သတို့သမီးလေးတွေအနေနဲ့မင်္ဂလာပွဲမတိုင်ခင် ကိုယ့်ကိုယ်ကိုယ်မမေ့မလျော့ ပြင်ဆင်ထားသင့်တဲ့အချက်များ...

သတို့သမီးလေးတွေအနေနဲ့မင်္ဂလာပွဲမတိုင်ခင် ကိုယ့်ကိုယ်ကိုယ်မမေ့မလျော့ ပြင်ဆင်ထားသင့်တဲ့အချက်များ... google

အားလုံးပဲမင်္ဂလာပါရှင်။သတို့သမီးလောင်းလေးတွေဟာမင်္ဂလာပွဲမတိုင်ခင်မင်္ဂလာဧည့်ခံပွဲကျင်းပဖို့ရက်သတ်မှတ်လိုက်ကတည်းက

ဧည့်သည်စာရင်း၊မင်္ဂလာအခမ်းအနားအပြင်အဆင်၊မင်္ဂလာဝတ်စုံစတာတွေကိုပြင်ဆင်ရသလို မင်္ဂလာပွဲစ၊လယ်၊ဆုံး အစီအစဉ်တွေကိုပါ အသေးစိပ်စီမံကြရပါတယ်။

အဲ့လိုအလုပ်တွေရှုပ်တတ်တဲ့ သတို့သမီးလေးတွေဟာ သူမတို့ကိုယ်သူမ အရေးတကြီးဂရုစိုက်သင့်တဲ့အရာလေးတွေကိုမေ့တတ်ကြပါတယ်။

ဒါ့ကြောင့်ဒီနေ့မှာတော့ Myanmar Wedding Guide ရဲ့ သတို့သမီးလေးတွေကို မင်္ဂလာပွဲမတိုင်ခင် ကိုယ့်ကိုယ်ကိုယ်မမေ့မလျော့ ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေကိုဖော်ပြပေးချင်ပါတယ်။

1.CTM

Cleansing,Toning နဲ့ Moisturizing တွေကိုမပျက်မကွက်ပုံမှန်ပြုလုပ်ပေးခြင်းကလည်း အသားအရေကိုနုပျိုစေပြီး Glow စေမှာပါ။

ပင်ကိုယ်အသားအရေကောင်းမှမိတ်ကပ်လိမ်းလည်းအဆင်ပြေတာဖြစ်လို့ အသားအရေလေးတွေကိုဂရုစိုက်ပေးပါနော်။

2.Exfoliation

Exfoliation ပြုလုပ်ခြင်းက ဆဲလ်သေတွေနဲ့ဆားဝက်ခြံတွေကိုလျော့ပါးသက်သာစေတာဖြစ်လို့ တစ်ပတ်မှာ နှစ်ကြိမ်လောက်တော့ပုံမှန်ပြုလုပ်ပေးပါနော်။

မင်္ဂလာပွဲနီးမှ ဝက်ခြံဖုတွေထွက်တာကိုကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။

3.Facial & Hair Spa

မင်္ဂလာပွဲမတိုင်ခင် အနည်းဆုံးခြောက်လလောက်ကတည်းက လစဉ် Facial ပိုင်းကိုဂရုစိုက်ပေးသင့်ပါတယ်။

မင်္ဂလာပွဲနီးလေ အရင်ကကိုယ်မသုံးဖူးတဲ့ Cosmetics တွေကို စမ်းသုံးကြည့်တာမျိုးတွေမလုပ်ပါနဲ့နော်။

ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုရရှိပိုင်ဆိုင်နိုင်ဖို့ကတော့ တစ်လတစ်ခါလောက်Treatment လေးတွေပုံမှန်ပြုလုပ်ပေးပါ။

Spa သွားဖို့အခက်အခဲရှိနေရင်တောင် အိမ်တွင်းကုထုံးလေးတွေနဲ့ဆံကေသာကို Treatment လုပ်ပေးပါနော်။

4.ခြေချောင်းလက်ချောင်လေးတွေကိုမမေ့ပါနဲ့။

မင်္ဂလာဝတ်စုံ ဝတ်ဆင်တော့မယ့် သတို့သမီးလေးတစ်ယောက်အနေနဲ့ ခြေမွှေးလက်မွှေးလေးတွေကိုတော့ Waxing လုပ်ထားပေးပါ။

မျက်ခုံးမွှေးလေးတွေပါပုံသေချာလေးသွင်းပေးထားဖို့မမေ့ပါနဲ့နော်။

5.Gym

သတို့သမီးဝတ်စုံလေးတွေဝတ်ဆင်တဲ့အခါမှာ လှပကြော့ရှင်းနေစေဖို့ ကိုယ်ခန္ဓာအလေးချိန်ကိုထိန်းသိမ်းတဲ့အပိုင်းကိုလည်းမေ့မထားစေချင်ပါဘူး။

ဒါ့ကြောင့်မင်္ဂလာပွဲမတိုင်ခင် 4လမတိုင်ခင်လောက်ကတည်းက Gym ဆော့ထားသင့်ပါတယ်။

6.တရားထိုင်ပါ။

စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့အကောင်းဆုံးနည်းလမ်းက တစ်နေ့ကို ၁၅မိနစ်လောက်တရားထိုင်ပေးခြင်းပဲဖြစ်ပါတယ်။

အကောင်းမြင်တဲ့အတွေးတွေနဲ့ဖြတ်သန်းလာခဲ့တဲ့ကာလတလျှောက်ရရှိခဲ့ဖူးတဲ့ ပျော်ရွှင်မှုတွေအကြောင်း များများတွေးပေးပါ။

မင်္ဂလာပွဲလေးကို စိတ်ကြည်ကြည်လင်လင်လေးနဲ့ဖြတ်သန်းနိုင်ဖို့ တရားထိုင်ပါနော်။

7.အိပ်ရေးဝဝအိပ်စက်ပါ။

အိပ်ရေးပျက်တာများရင် မျက်ကွင်းညိုတတ်တာ အားလုံးသိပြီးတဲ့အမှန်တရားဖြစ်လို့တစ်နေ့မှာအိပ်ချိန်၈နာရီကနေ၁၀နာရီလောက်အထိရရှိဖို့ကလည်း သတို့သမီးလောင်းလေးတွေဂရုစိုက်ပေးသင့်တဲ့အချက်တစ်ချက်ပါပဲနော်။

8.အစားအသောက်ဆင်ခြင်ပါ။

အာလူးကြော်၊ချောကလက်၊ရေခဲမုန့်နဲ့ အချိုဓာတ်ကဲတဲ့အစားအသောက်တွေကိုတတ်နိုင်သလောက်ရှောင်ပေးပါ။အဲ့ဒါတွေအစား လတ်ဆတ်တဲ့ အသီးအနှံတွေကိုများများစားသုံးပေးပြီးရေများများသောက်ပေးပါ။

Reference: stylecraze.com

Restaurants ပေါင်း(၁၄၀၅)ဆိုင်ကို သိရှိလိုပါက နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္

အားလုံးပဲမဂၤလာပါရွင္။သတို႔သမီးေလာင္းေလးေတြဟာမဂၤလာပြဲမတိုင္ခင္မဂၤလာဧည့္ခံပြဲက်င္းပဖို႔ရက္သတ္မွတ္လိုက္ကတည္းက

ဧည့္သည္စာရင္း၊မဂၤလာအခမ္းအနားအျပင္အဆင္၊မဂၤလာဝတ္စုံစတာေတြကိုျပင္ဆင္ရသလို မဂၤလာပြဲစ၊လယ္၊ဆုံး အစီအစဥ္ေတြကိုပါ အေသးစိပ္စီမံၾကရပါတယ္။

အဲ့လိုအလုပ္ေတြရႈပ္တတ္တဲ့ သတို႔သမီးေလးေတြဟာ သူမတို႔ကိုယ္သူမ အေရးတႀကီးဂ႐ုစိုက္သင့္တဲ့အရာေလးေတြကိုေမ့တတ္ၾကပါတယ္။

ဒါ့ေၾကာင့္ဒီေန႔မွာေတာ့ Myanmar Wedding Guide ရဲ႕ သတို႔သမီးေလးေတြကို မဂၤလာပြဲမတိုင္ခင္ ကိုယ့္ကိုယ္ကိုယ္မေမ့မေလ်ာ့ ျပင္ဆင္ထားသင့္တဲ့အခ်က္ေလးေတြကိုေဖာ္ျပေပးခ်င္ပါတယ္။

1.CTM

Cleansing,Toning နဲ႔ Moisturizing ေတြကိုမပ်က္မကြက္ပုံမွန္ျပဳလုပ္ေပးျခင္းကလည္း အသားအေရကိုႏုပ်ိဳေစၿပီး Glow ေစမွာပါ။

ပင္ကိုယ္အသားအေရေကာင္းမွမိတ္ကပ္လိမ္းလည္းအဆင္ေျပတာျဖစ္လို႔ အသားအေရေလးေတြကိုဂ႐ုစိုက္ေပးပါေနာ္။

2.Exfoliation

Exfoliation ျပဳလုပ္ျခင္းက ဆဲလ္ေသေတြနဲ႔ဆားဝက္ၿခံေတြကိုေလ်ာ့ပါးသက္သာေစတာျဖစ္လို႔ တစ္ပတ္မွာ ႏွစ္ႀကိမ္ေလာက္ေတာ့ပုံမွန္ျပဳလုပ္ေပးပါေနာ္။

မဂၤလာပြဲနီးမွ ဝက္ၿခံဖုေတြထြက္တာကိုကာကြယ္ၿပီးသားလည္းျဖစ္ပါတယ္။

3.Facial & Hair Spa

မဂၤလာပြဲမတိုင္ခင္ အနည္းဆုံးေျခာက္လေလာက္ကတည္းက လစဥ္ Facial ပိုင္းကိုဂ႐ုစိုက္ေပးသင့္ပါတယ္။

မဂၤလာပြဲနီးေလ အရင္ကကိုယ္မသုံးဖူးတဲ့ Cosmetics ေတြကို စမ္းသုံးၾကည့္တာမ်ိဳးေတြမလုပ္ပါနဲ႔ေနာ္။

က်န္းမာသန္စြမ္းတဲ့ဆံေကသာကိုရရွိပိုင္ဆိုင္ႏိုင္ဖို႔ကေတာ့ တစ္လတစ္ခါေလာက္Treatment ေလးေတြပုံမွန္ျပဳလုပ္ေပးပါ။

Spa သြားဖို႔အခက္အခဲရွိေနရင္ေတာင္ အိမ္တြင္းကုထုံးေလးေတြနဲ႔ဆံေကသာကို Treatment လုပ္ေပးပါေနာ္။

4.ေျခေခ်ာင္းလက္ေခ်ာင္ေလးေတြကိုမေမ့ပါနဲ႔။

မဂၤလာဝတ္စုံ ဝတ္ဆင္ေတာ့မယ့္ သတို႔သမီးေလးတစ္ေယာက္အေနနဲ႔ ေျခေမႊးလက္ေမႊးေလးေတြကိုေတာ့ Waxing လုပ္ထားေပးပါ။

မ်က္ခုံးေမႊးေလးေတြပါပုံေသခ်ာေလးသြင္းေပးထားဖို႔မေမ့ပါနဲ႔ေနာ္။

5.Gym

သတို႔သမီးဝတ္စုံေလးေတြဝတ္ဆင္တဲ့အခါမွာ လွပေၾကာ့ရွင္းေနေစဖို႔ ကိုယ္ခႏၶာအေလးခ်ိန္ကိုထိန္းသိမ္းတဲ့အပိုင္းကိုလည္းေမ့မထားေစခ်င္ပါဘူး။

ဒါ့ေၾကာင့္မဂၤလာပြဲမတိုင္ခင္ 4လမတိုင္ခင္ေလာက္ကတည္းက Gym ေဆာ့ထားသင့္ပါတယ္။

6.တရားထိုင္ပါ။

စိတ္ဖိစီးမႈေတြကိုေလွ်ာ့ခ်ဖို႔အေကာင္းဆုံးနည္းလမ္းက တစ္ေန႔ကို ၁၅မိနစ္ေလာက္တရားထိုင္ေပးျခင္းပဲျဖစ္ပါတယ္။

အေကာင္းျမင္တဲ့အေတြးေတြနဲ႔ျဖတ္သန္းလာခဲ့တဲ့ကာလတေလွ်ာက္ရရွိခဲ့ဖူးတဲ့ ေပ်ာ္႐ႊင္မႈေတြအေၾကာင္း မ်ားမ်ားေတြးေပးပါ။

မဂၤလာပြဲေလးကို စိတ္ၾကည္ၾကည္လင္လင္ေလးနဲ႔ျဖတ္သန္းႏိုင္ဖို႔ တရားထိုင္ပါေနာ္။

7.အိပ္ေရးဝဝအိပ္စက္ပါ။

အိပ္ေရးပ်က္တာမ်ားရင္ မ်က္ကြင္းညိဳတတ္တာ အားလုံးသိၿပီးတဲ့အမွန္တရားျဖစ္လို႔တစ္ေန႔မွာအိပ္ခ်ိန္၈နာရီကေန၁၀နာရီေလာက္အထိရရွိဖို႔ကလည္း သတို႔သမီးေလာင္းေလးေတြဂ႐ုစိုက္ေပးသင့္တဲ့အခ်က္တစ္ခ်က္ပါပဲေနာ္။

8.အစားအေသာက္ဆင္ျခင္ပါ။

အာလူးေၾကာ္၊ေခ်ာကလက္၊ေရခဲမုန႔္နဲ႔ အခ်ိဳဓာတ္ကဲတဲ့အစားအေသာက္ေတြကိုတတ္ႏိုင္သေလာက္ေရွာင္ေပးပါ။အဲ့ဒါေတြအစား လတ္ဆတ္တဲ့ အသီးအႏွံေတြကိုမ်ားမ်ားစားသုံးေပးၿပီးေရမ်ားမ်ားေသာက္ေပးပါ။

Reference: stylecraze.com

Restaurants ေပါင္း(၁၄၀၅)ဆိုင္ကို သိရွိလိုပါက ႏွိပ္ပါ။

 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Wednesday, 05 February 2020 11:10
Rate this item
(0 votes)
Tagged under