နေရာလေးပါ။
လမ်းမကြီးကနေ ကျောက်တာင်ကြီးကိုမြင်နေရတာက အသွားအပြန် ဘယ်ဘက်ကရိုက်ရိုက်လှတယ်နော်။
ဆိုင်ကယ်တွေ ကားတွေရှင်းအောင်တော့ စိတ်ရှည်ရှည်စောင့်ပြီးရိုက်ရမှာပေါ့နော်။
၅- ကလောရှုခင်းလမ်း
ကလောကိုရောက်ရင် ရောင်စုံကွက်တွေနဲ့အမျိုးမျိုးရိုက်ကြတယ်။အခုလို၁၁ လပိုင်း ၁၂ လပိုင်းဆို
နှမ်းခင်းရောင်စုံတွေနဲ့ပိုလှနေမှာဖြစ်တာကြောင့် PREWEDDING သွားရောက်ရိုက်ကူးဖို့အကောင်းဆုံးပါပဲနော်။
CREDIT-TRAVEL KUEEN
Zawgyi ဖြင့်ဖတ်ရန်...
queen
နေရိပ်ချိန်ဆို Pre wedding ရိုက်လို့အရမ်းလှမယ်.. ရထားလမ်းမို့ ရထားသံတော့နားစွင့်ပြီးရိုက်နော်။
queen1
ဒီလမ်းလေးကတော့ ကလောမြို့ထဲမှာပဲရှိတဲ့ လူသိပ်မသိတဲ့ Hidden Gem လေးပါ။
ဘယ်လိုသွားရမလဲဆိုတော့ Kalaw princess Hotel ဘေးလမ်းကနေတည့်တည့်သွား၊ မှိုင်းလုံးတောင်စာသင်တိုက်ဘက်ကိုကွေ့၊
queen2
၎- မြင်းမထိဂူသွားလမ်း
queen3
၅- ကလောရှုခင်းလမ်း
နှမ်းခင်းရောင်စုံတွေနဲ့ပိုလှနေမှာဖြစ်တာကြောင့် Prewedding သွားရောက်ရိုက်ကူးဖို့အကောင်းဆုံးပါပဲနော်။
queen4
Credit-Travel Kueen
Myanmar Wedding Guide
jjjj
Read times Last modified on Wednesday, 26 February 2020 16:50
Rate this item
(0 votes)
Tagged under