ဒုတိယအကြိမ် မြစ်ကြီးနားကျောက်မျက်ပြပွဲကို မေလသို့ ပြောင်းရွှေ့စီစဉ်

ဒုတိယအကြိမ် မြစ်ကြီးနားကျောက်မျက်ပြပွဲကို မေလသို့ ပြောင်းရွှေ့စီစဉ် google.com

ကျပ်ငွေဖြင့် ပြသရောင်းချမည့် ဒုတိယအကြိမ် မြစ်ကြီးနားကျောက်မျက်ပြပွဲကို ဧပြီအတွင်း ကျင်းပရန်စီစဉ်ထားရာမှ

မေလသို့ ပြောင်းရွှေ့စီစဉ်ခဲ့ သည်ဟု မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းထွန်းက ပြောသည်။

 

‘‘မြစ်ကြီးနားမှာ ပထမတုန်းကတော့ ဒီလထဲမှာ လုပ်ဖို့ အစီအစဉ်။ ဒါပေမဲ့ အဲဒါကို ပြောင်း သွားပြီးတော့ ငါးလပိုင်းထဲမှာ လုပ်မယ်ဆိုပြီးတော့ပြောင်းသွားတယ်။ ငါးလပိုင်းထဲမှာတော့ လုပ်မယ်။ ရက်အတိအကျကိုတော့ နောက်မှ ပြန်ကြေညာပေးမယ်’’ ဟု ဦးသောင်းထွန်းက ဆိုသည်။

 

ယင်းသို့ ပြောင်းရွှေ့စီစဉ်ရ သည့်အကြောင်းရင်းကို ၎င်းက ထည့်သွင်းပြောကြားခြင်းမရှိပေ။

 

ပထမအကြိမ်ထက် ယခု ဒုတိယအကြိမ် ပြပွဲတွင် ပိုမိုရောင်းချနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ပြောသည်။

 

ကချင်ပြည်နယ် ကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)က ဦးစီးကျင်းပသော ပထမအကြိမ် ကျောက်မျက်ရတနာ အရောင်းပြပွဲကို ၂၀၁၈ မတ်လ ၂၆ ရက်က စ၍ ငါးရက်ကြာ ကျင်းပခဲ့သည်။

 

ထိုပြပွဲတွင် ကျောက်မျက် ရတနာပြခန်း ၂,၀၀၀ ကျော် ခင်း ကျင်းပြသပြီး ပြည်နယ် အစိုးရ ခွင့်ပြုချက်အရ C နှင့် D အဆင့်ရှိ ကျောက်စိမ်းအရိုင်းတုံးများအပါအဝင် လက်ဝတ်ရတနာအချောထည်များ၊ ပယင်းများ ပြသရောင်းချခဲ့သည်။

 

အဆိုပါပြပွဲတွင် ရောင်းချခဲ့ရသည့် ကျောက်စိမ်းအရိုင်းထည် များကို ပြည်ပသို့ သယ်ယူခွင့်ပေးမထားဘဲ လက်ဝတ်ရတနာ အချောထည်များသာ ပြည်ပသယ်ဆောင်ခွင့်ပြုခဲ့သည်။

 

ထို့အပြင် ကျောက်မျက်ရောင်းရငွေ၏ ၂ ရာခိုင်နှုန်းကို ပြပွဲကျင်းပရေးကော်မတီက အခွန်ကောက်ခံခဲ့သည်။

 

Source : 7daily

Myanmar Wedding Guide

 

Read times Last modified on Tuesday, 23 April 2019 16:35
Rate this item
(1 Vote)