တောင်ပေါ်ခေါင်ရည် ချိုမြမြကို သောက်ကြရင်း ချင်းပြည်နယ်ရဲ့ သဘာ၀ အလှတရားတွေနဲ့ Prewedding ရိုက်ကြရအောင်...
တောင်ပေါ်ခေါင်ရည် ချိုမြမြကို သောက်ကြရင်း ချင်းပြည်နယ်ရဲ့ သဘာ၀ အလှတရားတွေနဲ့ Prewedding ရိုက်ကြရအောင်... google
အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ရဲ့ပရိတ်သတ်တွေကို Tango Travel&Tour ရဲ့ပြည်တွင်းခရီးစဉ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်နော်။
ခရီးစဉ်လေးကတော့ ချင်းပြည်နယ် - နတ်မတောင် ( ခေါ်နူးစုမ် ) - စလေ ( ၄ည၅ရက် ) ခရီးလေးပဲဖြစ်ပါတယ်။ကုန်ကျစရိတ်အနေနဲ့ တစ်ဦးကို ၂၄၀၀၀၀ကျပ်ကျသင့်မှာပဲဖြစ်ပါတယ်။
သစ်ခွတွေ ချယ်ရီတွေ တောပန်းတောင်ပန်းလေးတွေ ပွင့်ဖူးနေတဲ့ လွမ်းမောဖွယ် စိမ်းညှို့နေတဲ့ ချင်းတောင်တန်းကြီးပေါ်မှာ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကူးကြမယ်။
ခင်မင်စရာကောင်းတဲ့ ရိုးသားဖော်ရွေတဲ့ ချင်းတိုင်းရင်းသားတို့ရဲ့ ပါးရဲထိုးချင်း ဓလေ့ ၊ တောင်ယာခုတ် ဓလေ့ နဲ့ တောလိုက် ချင်းမုဆိုးတို့ရဲ့ ဘဝတွေကို လေ့လာကြမယ်။
နှာခေါင်းနဲ့ပလွေ မှုတ်တဲ့ ချင်းအဖွား ဆီသွားလည်ရင်း ချင်းလူမျိုးတို့ရဲ့ ဘဝနေထိုင်မှုတွေ လေ့လာကြမယ်။
အာဆီယံဒေသရဲ့ အမြင့်ဆုံး မြေသားတောင် အာဆီယံအမွေအနှစ် နတ်မတောင် အမျိုးသားဥယျာဉ် အတွင်း ချင်းသစ်ခွတွေ တောင်ဇလပ်တွေ တောပန်းလေးတွေကိုလေ့လာ ဓါတ်ပုံ မှတ်တမ်းတင်ရင်း ငှက်သံလေးတွေ နားထောင်ကြမယ်။
ရိုးရာခေါင်ရည်ကို တစ်ပျော်တစ်ပါး သောက်ကြရင်း မီးပုံပွဲမှာ အတူတူ ပျော်ကြ ကကြမယ်။အရသာရှိလှတဲ့ ချင်းရိုးရာ အစားအစာတွေ မြည်းစမ်းကြမယ်။
အိမ်ပြန်လက်ဆောင် ချင်းရိုးရာ အဝတ်အထည် တွေ စိတ်ကြိုက် ဝယ်ယူကြမယ်။တိမ်တွေ လွင့်မျောနေတဲ့ ချင်းတောင်တန်းတစ်လျှောက် ငေးမောခံစားရင်း ဘဝရဲ့ အမှတ်တရ အချိန် အခိုက်အတန့်လေးတွေ ချန်ထားရစ်ကြမယ်။
ထင်းရူးတောထဲက သစ်လုံးဘန်ဂလိုအိမ်လေးထဲမှာ နွေးထွေးလုံခြုံစွာ ၂ ယောက်ကို တစ်ခန်းနှုန်း အနားယူ တည်းခိုမယ်။
အပြန်လမ်းမှာ စလေမြို့ရဲ့ စလေရုပ်စုံကျောင်း ၊ ဧရာဝတီမြစ်ကမ်းဘေးက ရခိုင်မုနိဘုရားကြီး ၊မာန်ဘုရား များကို သွားရောက်လေ့လာဖူးမျှော်မယ်။အိမ်ပြန်လက်ဆောင် စလေ ဇီးသီး ၊ ဇီးဖောျ်ရည်တွေ လက်ဆောင် ဝယ်ကြမယ်။
ရန်ကုန်ရုံး- 09 26140 3305,09 2595 85294,09 250 599 096
မန္တလေးရုံး-09-96952 1885,09-96952 1886,09-96952 1887
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide
jjjj
Read times Last modified on Friday, 07 February 2020 11:36
Rate this item
(0 votes)
Tagged under