မင်္ဂလာပွဲအတွက် ဧည့်သည်စာရင်းကို ဘယ်လိုဖန်တီးကြမလဲ ?

မင်္ဂလာပွဲအတွက် ဧည့်သည်စာရင်းကို ဘယ်လိုဖန်တီးကြမလဲ ? google.com

မင်္ဂလာဧည့်ခံပွဲဆိုတာ မိသားစုတွေ သူငယ်ချင်းတွေနဲ့ စုစုစည်းစည်းပြန်လည်တွေ့ ဆုံကြတဲ့ ပွဲတစ်ခုပါပဲ။

 

သို့ ပေမယ့် သင့်ရဲ့ မင်္ဂလာပွဲကိုဘယ်လိုလူတွေဖိတ်မယ်ဆိုတာ ဆုံးဖြတ်ရမယ့်အချိန်ရောက်ရှိလာပါပြီ။

 

ဧည့်သည်စာရင်း ပြုလုပ်ရန်အတွက် ပထမဦးဆုံး သင့်မင်္ဂလာပွဲကို ဧည့်သည်ဘယ်နှစ်ယောက် ဖိတ်ကြားနိုင်မလဲဆိုတာ အရေးကြီးပါတယ်။

 

ယခုပြောပြမယ့်အချက်အလက်များကိုလေ့လာပြီး စိတ်ရှည်ရှည်နဲ့ သေသေချာချာစဉ်းစားပြီး စာရင်းပြုစုလိုက်မယ်ဆိုရင် သင့်မင်္ဂလာပွဲကို ဖိတ်ကြားမယ့် ဧည့်သည်စာရင်းတစ်ခုရရှိလာမှာပါ။

 

အရင်ဆုံး မင်္ဂလာပွဲပြုလုပ်မယ့်ခန်းမအကျယ်အ၀န်းကို သိဖို့ လိုပါမယ်။ ဒါမှ သင်ဖိတ်မယ့်ဧည့်သည်အရေအတွက်ကို ခန့် မှန်းလို့ ရမှာဖြစ်ပါတယ်။

 

အချို့ သူတွေကတော့ မိသားစုဝင်များနဲ့ အရင်းနှီးဆုံးမိတ်ဆွေ၊ သူငယ်ချင်းများလောက်သာ ဖိတ်ကြားကြပါတယ်။

 

အကျဉ်းချုံးပြုလုပ်တဲ့မင်္ဂလာပွဲကတော့ ဧည့်သည်အရေအတွက်အယောက် ၅၀ ကနေ ၇၅ ကြားလောက်သာဖိတ်ကြားသင့်ပြီး အလယ်အလတ်မင်္ဂလာပွဲလောက်မှာ အယောက် ၁၅၀ ခန့်ဖိတ်ကြားလေ့ရှိကြပါတယ်။ ဒီထက် ခမ်းခမ်းနားနား ကျင်းပချင်တယ်ဆိုရင်တော့ ဧည့်သည်အယောက် ၂၀၀ နဲ့ အထက်ဖိတ်ကြားလေ့ရှိကြပါတယ်။

 

သင့်မင်္ဂလာပွဲအတွက် ဘယ်လောက်ကုန်ကျခံနိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီး ဧည့်သည်ဘယ်နှစ်ယောက်ဖိတ်ကြားမလဲဆိုတာ အလွယ်ကူဆုံးတွက်ချက်လို့ ရမှာပါ။ ဖိတ်ကြားမယ့်ဧည့်သည်အရေအတွက် များလေလေ မင်္ဂလာပွဲအတွက် ကုန်ကျမယ့်စရိတ်များလေလေပါပဲ။

 

 

စုစုပေါင်းကုန်ကျစရိတ်ကို သတို့သား၊ သတို့သမီး နှစ်ယောက်မျှပြီးအကုန်ကျခံမလား မိဘများက အကုန်ကျခံမလားဆိုတာလည်း ညှိနှိုင်းတိုင်ပင်ဖို့ လိုပါမယ်။

 

ဧည့်ခံပွဲအကျွေးအမွေး တာဝန်ခံကနေတစ်ဆင့် မင်္ဂလာပွဲအတွက် အကျွေးအမွေးစရိတ် ဘယ်လောက်ကျသင့်မလဲဆိုတာ သိရှိနိုင်ပါတယ်။

 

ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာဆောင်မယ့် စုံတွဲတွေအတွက်တော့ ဧည့်သည်တစ်ဦးကို ၂၄၀၀၀ ကျပ်ခန့် ကျသင့်မှာဖြစ်ပြီး၊ ထရိတ်ဒါး(ခေါ်)ဆူးလေရှန်ဂရီလာဟိုတယ်မှာ မင်္ဂလာဆောင်မယ်ဆိုရင်တော့ ဧည့်သည်ဦးရေ ၅၀၀ ခန့် ဖိတ်ကြားမယ်ဆိုပါက တစ်ဦးကို ၂၅၀၀၀ ကျပ်ခန့် ၊ ဧည့်သည်ဦးရေ ၄၀၀ ခန့် ဖိတ်ကြားမယ်ဆိုပါက တစ်ဦးကို ၂၆၀၀၀ ကျပ်ခန့် ၊ ဧည့်သည်ဦးရေ ၃၀၀ ခန့် ဖိတ်ကြားမယ်ဆိုပါက တစ်ဦးကို ၂၇၀၀၀ ကျပ်ခန့် ကျသင့်မှာပဲဖြစ်ပါတယ်။

 

မဟာစည်သာသနာ့ရိပ်သာမှာ မင်္ဂလာပွဲပြုလုပ်ကျင်းပမယ်ဆိုရင်တော့ ခန်းမကြေး ၂ သိန်းပေးသွင်းရမှာဖြစ်ပြီး ဧည့်သည်အကျွေးအမွေးကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြုလုပ်လို့ ရတယ်လို့ သိရပါတယ်။ ဧည့်သည်အကျွေးအမွေးကို စီစဉ်ခိုင်းမယ်ဆိုရင်တော့ တစ်ဦးကို ၂၅၀၀ ကျပ်နှုန်းဖြင့် ထောပတ်ထမင်း၊ သီးစုံထမင်း အစရှိသည်တို့ကို တည်ခင်းဧည့်ခံပေးမှာဖြစ်တယ်လို့ သိရပါတယ်။

 

(၂၀၁၈ ဖေဖော်ဝါရီလတွင် မေးမြန်းထားသည့် ကျသင့်ငွေများ ဖြစ်ပါသည်)

 

ဆီဒိုးနားတို့ ထရိတ်ဒါးတို့ လို ဟိုတယ်ကြီးတွေမှာ မင်္ဂလာပွဲပြုလုပ်သည်ဖြစ်စေ၊ အင်းလျားကန်ဖျား ကျောင်းတိုက်တို့ မဟာစည်သာသနာ့ရိပ်သာတို့လို ဘုန်းကြီးကျောင်းတွေမှာ မင်္ဂလာပွဲပြုလုပ်သည်ဖြစ်စေ ကိုယ်ပြုလုပ်မယ့်ခန်းမရဲ့အကျယ်အ၀န်းနဲ့ ဆန့်တဲ့လူအရေအတွက်ကို သိဖို့ အရေးကြီးပါတယ်။

 

ဧည့်သည်ဦးရေကို ခန်းမမှာ ၀င်ဆန့်တဲ့ လူအရေအတွက်ထက် ပိုပြီးမဖိတ်ကြားသင့်ပါဘူး။

 

သင်သာမက သင့်လက်တွဲဖော်ကပါ မိသားစုဝင်များနဲ့ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေများကို ဖိတ်ကြားချင်ကြမှာပါ။

 

နှစ်ဖက်မိဘများအနေဖြင့်လည်း ဖိတ်ကြားချင်တဲ့ အရေးကြီးမိတ်ဆွေ ပုဂ္ဂိုလ်များရှိမှာပါ။ သတို့သား၊ သတို့သမီးနဲ့ နှစ်ဖက်သောမိဘများအတွက် ၄ ပိုင်းခွဲပြီး ဖိတ်ကြားကြတာမျိုးရှိသလို ဧည့်ခံပွဲ လူအရေအတွက်ရဲ့ ထက်ဝက်ကို သတို့သားဘက်မှဖိတ်ကြားပြီး ကျန်တစ်ဝက်ကို သတို့သမီးဘက်မှ ဖိတ်ကြားကြတာမျိုးလည်းရှိပါတယ်။

 

အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ဘယ်လိုဖိတ်ကြားမလဲဆိုတာ ဆုံးဖြတ်သင့်ပါတယ်။

 

နောက်ပြီး ဧည့်သည်ဖိတ်ကြားတဲ့အခါမှာ ဖိတ်စာတစ်စောင်ကို လူအပို တစ်ယောက်အမြဲတမ်း ထည့်တွက်ဖို့ လိုပါတယ်။ သင့်ရဲ့မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေထဲမှာ အိမ်ထောင်သည် (သို့ မဟုတ်) ချစ်သူစုံတွဲတွေရှိနေခဲ့ပါက သူတို့ရဲ့လက်တွဲဖော်ကိုပါ ဖိတ်ကြားရမှာဖြစ်တဲ့အတွက် အဆိုပါအချက်ကိုပါ ဂရုပြုမိဖို့ လိုပါတယ်။

 

အလွှာပေါင်းစုံ၊ အတန်းအစားပေါင်းစုံက ဧည့်သည်များဟာ သင့်ရဲ့မင်္ဂလာပွဲကို တက်ရောက်မှာ ဖြစ်တဲ့အတွက် ဧည့်သည်ဖိတ်ကြားတဲ့နေရာမှာ အုပ်စု (၄) စုဖွဲ့ ပြီးဖိတ်ကြားသင့်ပါတယ်။

 

အဆိုပါအုပ်စု (၄) စုကိုလည်း အရေးအကြီးဆုံး အုပ်စုကအဆင့် ကြီးစဉ်ငယ်လိုက် နံပါတ်တပ်ချရေးထားဖို့ လိုပါမယ်။ အဆိုပါ အုပ်စု (၄) စုကတော့ -

 

 

(၁) သင့်အတွက်VIP များ

 

(၂) ဆွေမျိုးရင်းချာများ၊ ၀မ်းကွဲ (သို့ မဟုတ်) အဝေးရောက်နေတဲ့ ဆွေမျိုးများ

 

(၃) အရင်းနှီးဆုံးမိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများ

 

(၄) လုပ်ဖော်ကိုင်ဖက်များ တို့ ပဲဖြစ်ပါတယ်။

 

သင့်မိဘများနဲ့ သင့်လက်တွဲဖော်ရဲ့ မိဘများမှာလည်း သူတို့ ဖိတ်ချင်တဲ့ ဧည့်သည်များရှိမှာပါ။

 

အဲဒီအတွက် သင်နဲ့ သင့်လက်တွဲဖော်တို့က သင်တို့ ပြုလုပ်မယ့်မင်္ဂလာဧည့်ခံပွဲရဲ့ ပုံစံ၊ ခန်းမ အကျယ်အ၀န်း၊ ၀င်ဆံ့မယ့်လူဦးရေ၊ မိဘများမှ ဖိတ်ကြားနိုင်မယ့် ဧည့်သည်အရေအတွက်တို့ ကို နှစ်ဖက်မိဘများထံ အသိပေးပြောကြားထားဖို့ လိုအပ်ကြောင်း စုစည်းတင်ပြလိုက်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:42
Rate this item
(3 votes)